ရွှေဘိုတွင် ဘာသာရေး သွေးထိုးမှုပါသော ဝါဒဖြန့်စာများကို လေယာဉ်ဖြင့် ကြဲ

ရွှေဘိုတွင် ဘာသာရေး သွေးထိုးမှုပါသော ဝါဒဖြန့်စာများကို လေယာဉ်ဖြင့် ကြဲ

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်အတွင်း အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ ရဟတ်ယာဉ်တစ်စီးသည် ဘာသာရေး သွေးထိုးမှုများပါသော ဝါဒဖြန့်စာရွက်များကို  ကြဲချသွားသည်ဟု ဒေသခံများက ပြောသည်။

ဝါဒဖြန့် သုံးခေါက်ချိုးစာရွက်ထဲတွင် OIC က ရဟန်းသံဃာများကိုသတ်ဖြတ်ရန် နောက်ကွယ်က ထောက်ပံ့ နေကြောင်း KIA သည်လည်း ကချင်ပြည်နယ်တွင် ရပ်တည်၍ မရသည့်အတွက် စစ်ကိုင်းတိုင်းထဲဝင်ရောက်ကာ PDF များအား လက်နက်ထောက်ပံ့ပြီး ဗုဒ္ဓဘာအချင်းချင်း ပြန်တိုက်ခိုက်နေသည်ဟု ရေးသားဖော်ပြထားသည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့၊ မွန်းလွဲပိုင်း ၁ နာရီခွဲအချိန်ခန့်တွင် ဒီပဲယင်းအနောက်ဘက်ခြမ်းမှ ပျံသန်းလာသည့် ရဟတ်ယာဉ်တစ်စီးသည်  ၎င်းပျံသန်းသည့် လမ်းကြောင်းအတိုင်း ဒီပဲယင်း၊ ရေဦး၊ တန့်ဆည်ဘက်တွင် ကြဲချသွားခြင်းဖြစ်သည်ဟု ရေဦးမြို့ခံ တစ်ဦး က ပြောသည်။

”သေသေချာချာ လာကြဲတဲ့ ပုံစံမျိုးတော့ မဟုတ်ဘူး။ ပျံသွားရင် ဒီလိုပဲ ကြဲသွားတာ အများကြီးကျလာတာမျိုး လည်း မဟုတ်ဘူး“ ဟု ရေဦးမြို့ခံတစ်ဦး က ပြောသည်။

ထို့အပြင် ယနေ့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက အကြမ်းဖက်မှုကို NLD က ဦးဆောင်နေပြီး နေသည်ဟု ဝါဒ ဖြန့်စာထဲတွင် ရေးသားထားသည်။

အကြမ်းဖက်မှုများကို NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်ဟောင်းများ ဦးဆောင်နေသည်ဟု ရေးသားထားပြီး နာမည်များပါ ထည့်သွင်းဖော်ပြထားသည်။

ယခုကဲ့သို့ ဘာသာရေးမှိုင်းတိုက်ကာ လူမျိုးရေးရန်တိုက်ပေးသည့် ဝါဒဖြန့်စာရွက်များကို ချင်းတွင်းမြစ် အနောက်ဘက်ခြမ်း ကနီနယ်ဘက်တွင် ကြဲဖူးသည်ဟု ရေဦးမြို့ခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည်အပတ်က ဒီပဲယင်းအနောက်ခြမ်းတွင် ရွာသားများကို သတ်ဖြတ်ခဲ့သည့်အပြင် ပြည်သူပိုင် နေအိမ်များ ကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက မွေနှောက်ဖျက်ဆီးခဲ့သည်။

ထိုစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယခု ရေဦးနယ်ထဲဝင်လာခြင်း ဖြစ်သည်။

ယင်းတပ်များသည် ဒီဇင်ဘာလ ၁၄ ရက်နေ့က လျှော်ဖြူကျေးရွာတွင် ညအိပ်ခဲ့ပြီး ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက်  ပိုင်းတွင် တင်းတိမ်ရံကျေးရွာဘက်ကို ရောက်ရှိနေကာ လက်နက်ကြီးများဖြင့် အနီးပတ်ဝန်ကျင်းရှိ ရွာအချို့ကို ခြောက်လှန့်ပစ်ခတ်နေသည်ဟု ရွာသားများက ပြောသည်။

Most read this week

October 31, 2024
ကရင်နီပြည်တွင် ကယန်းအမျိုးသား တပ်မတော် (KNA) ကို ဖွဲ့စည်းထူထောင်လိုက်သည်။ ကယန်းအမျိုးသား...
October 30, 2024
စစ်အာဏာသိမ်း ကာလအတွ်း ထောင်တွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကြောင့် နိုင်ငံရေးအကျဉ်းသား...
October 28, 2024
မိုးကုတ်မြို့ရှိ တစ်ပိုင်တစ်နိုင် ကျောက်မျက်တွင်းများကို တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး...
October 28, 2024
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ နန်းတောင်းနှင့် သစ်ပင်ကောက်ကျေးရွာကို ပြီးခဲ့သည့်...