ရခိုင်ပြည်တွင် နွားမေထုန်မဲ့ သားစပ်လုပ်ငန်းကို စမ်းသပ်အကောင်အထည်ဖော်မည်

ရခိုင်ပြည်တွင် နွားမေထုန်မဲ့ သားစပ်လုပ်ငန်းကို စမ်းသပ်အကောင်အထည်ဖော်မည်

ရခိုင်ပြည်နယ်တွင် နွားမွေးမြူရေး ဖွံ့ဖြိုးတိုးတက်လာစေရန် နွားမေထုန်မဲ့ သားစပ်လုပ် ငန်းတစ်ခုကို ဒီဇင်ဘာ မကုန်မီ စစ်တွေခရိုင် ပုဏ္ဏားကျွှန်းမြို့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက် မည်ဖြစ်ကြောင်း ပြည်နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနထံမှ သိရသည်။

နွားမွေးမြူရေးတွင် မျိုးကောင်းမျိုးသန့် နွားအရေအတွက်မှာ ရှားပါးလာသဖြင့် မွေးမြူရေး လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာစေရန် ရည်ရွယ်ပြီး နွားမေထုန်မဲ့ သားစပ်လုပ်ငန်းကို စမ်းသပ်လုပ်ကိုင်ခြင်း ဖြစ်ကြောင်း မွေး/ကု ဌာနမှ ဦးစီးအရာရှိ ဒေါက်တာ ကျော်ဖြိုးဆန်းက ပြောသည်။

“ရခိုင်မှာ နွားမျိုးကောင်းမျိုးသန့်တွေ ရှားလာတယ်။နွားတွေဆိုရင် တဖြည်းဖြည်း အကောင် သေးလာတယ်။နွားမွေးမြူရေး ဖွံ့ဖြိုးအတွက် မေထုန်မဲ့ သားစပ်လုပ်ငန်းကို ဆောင်ရွက်ရတာ ဖြစ်တယ်။မေထုန်မဲ့ လုပ်ငန်းက အထီးမလိုပဲ အထီးဆီက မျိုးရည် ထုတ်ယူပြီးတော့ မျိုးရည်ခဲချောင်းဖြစ်အောင် အဆင့်ဆင့် ပြုလုပ်ရတယ်။ အဲဒီအရည်ခဲချောင်းကို အမသားတောင်းတဲ့အချိန်မှာ သားစပ်ပေးရတယ် “ဟု ၎င်းက ဆိုသည်။

မျိုးရည်ခဲချောင်းများကို ရန်ကုန်ရှိ မျိုးမြှင့်တင်ရေးဌာနမှ ထုတ်ယူနေပြီး မျိုးရည်ခဲချောင်းများ ရောက်ရှိလာပါက မေထုန်မဲ့သားစပ်လုပ်ငန်းအား စတင်အကောင် ထည်ဖော်ဆောင်ရွက်မည် ဖြစ်သည်။

လက်ရှိ ပြည်နယ်အစိုးရ ရန်ပုံငွေဖြင့် နိုက်ထရိုဂျင် ၃၀ လီတာအိုး ၅လုံး နှင့်၃ ဒဿမ ၅ လီတာ အိုး ၄လုံးကို ခရိုင်မြို့နယ်များသို့ ဖြန့်ဝေပြီးဖြစ်ကြောင်းနှင့် လိုအပ်သည့် မျိုးရည်ခဲချောင်းများ ထပ်မံရောက်ရှိလာပါက လုပ်ငန်းစတင်ဆောင်ရွက်မည်ဖြစ်သည်။

ပုဏ္ဏားကျွန်းမြို့နယ်တွင် စတင် ဆောင်ရွက်မည့် လုပ်ငန်းအောင်မြင်ပါက တစ်ပြည်နယ် လုံး အတိုင်းအတာဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း မွေး/ကု ဌာနထံမှ သိရသည်။

မျိုးရည်ခဲချောင်းများ ကို နွားမွေးတောင်သူများဘကါ်မှ တင်ပြတောင်းဆိုမှုအပေါ် မှုတည်ပြီး အထက်ဌာနအဆင့်ဆင့်တင်ပြကာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း  စစ်တွေခရိုင် မွေး/ကု ဌာနမှ ဦးစီးအရာရှိ ဒေါက်တာ ကျော်ဖြိုးဆန်းက ရှင်းပြသည်။

“မျိုးချောင်းအရည်အတွက်ကို လုပ်ငန်းဆောင်ရွက်နိုင်တဲ့ အတိုင်းအတာအထိ ပြည်နယ်ကနေ တောင်းလို့ရတယ်။ အခုချိန်မှာ မျိုးရည်ခဲချောင်းအရည် အတွက် အများကြီးမတောင်းတာက နိုကဖြစ်တယ်ထရိုဂျင် ဓာတ်ငွေ့သယ်ယူဖို့ အခက်အခဲရှိနေလို့ပါ ။ နိုက်ထရိုဂျင်ဓာတ်ငွေ့ရှိရင် တော့  မျိုးရည်ခဲချောင်းကို နှစ်တစ်ရာလောက် ထားလို့ရတယ် “ဟု ၎င်းက ဆိုသည်။

ပုံမှန် နွားထီးတစ်ကောင်မှာ တစ်နှစ်လျင် နွားမ အကောင်ရည် ၂၀၀ ကျော်ခန့်သဘာဝနည်းအတိုင်းသားစပ်နိုင်ပြီး မေထုန်မဲ့သားစပ်လုပငန်းဆောင်ရွက်ပါက နွားမအကောင်ရေ အများအပြား သားစပ်နိုင်သည်ဟု လည်း မွေး/ကု ဌာနထံမှ သိရသည်။

မေထုန်နွားများမှာ ရခိုင်ပြည်ဒေသမှ နွားများကဲ့သို့ အကြမ်းမခံနိုင်သဖြင့်  ခိုင်းနွား အဖြစ် အသုံးပြုရန် အဆင်မပြေသော် လည်း နို့စားနွားနှင့် အသားစား မွေးမြူရေး သမားများ အတွက် ကောင်းမွန်သည်ဟု နွားမွေးမြူရေးလုပ်ကိုင်သူ ဦးမောင်သိန်းဝေက ပြောသည်။

“မေထုန်နွား ဆိုတာက ဒေသနွားလောက် အကြမ်းမခံဘူး။ အစာကျွေးရင်လည်း ပဲဖတ်တွေ ပဲ ကျွေးရတယ်။ ဒေသနွားဆိုရင် မြက်နဲ့ ကောက်ရိုး ကျွေးရင်ရတယ်။ နို့စားနွား အသားစားနွားအဖြစ် မွေးမယ်ဆိုရင် ငွေကြေးအင်အားတတ်နိုင်သူတွေအတွက်ဆို ပိုအဆင်ပြေတာပေါ့” ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်တွင် မျိုးကောင်းမျိုးသန့် ၊ရောဂါကင်းစင်သည့်  နွားထီးများထံမှ မျိုးရည်များကို ထုတ်ယူနိုင်သော်လည်း မျိုးချောင်းဖြစ်မြောက်ရန် ထုတ်လုပ်မှု ပုံမှန်အဆင့်ဆင့် ဆောင်ရွက်နိုင်မည့် ဓာတ်ခွဲခန်းများ မရှိသေးသည့် အတွက် မဖြစ်နိုင်သေးကြောင်း မွေး/ကုဌာနထံမှ သိရသည်။

Most read this week

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက စစ်ကောင်စီတပ်သားများ မီးရှို့သွားသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ရဲရိုးပြင်ရွာမှ ပျက်စီးနေသည့် နေအိမ်အချို့။
November 1, 2024
တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည်၊ အမ်းမြို့နယ်မှ ပြောင်းချောင်းနှင့် ချင်းကုန်းကျေးရွာကို...
October 31, 2024
ရခိုင်ပြည်၊ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ဒု-တိုင်းမှူး ဗိုလ်မှူးချုပ်...
October 31, 2024
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ မောင်းကျေးရွာနှင့် မီးချောင်းထိုးကျေးရွာကို ယမန်နေ့ အောက်တိုဘာ ၃၀...
October 30, 2024
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တည်ရှိရာ ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ စစ်ကောင်စီ၏...