ကျောင်းမီးလောင်မှု ဆရာ/မ များအပါလူ ၉ ဦးကို စစ်ကောင်စီ ဖမ်းဆီး

ကျောင်းမီးလောင်မှု ဆရာ/မ များအပါလူ ၉ ဦးကို စစ်ကောင်စီ ဖမ်းဆီး

ဧရာဝတီတိုင်း၊ အင်ပင်မြို့ရှိအခြေခံပညာ အထက်တန်းကျောင်း မီးလောင်မှုနှင့် ပတ်သက်၍ ပြည်သူ ၉ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးစစ်ဆေးနေသည်ဟု ဒေသခံများက ပြောသည်။

ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် အစောပိုင်းက စစ်ကောင်စီ တပ်ဖွဲ့က အဆိုပါ မာန်အောင် မြို့နယ် အင်ပင်မြို့ အထက်တန်းကျောင်းက CDM ဆရာ/ဆရာမများအပါအဝင် အမျိုးသား၊ အမျိုးသမီး ၉ ဦးကို ကျောင်းမီးလောင်မှုနှင့်ပတ်သက်၍ ဖမ်းဆီးသွား ခြင်း ဖြစ်သည်။

"ကျောင်းစောင့်က အိမ်လိုက်ပြလို့ CDM ဆရာ နဲ့ ဆရာမတွေ အဖမ်းခံရတာ" ဟု အင်ပင်မြို့ခံ တစ်ဦး က ပြော သည်။

အင်ပင်အထက်တန်းကျောင်း မီးလောင်မှုမှာ ဒီဇင်ဘာလ ၁၂ ရက်နေ့ ည ၈ နာရီခွဲ ဝန်းကျင်ခဲ့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ မီးလောင်မှု ဖြစ်ပွားနောက် ယင်းကျောင်းမှ CDM ဆရာမ ၃ ဦး၊ ဆရာ ၂ ဦးနှင့် အရပ်သား ၄  ဦးတို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခြင်းဖြစ်သည်။

အဆိုပါ CDM ဆရာ/ဆရာမများ အပါအဝင် လူ ၁၅ ဦး က ကျောင်းအစောင့်ကို ကြိုးဖြင့် တုပ်နှောင်ပြီး စာသင်ခုံ များကို စုပုံကာ ကျောင်းဆောင်အား ဓာတ်ဆီလောင်း၍ မီးရှို့သွားခြင်း ဖြစ်သည်ဟု ထိုကျောင်းအစောင့် က ထွက် ဆိုထားကြောင်း အင်ပင်နယ်မြေ ရဲစခန်းမှ ရဲဝန်ထမ်းတစ်ဦး ကပြောသည်။

ဖမ်းဆီးခံထားရသူများအား ယခုလက်ရှိတွင် အင်ပင်မြို့ နယ်မြေရဲစခန်းတွင် စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူများ က ပြောသည်။

 ကျောင်းဟောပြော ခန်းမဆောင်တွင် စာသင်ခုံ အဟောင်းအကျိုးများကို စုပုံ၍ မီးရှိုးခဲ့ခြင်းဖြစ်ပြီး ထိုစာသင်ခုံ များနှင့် ကျောင်းဆောင်မျက်နှာကျက် အနည်းငယ် မီးလောင်သွားသည်ဟု ကျောင်းအကျိုးဆောင် အဖွဲ့ထံမှ သိရသည်။

အင်ပင် အထက်တန်းကျောင်း မီးလောင်မူသည် ရှို့မီးဖြစ်သည်ဟု အင်ပင်မြို့ အရံမီးသတ်တပ်ဖွဲ့ဝင် တစ်ဦးက အတည်ပြုပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်အောင်မြို့နယ်တွင် စက်တင်ဘာလ မှ နိုဝင်ဘာလ အတွင်း မူလတန်း ကျောင်း ၃ ကျောင်းတွင်  မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်ဟု မြန်အောင်မြို့နယ် မီးသတ်ဦးစီးဌာနထံမှ သိရ သည်။

Most read this week

December 20, 2024
ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့တွင် ကလေးငယ် ၂၀ ဦးခန့် သဲလွန်စမရပဲ ပျောက်ဆုံးသွားသည်ဟု ဒေသခံနှင့်...
December 19, 2024
မွန်ပြည်နယ်၊ ရေးမြို့တွင် စစ်ကောင်စီက လုံခြုံရေးကိုအကြောင်းပြကာ လမ်းမကြီးဘေးတစ်လျှောက်ရှိ...
December 17, 2024
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ရဲနှင့် စစ်တပ်တို့မှ လိုင်စင်မဲ့ယာဉ်များကို...
December 17, 2024
ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက အုပ်စုအတွင်းရှိ ကျေးရွာ ၄ ရွာမှ အိမ်ထောင်ဦးစီးများကို...