ရှမ်းမြောက်တွင် စစ်ကောင်စီနှင့် KIA တိုက်ပွဲဖြစ်

ရှမ်းမြောက်တွင် စစ်ကောင်စီနှင့် KIA တိုက်ပွဲဖြစ်

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်နှင့် သိန္နီမြို့နယ်များအတွင်း ယမန်နေ့ညနှင့် ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် KIA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ အရပ်သား ထိခိုက်ဒဏ်ရာရရှိမှုများ ရှိသည်ဟု ဒေသခံများက ပြောသည်။

ရှမ်းမြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ပါချီကျေးရွာအဝင်တွင် ဒီဇင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းက စစ်ကောင် စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ အကြားတိုက်ပွဲဖြစ်ပွားခဲ့သည်။

“တိုက်ပွဲက မနက်အစောကြီးဖြစ်တယ်။ ပြောရရင် ပြည်ထောင်စုလမ်းမပေါ်မှာဖြစ်တယ်။ အခုတော့ ငြိမ်နေ တယ်။ ပြည်သူတွေထိခိုက်တာမျိုး ဒဏ်ရာရတာမျိုးတော့ မရှိဘူး” ဟု ပြောသည်။

နမ့်ပါချီကျေးရွာအဝင်နားတွင် ယနေ့ နံနက် ၂:၄၀ မိနစ် အချိန်ခန့်မှ နံနက် ၃:၂၀မိနစ်အချိန်ထိ ဖြစ် ပွားခဲ့ပြီး လက် နက်ကြီး၊ လက်နက်ငယ်သံများလည်း ကြားနေရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။ ကျေးရွာအနီး ပစ်ခတ်မှု များ ဖြစ်ပွားခဲ့သည့်အတွက် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြသည်ဟု ဆိုသည်။

ထို့အပြင် ရှမ်းမြောက် သိန္နီ-ပန်လော့တိုးဂိတ်တွင် ဒီဇင်ဘာလ ၇ ရက်နေ့၊ ည ၇ နာရီခွဲဝန်းကျင် အချိန်ခန့်တွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး တိုးဂိတ်မှ ဝန်ထမ်းတစ်ဦး အပြင် ကားဆရာ နှစ်ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

နမ့်ပါချီကျေးရွာအနီး ဖြစ်ပွားခဲ့သည့် တိုက်ပွဲသည် ရှေ့တန်းစစ်မြေပြင်ရောက် တပ်ဖွဲ့ဝင်များ၏ ပြောပြချက်အရ စစ်ကောင်စီတပ်နှင့် KIA တို့အကြား တိုက်ပွဲ ဖြစ်ပွားနေခြင်း ဖြစ်သည်ဟု ဆိုသည်။ သို့သော်နှစ်ဖက် တာဝန်ရှိသူ များကို ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

ယနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲသည် ဒီဇင်ဘာလအတွင်း ၄ ကြိမ် မြောက် တိုက်ပွဲ ဖြစ်သည်။

တိုက်ပွဲများ၊ စစ်ရေးတင်းမာမှုများ ရှိနေသည့်အတွက် စစ်ကောင်စီဘက်က သိန္နီ၊ ကွတ်ခိုင်၊ မူဆယ် ပြည်ထောင် စုလမ်းမ တစ်လျှောက်တွင် အင်အားဖြည့်တင်းမှုများ ပိုတိုးလာသည်ဟု ဒေသခံများက ဆိုသည်။

November 26, 2024
တနင်္သာရီတိုင်း ဒေသကြီး၊ လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီတပ်၏ ပိတ်ဆို့မှုကြောင့်...
ဖယ်ခုံမှ စစ်ရှောင်များအား တွေ့ရစဉ်) ဓါတ်ပုံ - KRC
November 26, 2024
စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသည့် ရှမ်း-ကရင်နီ အစပ် ဖယ်ခုံမြို့နယ်မှ ဒေသခံ...
November 22, 2024
ကချင်ပြည် နှင့် စစ်ကိုင်းတိုင်း နယ်အစပ်၊ ဆယ်ဇင်းကျေးရွာ အနီးရှိ ရှမ်းနီအမျိုးသားများတပ်မတော်SNA...
November 22, 2024
ရှမ်းပြည်တောင်ပိုင်း၊ ကရင်နီပြည်အစပ်၊ ဖယ်ခုံမြို့နယ်မှ တိမ်းရှောင်လာသည့် စစ်ဘေးရှောင်များအား...