မြန်မာ – တရုတ်နယ်စပ် ကျင်ဆန်ကျော့ဂိတ်ကို စမ်းသပ်ကာလအဖြစ် တရုတ်ပြန်ဖွင့်မည်

မြန်မာ – တရုတ်နယ်စပ် ကျင်ဆန်ကျော့ဂိတ်ကို စမ်းသပ်ကာလအဖြစ် တရုတ်ပြန်ဖွင့်မည်

သျှမ်းပြည်မြောက်ပိုင်း မြန်မာ – တရုတ်နယ်စပ် ကျင်ဆန်းကျော့ ဂိတ်ကို စမ်းသပ်ကာလအဖြစ် တရုတ် ဘက်မှ ပြန်ဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲပိုင်းအချိန်မှစတင်၍ ကျင်ဆန်ကျော့ဂိတ်ကို တရုတ်တို့ဘက်မှ စမ်းသပ်ဖွင့်လှစ်ခဲ့ပြီး အဆင်ပြေအောင်မြင်ပါက ပုံမှန်အတိုင်း ဖြတ်သန်းသွားလာခွင့်ပြုတော့မည်ဟု ကုန်သည်၊ ကားသမားများထံမှ သိရသည်။

“ဟုတ်ပါတယ်၊ ဒီနေ့ကနေ ၂ ရက် ၃ ရက်အတွင်းကို တရုတ်တွေက မြန်မာပြည်ဘက်က ကုန်တွေကို စတင် လက်ခံမယ်တဲ့၊ မနက်ဖြန်မှာ ကျနော်တို့လည်း အစမ်းဝင်သွားပါမယ်၊ အားလုံး အိုခေရင် ၂၅ ရက်မှာတော့ အတည်တကျပုံမှန်အတိုင်းပြန်ဖွင့်မယ်တဲ့ ဖွင့်ဖို့ ရာခိုင်နှုန်းများပါတယ်” ဟု ကားသမား တစ်ဦးက ပြောသည်။

တရုတ်ဘက်မှ နယ်စပ်ဂိတ်ဖွင့်ပြီး အစမ်းကာလအတွင်း ကုန်များကို ပို့ဆောင်ခွင့် ပြုသော်လည်း မြန်မာပြည်ဘက်မှ ကားများနှင့် ကားသမားများကို ဝင်ခွင့်ပြုမည်မဟုတ်သေးကြောင်းလည်း ၎င်းက ပြောသည်။

“သူတို့ တရုတ်ဘက်က ကိုဗစ် ကာကွယ်ရေးအတွက်ပြင်ဆင်ပြီးပေမယ့် မြန်မာပြည်ဘက်မှ ဘာမှမရှိသေးလို့ ကုန်တွေကပဲ တရုတ်ပြည်ထဲ ဝင်ခွင့်ရမယ်ထင်တယ်၊ ကားနဲ့ ကားသမားတွေကျတော့ ဒီဘက်ပဲ ကျန်ခဲ့ရမှာ၊ တရုတ်က သူတို့ဘက်က လူနဲ့ ကားနဲ့ ကျနော်တို့ကုန်ကို သယ်ပေးမှာ ထင်တယ်” ဟု ၎င်းက ပြောသည်။

မြန်မာ – တရုတ် နယ်စပ်ဂိတ်များအနက် ကျင်ဆန်ကျော့ဂိတ်ကို မြန်မာပြည်ဘက်မှာ ကုန်ပစ္စည်းများ လက်ခံရာ ဂိတ်ပေါက်အဖြစ်ထားရှိမှာဖြစ်ပြီး တရုတ်ပြည်ပစ္စည်းများကို လက်ခံရန်အတွက် ကျယ်ဂေါင် နယ်စပ်ဂိတ်ကိုထားရှိမည်ဖြစ်ကြောင်း သိသည်။

ကိုဗစ် – ၁၉ ရောဂါ ပျံ့နှံ့ကူးစက်မှုနှုန်းမြင့်မားနေမှုကြောင့် တရုတ်တို့ဘက်မှ နယ်စပ်ကုန်သွယ်ရေးကို ပြီးခဲ့သည့် ၂၀၂၀ ဧပြီလ ၁ ရက်နေ့ကတည်းက ပိတ်ထားသည်မှာ တစ်နှစ်ကျော် ကြာခဲ့ပြီဖြစ်ကြောင်း သိရသည်။

November 7, 2024
သျှမ်ပြည် လားရှိုးမြို့နယ်တွင် ‘ဝ’တပ်ဖွဲ့ UWSA  ဝင်ရောက်လာပြီးနောက် အရပ်သားများကို...
November 7, 2024
သျှမ်းပြည်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်ရှိ မူဆယ်မြို့တွင် တစ်လအတွင်း ပိုင်ရှင်မဲ့ အလောင်း ၅...
November 6, 2024
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ မြို့မဈေးရှိ ညဈေးမှ ဈေးသည်များထံ...
November 6, 2024
သျှမ်းပြည်မြောက်ပိုင်း၊ နမ့်လန်မြို့ကို ယမန်နေ့ (နိုဝင်ဘာလ ၅ ရက်)၊ နေ့လယ်ပိုင်းက ကိုးကန့်တပ်...