ကျည်တစ်တောင့် ထမင်းတစ်နပ်

ကျည်တစ်တောင့် ထမင်းတစ်နပ်
by -
မွန်သတင်းအေဂျင်စီ
မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် လွတ်လပ်ရေးရရှိခဲ့သည်။လွတ်လပ်ရေးရရှိသည်နှင့် တ ဆက်တည်း ပြည်တွင်းစစ် ကပ်ပါလာခဲ့သည်မှာ ယနေ့ အချိန်ထိဆိုလျှင် နှစ်ပေါင်း ရ၀ နီးပါးရှိလာခဲ့ပြီးဖြစ်သည်။

ထိုပြည်တွင်းစစ် နှစ်ပေါင်း ရ၀ နီးပါး သက်တမ်းအတွင်း အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ကြရပြီး ဖြစ်သကဲ့သို့ ပြည်တွင်းစစ်ရှောင်ဒုက္ခသည်များအဖြစ် ထွက်ပြေးတိမ်းရှောင်နေကြရသူ အရေအတွက်မှာလည်း ခြောက်သိန်းခွဲကျော်ရှိ လာရာ ရာသီဥတုအလိုက် ကူညီထောက်ပံ့မှုများ လိုအပ်နေကြောင်း သိရသည်။

ဤသို့ စစ်ရှောင်များ အလွန်များပြားနေသော်လည်း တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အကြားက ပြည်တွင်းစစ်များမှာ ရပ်တန့်ခြင်းမရှိသေးပဲ ဆက်လက် ဖြစ်ပွားနေပြီး စစ်ရှောင်အရေ အတွက်မှာ လည်း တိုးပွားမြဲ တိုးပွားဆဲပင်။

စစ်ရှောင်ဒုက္ခသည်များသည် တခြားသော အကူအညီများ ရရှိရေးမဆိုထားနှင့် နေ့စဉ် ထမင်းနပ်မှန်အောင် စားနိုင် ရေး စားနပ်ရိက္ခာ ထောက်ပံ့ပေးမှုကိုပင် မရေရာ မသေချာသည့် အခြေအနေဖြင့် ရင်ဆိုင်နေကြရသည်။ သို့သော် စစ်ပွဲများသည် ဖြစ်မြဲ ဖြစ်နေကြပြီး ၎င်းတို့ အသုံးပြုသော ကျည်တစ်ထောင့်သည် စစ်ရှောင်ဒုက္ခသည် တစ်ဦးအတွက် ထမင်းတစ်နပ်စာ ရှိသည်ကိုဖြင့် မသိကျိုးကျွံပြုနေသည့်အလား ထင်မှတ်လာမိသည်။

အသက် ၁၈ နှစ်အောက်နှင့် အသက် ၅၀ အထက် စစ်ရှောင်တစ်ဦးကို ထောက်ပံ့ငွေ တစ်လကို ၁၅၀၀၀ ကျပ် ရရှိပြီး ကျန်အရွယ် တစ်ဦးလျှင် တစ်လ ရ၅၀၀ ကျပ် ရရှိရာ သုံးဖြင့် စားပါက ရ၅၀၀ ရသူသည် တစ်ရက် ၂၅၀ ကျပ်သာ သုံးစွဲနိုင်ပြီး ၁၅၀၀၀ ကျပ် ရသူမှာ တစ်ရက် ၅၀၀ ကျပ်သာ သုံးစွဲနိုင်ခြင်းကြောင့် ထမင်းတစ်နပ်စာပင် မရဖြစ်နေကြသည်။

ထမင်းတစ်နပ်မှာ ၁၀၀၀ မှ ၅၀၀၀ ကြား(ဆိုင်အပေါ် မူတည်)ရှိရာ ယခု စစ်ရှောင်ဒုက္ခသည်များ ရရှိသော ထောက်ပံ့မှုများမှာ မည်သို့မျှ မကာမိသကဲ့သို့ စစ်ရှောင်အဖြစ် ရောက်ရှိအောင် လုပ်ဆောင်ခဲ့သော စစ်ပွဲများ တွင် အသုံးပြုနေသော ကျည်တစ်တောင့် စျေးနှုန်းပင် မရှိပေ။

ထို့ကြောင့် ကျည်တစ်တောင့်သည် စစ်ရှောင်များအတွက် ထမင်းတစ်နပ် ဖြစ်သကဲ့သို့ ဆန်တစ်ပြည်ဖြင့်လည်း ညီမျှရာ စစ်ပွဲများတွင် ကုန်ကျနေသော စစ်သုံးစရိတ်များအား နိုင်ငံထူထောင်ရေးနှင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး၌ အသုံးပြုမည်ဆိုလျှင် အားလုံးက ထောက်ခံ ကြိုဆိုကြမည်မှာ မလွှဲဧကန် အမှန်ပင် ဖြစ်သည်။

တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား ဖြစ်ပွားနေသော တိုက်ပွဲများတွင် အသုံးပြုနေ သည့် လက်နက်စျေးနှုန်းများကို တွက်ချက်ကြည့်ပါက စစ်ပွဲ တစ်ပွဲလျှင် မြန်မာငွေကျပ် သိန်းပေါင်း ထောင်ချီ ကုန်ကျလျက်ရှိနေကြောင်း ယေဘူယျအားဖြင့် ခန့်မှန်း တွက်ချက်နိုင်ပါသည်။

M-16 ရိုင်ဖယ်တစ်လက်လျှင် ဘတ် ၃၅၀၀၀ (မြန်မာငွေပေါက်စျေး တစ်ဘတ် ၄၀ ကျပ်နဲ့တွက်ကြည့်)၊ M-4 တစ်လက် ဘတ် ၁၀၅၀၀၀ ၊ AK-47 ဘတ် ၁၀၀၀၀ မှ ၃၆၀၀၀၊ RPG တစ်လက် ဘတ် ၄၀၀၀၀၊ M-79 တစ်လက် ဘတ် ၂၀၀၀၀ ၊ M-16 အပါအဝင် M-4 နှင့် AK-47 ကျည်တစ်တောင့်လျှင် ဘတ် ၂၀ ၊၃၅၊ ၅၀ ရှိပြီး M-79 ကျည် တစ်တောင့် ဘတ် ၈၀၀၀ ၊ RPG ဗုံးသီးတစ်လုံး ဘတ် ၂၈၀၀၀၊ M-79 ကျည်တစ်တောင့် ဘတ် ၈၀၀၀၊ လက်ပစ်ဗုံး တစ်လုံး ဘတ် ၂၅၀၀ မှ ၃၀၀၀  ရှိကြောင်း ထိုင်းမီဒီယာ တစ်ခုက သတင်းတင်ဆက်ခဲ့ရာမှ သိရသည်။

FB IMG 14825009766451ထိုလက်နက်များသည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ အသုံးပြုမှုများကာ လက်နက်ကိုင် တစ်ဦးလျှင် AK-47 သို့မဟုတ် M-16 တစ်လက်စီနှင့် ကျည်အတောင့် ၁၀၀ မှ ၃၀၀  ကြားရရှိကြပြီး လက်ပစ်ဗုံးမှာ ၂ လုံးမှ ၃ လုံးကြားရရာ တိုက်ပွဲ တစ်ပတ်ဖြစ်ပါက စစ်အသုံးစရိတ် ကုန်ကျမှုမှာ သိန်းပေါင်း ရာထောင်ချီ ရှိလာမည် ဖြစ်သည်။

အလားတူ တပ်မတော်ဘက်ကလည်း ၈၁/၁၀၅/၁၂၀ မမ လက်နက်ကြီးများကို အသုံးပြု တိုက်ခိုက်လျက်ရှိပြီး စစ်သည်များကလည်း M-16 ၊ AK-47၊ M-79 ၊ စသည့် လက်နက်များကိုလည်း အသုံးပြု၍ တစ်ဖွဲ့တည်းမဟုတ် သော လက်နက်ကိုင်အဖွဲ့များကို တိုက်ခိုက်နေရခြင်းကြောင့် စစ်အသုံးစရိတ်မှာ သိန်းပေါင်း ထောင်ချီ ကုန်ကျ ကြောင်း သိရသည်။

၂၀၁၇ ခုနှစ်၊မေလက တပ်မတော်နှင့် တအာင်းအဖွဲ့(TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA)တို့ လှုပ်ရှားသည့် ဒေသ များအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် တပ်မတော်ဘက်မှ စစ်ပွဲကုန်ကျစရိတ် ငွေကျပ် သိန်းပေါင်း ထောင် ချီ ရှိခဲ့ကြောင်း TNLA မှ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်က သူ၏ လူမှုကွန်ရက်စာမျက် နှာမှာ ရေးသား ဖော်ပြခဲ့သည်။

အဆိုပါ မေလတိုက်ပွဲနှင့် ပတ်သက်ပြီး TNLA မှ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်က သူ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ “ ကိုးကန့်နဲ့ တအာင်းဒေသတွင်း ရ၅/၈၁/၁၀၅/၁၂၀ မမ လက်နက်ကြီးများကို ကိုးကန့်ဒေသတွင် ၁၀၀၀၀ ကျော် တအာင်းဒေသတွင် ၁၅၀၀ ကျော် စုစုပေါင်း ၁၁၅၀၀ ကျော်ပါပြီ။ ထို လက် နက်ကြီးများအားလုံး ပျမ်းမျှ တလုံး သိန်း ၃၀(သုံးသန်း) ကပစထုတ် မြန်မာ့စစ်စက်ရုံ ခန့်မှန်းစျေးပါ။ လက်နက် ကြီးဖိုး သက်သက်ကို ခန့်မှန်းကျပ်ငွေ သန်း ၃၄၅၀၀ ကျော် ကုန်ပါပြီ။ဒီမေလ ၁ ရက်ကနေ ၁၃ ရက်ထိ နှစ်ပတ် အတွင်း ဖြုန်းအားပါ”ဟု ရေးသား ဖော်ပြထားသည်။

လက်ရှိတွင် ကချင်ပြည်နယ်၊တနိုင်းမြို ့နယ်အတွင်းမှာလည်း ဇွန် ရ ရက်မှ စတင်ကာ တပ်မတော်နှင့် ကချင်လက်နက်ကိုင်အဖွဲ့ KIA တို့ တိုက်ပွဲများဖြစ်ပွားနေကြောင်း ဖားကန့်ဒေသတွင် လှုပ်ရှားနေသော KIA တပ်ရင်း (၆)မှ ဗိုလ်မှူးတန့်ဆန်က ပြောသည်။

အဆိုပါ တိုက်ပွဲများတွင် အသုံးပြုသော ကျည်ဆံများ၏ တစ်တောင့်နှုန်းသည် ကျားဖျံ ဆန်တစ်ပြည် တန်ကြေး ဖြင့် ညီမျှသကဲ့သို့ တချို ့သော လက်နက်ကျည်များသည် တစ်ရက် ၃၆၀၀ ကျပ်သာ ရရှိနေသော သာမန် လူတန်းစားများ၏ လုပ်ခလစာထက်လည်း ကျော်လွန်နေကြောင်း သိရသည်။

အဘယ်ကြောင့်ဆိုသော် AK 47 ကျည်တစ်တောင့် ဘတ် ၃၅ မှ ၅၀ ကြားဆိုလျှင် မြန်မာငွေ ပေါက်စျေး ၄၀ ကျပ်နှုန်းဖြင့် တွက်ပါက ၁၄၀၀ ကျပ်ဝန်းကျင်မှ ၂၀၀၀ ကျပ်ရှိ၍ ကျားဖျံ ဆန်တစ်ပြည်မှာ ၁၅၀၀ မှ ၁၈၀၀ ကျပ်၊ ပေါ်ဆန်မွေး တစ်ပြည် ၂၀၀၀ ကျပ်ရှိရာ တခြားသော ဆန်အမျိုးအစားများတွင်မူ တစ်ပြည်လျှင် ၁၃၀၀ မှ ၁၄၀၀ ကျပ်သာ ရှိခြင်းကြောင့် ကျည်တစ်တောင့် ဆန်တစ်ပြည်နှုန်းလည်းဖြစ်သကဲ့သို့ ထမင်းတစ်နပ်စာလည်း ဖြစ်နေသည်။

RPG ဗုံးသီးတစ်လုံး ဘတ် ၂၈၀၀၀ ရှိရာ မြန်မာငွေ ပေါက်စျေး ၄၀ ကျပ်နှုန်းဖြင့် တွက်လျှင် ၁,၁၂၀,၀၀၀ ကျပ် ကျရာ တစ်ရက် လုပ်ခလစာ ၃၆၀၀ ကျပ်သာ ရရှိနေသော သာမန်လူတန်းစား ၃၀၀ ကျော်ယောက်စာ၏ တစ်ရက်လုပ်ခစာ နှင့် ညီမျှသည်ကို တွေ့နိုင်ပါသည်။RPG ဗုံးသီးမှာ နံပါတ် ၂ (သုံးသိန်းမှ ငါးသိန်းဝန်းကျင်) ၊ ၅(ငါးသိန်းမှ ခုနှစ် သိန်း ဝန်းကျင်) ၊ ရ (ကိုးသိန်းမှ တစ်ဆယ့်တစ်သိန်းဝန်းကျင်)ဆို၍ မြန်မာငွေစျေး အတက်အကျအပေါ် မူ တည်ကာ အဆင့်ဆင့်ရှိကြောင်း သိရသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ စစ်သုံးစရိတ်ကို တစ်နှစ်မည်မျှ သုံးစွဲကြောင်း လက်ရှိတိုက်ပွဲများ ဖြစ်နေ သော အဖွဲ့များထံ မေးမြန်းကြည့်ရာမှာ တချို ့က ကာကွယ်ရေးအပိုင်းက ဆောင်ရွက်ခြင်းကြောင့် မိမိတို့ မသိ ကြောင်း၊ တချို ့ ထိပ်ပိုင်းခေါင်းဆောင်များကမူ ဖြေကြားခြင်း မရှိသည့်အတွက် စစ်သုံးစရိတ် မည်မျှရှိကြောင်း မသိရပေ။

တပ်မတော်ကမူ ၂၀၁၇ ခုနှစ်အတွက် ကာကွယ်ရေး အသုံးစရိတ်အဖြစ် မြန်မာကျပ်ငွေ ၂.၉၂ ထရီလီယံ ( အမေရိကန်ဒေါ်လာ ၂.၁၄ ဘီလီယံ)အသုံးပြုခွင့်ပေးရန် ၂၀၁၇ ခုနှစ်၊ မတ် ၉ ရက် လွှတ်တော်သို့ တင်ပြ တောင်းခံခဲ့သည်။

ထိုဘတ်ဂျက်သည် ၂၀၁၇ ခုနှစ်အတွင်း အစိုးရ၏ စုစုပေါင်း အသုံးစရိတ်မှ ၁၃.၉ ရာခိုင်နှုန်းရှိပြီး အမျိုးသား GDP (ပြည်တွင်းအသားတင်ထုတ်လုပ်မှု)၏ ၃ ရာခိုင်နှုန်းခန့်ရှိသော်လည်း ၂၀၁၇ ခုနှစ်အတွက် ယခင်အဆိုပြု တောင်းခံထားခဲ့သော ကျပ်ငွေ ၃.၉ ထရီလီယံထက်မူ များစွာ လျော့နည်းသွားခဲ့ကြောင်း သိရသည်။

ဤကာကွယ်ရေး အသုံးစရိတ် မြန်မာကျပ်ငွေ ၂.၉၂ ထရီလီယံထဲမှ စစ်လက်နက်ပစ္စည်းဝယ်ယူရေးနှင့် စစ်ဆင် ရေး ကုန်ကျစရိတ်များအတွက် ၃၀ ရာခိုင်နှုန်းကျော်ရှိခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ ကာကွယ်ရေး ကဏ္ဍကို စောင့်ကြည့် သုံးသပ်နေသော HIS Jane’s Defence Weekly က ဆိုသည်ဟု ၂၀၁၇ ခုနှစ်၊မတ် ၉ ရက်တွင် ဧရာဝတီ သတင်းဌာနမှ ဖော်ပြထားသည်။

တစ်ဖက်ရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကမူ စစ်သုံးစရိတ်ကို ၎င်းတို့ ထိန်းချုပ်ထားသော ဒေသများရှိ သဘာဝ သယံဇာတများ ရောင်းချခြင်းမှ ရရှိသော ငွေကြေးများ အပါအဝင် အခွန်ကောက်ခံမှုများ က ရရှိသော ငွေကြေးများ၊ တွင်းထွက် ပစ္စည်းများ ရောင်းချခြင်းမှ ရရှိသော ငွေကြေးများဖြင့် စစ်လက်နက်၊ ခဲယမ်းများကို ဝယ်ယူကာ တိုက်ပွဲများ ဆင်နွဲလျက်ရှိကြောင်း သိရသည်။

သို့သော် စစ်ပွဲများကြောင့် ဖြစ်ပေါ်လာသော စစ်ရှောင်ဒုက္ခသည်များအရေးနှင့် တစ်ရက် လုပ်ခလစာ ၃၆၀၀ ကျပ်သာ ရရှိနေသော အခြေခံ လူတန်းစား တစ်ရပ်အတွက်မူ ကျည်တစ်တောင့် ထမင်းတစ်နပ် သို့မဟုတ် ဆန်တစ်ပြည် ရှိနေခြင်းအပေါ် ဥပေက္ခာ ပြုထားမှုမှာ အလွန်ဝမ်းနည်းစရာ ကောင်းလှပါသည်။

Most read this week

August 20, 2024
ဆယ်စုနှစ် တစ်ခုပြီးတစ်ခု ဖြတ်သန်းလာခဲ့တဲ့ မွန်တွေရဲ့ လက်နက်ကိုင်တော်လှန်ရေးဟာ...
July 19, 2024
“အိုး မြောက်ပိုင်းလမ်း ….. မူဆယ်၊ နမ့်ခမ်းလမ်း သြော် မြောက်ပိုင်းလမ်း ကျနော်လေ ရွှေဖီချိန်ခါ...
July 13, 2024
ဇူလိုင်လ ၁၁ ရက်နေ့က စစ်ဘေးရှောင် အမျိုးသမီးများ အနေဖြင့် မီးယပ်ဆိုင်ရာ ဝေဒနာ တစ်ခုခု ခံစားခဲ့ပါက...
July 13, 2024
နေအိမ်ကို စစ်ကောင်စီတပ်က မီးရှို့လိုက်သည့်အတွက် အိမ်မရှိတော့သော်လည်း မီးလောင်ပုံသာကျန်ရှိသည့်...