NLD ပါတီခေါင်းဆောင်ပိုင်း နဲ့ မစ္စတာ ဆာဆာကာဝါတို့ တွေ့ဆုံခဲ့ဟုဆို

NLD ပါတီခေါင်းဆောင်ပိုင်း နဲ့ မစ္စတာ ဆာဆာကာဝါတို့ တွေ့ဆုံခဲ့ဟုဆို

NLD ပါတီ နှင့် နီပွန်ဖောင်ဒေးရှင်းက မစ္စတာ ဆာဆာကာဝါတို့ တွေ့ဆုံခဲ့ကြောင်း မစ္စတာ ဆာဆာကာဝါရဲ့ ဒီနေ့ နိုဝင်ဘာလ (၁၈)ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

“ ကျွန်တော်ဟာဆိုလို့ရှိရင် ရလဒ်အဖြေထွက်ပြီးသားအကြောင်းအရာဆိုရင် ကျွန်တော်ရှင်းပြပြောပြလေ့ရှိပါတယ်။ သို့သော်လည်းပဲ ပြုလုပ်နေဆဲအချိန်ကာလမှာ  ဘာတွေပြောခဲ့လဲဆိုတာကိုတော့ ပြောလေ့ပြောထမရှိပါဘူး ၊ ကျွန်တော်ဟာဆိုလို့ရင် ရေငုံနုတ်ပိတ်နေတဲ့ သံတမန်  ဆက်ဆံရေးကိုပြုလုပ်တာ ကျွန်တော့်ရဲ့အခြေခံ မူဝါဒဖြစ်ပါတယ်။ NLD ခေါင်းဆောင်ပိုင်းနဲ့တွေ့ဆုံခဲ့တာမှန်ပါတယ်။ ဘယ်သူနဲ့တွေ့ဆုံခဲ့သလဲဆိုတာကိုတော့ ကျွန်တော်ပြောပြလို့မဖြစ်ပါဘူး.”  လို့ပြောသွားတာပါ။

မစ္စတာ ဆာဆာဂါဝါက NLD ပါတီအပြင် နိုင်ငံရေးပါတီတွေထဲက ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDP ၊ ALP ပါတီ ၊ ပြည်သူ့ပါတီ ၊ မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ ၊ဖက်ဒရယ်ယူနီယမ်ပါတီတို့နဲ့ တွေ့ဆုံမှုရှိခဲ့တယ်လို့ဆိုပါတယ်။

ပါတီတွေနဲ့ တွေ့ဆုံမှုနဲ့ ပတ်သက်ပြီးတော့ ပါတီတွေက ပြောပြတဲ့အချက်တွေကိုသာနားထောင်ခဲ့ပြီး ဆွေးနွေးမှုအကြောင်းအရာအသေးစိတ်ကိုတော့ သူက ပြောဆိုသွားခဲ့ခြင်းမရှိပါဘူး ။

 မစ္စတာ ဆာဆာဂါဝါက မြန်မာနိုင်ငံထဲကို အကြိမ် ၁၄၀ ရောက်ဖူးပြီး အဆက်ဆက်သောနိုင်ငံ့ခေါင်းဆောင်တွေနဲ့လည်းတွေ့ဖူးခဲ့သူဖြစ်ပါတယ်။

ဒီခရီးစဉ်မှာ စစ်ကောင်စီက အကြီးအကဲတွေအပြင် အကြံပေးဖြစ်တဲ့ ဒေါ်ယဉ်ယဉ်နွယ်နဲ့ သမ္မတ ဦးသိန်းစိန်လက်ထပ်က ငြိမ်းချမ်းရေးပွဲအကျိုးဆောင်လုပ်ခဲ့သူ ဦးအောင်မင်းနဲ့ သူရဲ့ အပေါင်းအပါတွေကိုလည်း တွေ့ဆုံမှုတွေရှိခဲ့ပါတယ်။

မစ္စတာ ဆာဆာကာဝါက စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရထားရတဲ့ ဂျပန်သတင်းထောက်တစ်ဦး နဲ့ လွန်ခဲ့တဲ့ရက်ပိုင်းကမှ လွတ်မြောက်သွားတဲ့  အမေရိကန်သတင်းထောက်တစ်ဦးကို လွတ်ပေးရန်အတွက် တောာင်းဆိုညှိနှိုင်းပေးခဲ့သူလည်းဖြစ်ပါတယ်။

November 7, 2024
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်းမှာ ပြင်းထန်တဲ့ကျန်းမာရေးကိစ္စရပ်တွေကို ...
October 31, 2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်အတွင်းက HIV၊ တီဘီရောဂါနဲ့ ငှက်ဖျားရောဂါ ဖြစ်ပွားနေတဲ့...
October 30, 2024
မိုးညှင်းမြို့နယ်  အင်းတော်ကြီးဒေသထဲမှာ စပါးရိတ်သိမ်းရာသီရောက်ရှိလာသော်လည်း...
October 25, 2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်းက ကျေးလက်ဒေသတွေမှာ ကျန်းမာရေးဆေးပေးခန်း...