မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်သည့် သက်ဆိုင်ရာ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းရန် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်သည်ဟု PPST က ပြောသည်။
နိုဝင်ဘာလ ၄ ရက်နေ့ မှ ၅ ရက်နေ့အထိ ၂ ရက်တာ ကျင်းပခဲ့ပြုလုပ်သည့် NCA အပစ်ရပ်အဖွဲ့များ၏ ငြိမ်းချမ်း ရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ၏ အစည်းအဝေးတွင် ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။
PPST ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးဝင်းက “အခုလက်တလောတော့ ကျနော်တို့ ၉ ဦးကော်မတီပေါ့ အဲဒီ ကော်မတီ မှာလည်းပဲ ဒီ ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ဖို့အတွက်တော့ ကော်မတီ တာဝန်ခံကို ကျနော်ကိုတော့ တာဝန် ပေး ထားတာ ရှိတာပေါ့နော်။ ကျန်တာကတော့ ကျနော်တို့ အဖွဲ့ဝင်တွေပေါ့ အဲမှာ ကျနော်တို့ ဆရာမ စောမြရာဇာ လင်းတို့ ကျနော်တို့ ကိုခွန်မြင့်ထွန်းတို့ ဒေါက်တာစိုင်းဦးတို့ စိုင်းလျန်းတို့ ဆရာမ မိစူးပွင့်တို့ နိုင်အောင်မငေးတို့ ပါ ကြတာပေါ့နော်။ အားလုံး ၉ ဦး ရှိပါတယ်လို့” ဟု ပြောသည်။
၂ ရက်တာ ကျင်းပပြုလုပ်သည့် PPST ၏ အစည်းအဝေးအပြီး ထုတ်ပြန်ချက်ထဲတွင်လည်း ပြည်တွင်း ပြည်ပ ရှိ သက်ဆိုင်သူများနှင့် တွေ့ဆုံပြီး လက်ရှိနိုင်ငံရေး အကျပ်အတည်း ဖြေရှင်းရေးနှင့် ဖက်ဒရယ် ပြည်ထောင် စုတည်ဆောက်ရေးဆိုင်ရာ သဘောထားများ စုစည်းနိုင်ရန် PPST ၏ ဆွေးနွေးညှိနှိုင်းရေး ကော်မတီကို ဖွဲ့စည်း လိုက်သည်ဟု ထည့်သွင်းထားသည်။
ဦးမျိုးဝင်းက “ကျနော်တို့ ပြည်ပအင်အားစုတွေလည်း ချိတ်ဆက်ပြီးတော့မှ နိုင်ငံတကာလည်း ချိတ်ဆက် ဆောင်ရွက်နေတဲ့အပိုင်းပေါ့။ ခုပြည်တွင်းနဲ့အပိုင်းမှ ပြည်တွင်းမှာရှိတဲ့ အင်အားစု Stakeholders တွေဆိုတာ ပြောမှတော့ သူအဆက်လိုက် သွားရမှပေါ့နော။ ပထမအဆင့်မှာတော့ ကျနော်တို့ နိုင်ငံရေး ပါတီတွေရယ် အရပ်ဖက်အဖွဲ့အစည်းတွေရယ်၊ ဘာသာရေး ခေါင်းဆောင်တွေရယ်၊ အဲဒါနဲ့ ပထမဦးဆုံး ကျနော်တို့ တွေဖို့အ တွက် ကျနော်တို့ ကြိုးပမ်းနေတာပေါ့။ ပြီးတော့မှ ကျန်တဲ့ အင်အားစုတွေပေါ့နော်။ ပြီးတော့ ကျနော်တို့ တိုင်း ရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ လက်မှတ်ထိုးတာရော မထိုးတာရော အားလုံးပေါ့နော် ကျနော်တို့ တွေ့ပြီးတော့ အခု ဒီအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့အတွက် နည်းလမ်းရှာရမှာပေါ့ အမြင်သဘောထားကို ကျနော်တို့ ညှိကြရမှာပေါ့ အဲဒီဟာကို ဦးစားပေးဆောင်ရွက်ဖို့ တာဝန်ပေးတာဖြစ်ပါတယ်လို့” ဟု ပြောသည်။
ထို့အပြင် ကုလသမဂ္ဂမှ အသစ်ရွေးချယ်ခန့်အပ်ထားသည့် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေ ဇာ (Ms , Noeleen Heyzer) အား ကြိုဆိုပြီး တိုင်းပြည်တွင်း ကြုံတွေ့နေရသော အထွေထွေ အကျပ်အတည်း ဖြေရှင်းရေး ကိစ္စနှင့် ပတ်သက်သည့် ၎င်း၏ လုပ်ငန်းစဉ်များကို PPST က လက်တွဲ လုပ်ဆောင်သွားမည်ဖြစ် သည်ဟု ဆိုသည်။
အဆိုပါ ဆွေးနွေးညှိနှိုင်းရေး ကော်မတီသည် NCA အပစ်ရပ် ၆ နှစ်ပြည့်စဉ်က ထုတ်ပြန်ထားသည့် PPST ၏ နိုင်ငံ ရေး ရည်မှန်းချက် ၇ ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ရည်ရွယ် ဖွဲ့စည်းထားခြင်းဖြစ်ပြီး သက်ဆိုင် ရာ Stakeholders အားလုံးနှင့် ညှိနှိုင်းဆောင်ရွက်သွားရန်ရှိသည်ဟု PPST က ဆိုသည်။
PPST က NCA ၆ နှစ်ပြည့် က ထုတ်ပြတ်ထားသည့် နိုင်ငံရေး ရည်မှန်းချက် ၇ ချက်မှာ စစ်အာဏာသိမ်းယူပြီး နောက်ပိုင်း ဖမ်းဆီးထိန်းသိမ်းထားသော နိုင်ငံရေး ခေါင်းဆောင်များအပါအဝင် ပုဂ္ဂိုလ်များအားလုံးကို ခြွင်းချက် မရှိ အမြန်ဆုံးလွှတ်ပေးပြီး နိုင်ငံရေး မတူညီမှုများအား အမြန်ဆုံး ဆွေးနွေးအဖြေရှာသွားရန်၊ အနာဂတ် နိုင်ငံရေး ဆွေးနွေးပွဲများတွင် သက်ဆိုင်သူများ အားလုံးပါဝင်ပြီး နိုင်ငံတကာ၏ ကူညီပံ့ပိုးမှုများနှင့် နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာသွားရန်၊ တိုင်းပြည် အာဏာကို အရပ်သား ကိုယ်စားလှယ်များ အုပ်ချုပ်မှုနှင့် ဒီမိုကရေစီ မူဘောင်အ တွင်း ဆောလျင်စွာ ပြန်လွှဲပြောင်းရေးကို ဝိုင်းဝန်း အဖြေရှာကြရန် တို့ဖြစ်သည်။
ထို့အပြင် နိုင်ငံတကာ အသိုင်းအဝိုင်းတွင် ပြည်ထောင်စု မြန်မာနိုင်ငံ ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်ရေးအတွက် တိုင်းပြည်၏ အခြေခံ အဆောက်အအုံ (Institutions) များကို ပြုပြင် ပြောင်းလဲမှုများ ( Reforms) ပြုလုပ်သွား ရန်၊ တိုင်းပြည်ရေရှည်တည်တံ့ရေး၊ တည်ငြိမ်ရေး၊ သာယာ၀ပြောရေးတို့ကို ရှေ့ရှုးပြီး လူထုကို ကာကွယ်မှုပေး သော လုံခြုံရေး စနစ်တည်ဆောက်သွားရန်၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ် ပေး ခြင်းနှင့် ပြည်သူလူထုများ၏ ဆုံးရှုံးနစ်နာမှုများအတွက် ဘ၀ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်ကုစားရေး အစီအစဉ်များ ဆောင်ရွက်သွားရန်နှင့် ရေရှည်တည်ငြိမ် ငြိမ်းချမ်း သာယာ၀ပြော ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည် ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်သွားရန် စသည် အချက်တို့ဖြစ်သည်။
NCA တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင် စီ RCSS၊ ကရင်အမျိုးသား အစည်းအရုံး KNU၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး ABSDF၊ ချင်းအမျိုးသား တပ်ဦး CNF၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ ချူပ် PNLO၊ ရခိုင်ပြည်လွတ် မြောက်ရေးပါတီ ALP၊ ကရင်အမျိုးသား ဒီမိုရေစီအကျိုး ပြုတပ်မတော် DKBA၊ မွန်ပြည်သစ်ပါ တီ NMSP နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး LDU တို့ ပါဝင်သည်။