ဖျားပုံတွင် စစ်မှုထမ်းဟောင်း တစ်ဦး ပစ်သတ်ခံရ

ဖျားပုံတွင် စစ်မှုထမ်းဟောင်း တစ်ဦး ပစ်သတ်ခံရ

ဧရာဝတီတိုင်း၊ ဖျာပုံမြို့ အတွင်း စစ်မှုထမ်းဟောင်း တစ်ဦး နိုဝင်ဘာ ၄ ရက်နေ့က ပစ်သတ်ခံလိုက်ရသည်။

 

ဖျာပုံမြို့ ၁၅ ရက်ကွက်တွင် နေထိုင်သူ စစ်မှုထမ်းဟောင်း ဦးလူမင်းသည် အိမ်မှအထွက်တွင် အမည်မသိ သေနတ်သမားက ပစ်ခတ်သွားခြင်း ဖြစ်သည် ဟု ရပ်ကွက်အတွင်း နေထိုင်သူများက ပြောသည်။

 

"၁၅ ရပ်ကွက်ရုံးကိုသွားဖို့ အိမ်ကအထွက် လမ်းပေါ်မှာ အပစ်ခံရတာ။ သေနတ်သံလည်း မကြားရဘူးလို့ သူ့ မိသားစု ပြောတယ်" ဟု သေခံတစ်ဦး က ပြောသည်။

 

လမ်းပေါ်တွင် လဲကျသွားပြီး ဦးခေါင်းမှ သွေးများထွက်လာသည့်အခါမှ သေနတ်ဖြင့် ပစ်ခတ်သွားသည်ကို သိရ သည်ဟု မျက်မြင်တွေ့ရှိသူ အချို့က ပြောသည်။

 

စစ်မှုထမ်းဟောင်း ဦးမလူမင်း အသက် ၅၀ နှစ်သည် သေနတ်ပစ်ခတ်ခံရသည့်နေရာတွင်ပင် ပွဲခြင်းပြီး သေသွား သည်ဟု သိရသည်။

 

ဦးလူမင်းသည် နေ့စဉ် စစ်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ ဧည့်စာရင်းစစ်ခြင်းနှင့် မသင်္ကာသူများ ဖမ်းဆီးသည့် ကိစ္စများတွင်ပါဝင်ခဲ့ပြီး ၎င်း၏ သတင်းပေးမှုကြောင့် အဖမ်းခံထားရသူများရှိနေသည်ဟု ဒေသခံ အချို့ကပြော သည်။

 

"စစ်တပ် အာဏာသိမ်းပြီးတဲ့နောက် ဖျာပုံမြို့မှာ စစ်တပ်၊ ရဲ သတင်းပေး ဒလန်ပစ်သတ်ခံရတာ ၂ ဦးအထိ ရှိလာပြီ" ဟု ဖျာပုံမြို့ခံ ဦးသိန်းဝင်း ကပြောသည်။

 

ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အများစုတွင် သုတ်သင် ရှင်းလင်းခံရသည့် စစ်ကောင်စီ သတင်းပေးများတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ၊ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ နှင့် ပျူ စောထီးများ ပါဝင်ခဲ့ပြီး ယခုနောက်ပိုင်း စစ်မှုထမ်းဟောင်းများပါ ပါဝင်လာခြင်းဖြစ်သည်။

 

ထို့အပြင် အောက်တိုဘာလ နောက်ဆုံးပါတ်အတွင်းက မအူပင်မြို့မှ စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့၏ အမာခံ သတင်း ပေး စစ်မှုထမ်းဟောင်း တစ်ဦး ပစ်သတ်ခံခဲ့ရသည်။

 

ဧရာဝတီတိုင်းအတွင်း ဦးလူမင်းသည် ဒုတိယမြောက်ပစ်သတ်ခံလိုက်ရသည့် စစ်မှုထမ်းဟောင်း တစ်ဦး ဖြစ် သည်။

Most read this week

ဓါတ်ပုံ - Job For Kayah
November 14, 2024
ကရင်နီပြည်နယ် လွိုင်ကော်နှင့် ရှမ်း-ကရင်နီ နယ်စပ် ဖယ်ခုံမြို့တို့တွင် ယခုရက်ပိုင်းအတွင်း...
November 14, 2024
ကချင်ပြည်၊ ဖားကန့်ရှိ ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် မြေစာပုံပြိုကျမှုဖြစ်ခဲ့ပြီး ရေမဆေးသမား...
NMG ပုံဟောင်း
November 13, 2024
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့က နယ်စပ်ကုန်သွယ်ရေးဂိတ်များကို နှစ်ဖက်အာဏာပိုင်များက ပိတ်လိုက်...
CJ ဆိုင်းတောင်တိုက်ပွဲတွင်း အရပ်သားတစ်ဦး ထိမှန်သေဆုံးခဲ့သည့်ပုံ (ပုံဟောင်း)
November 13, 2024
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာတွင် တိုက်ပွဲကာလအတွင်း သေဆုံးခဲ့သူ ရုပ်အလောင်း ၇၀...