Published
Friday, November 05, 2021
စစ်ကောင်စီတပ်ဖွဲ့က ထန်တလန်မြို့ကိုမီးတင်ရှို့၊ ဘုရားကျောင်း ၂ ကျောင်းနဲ့နေအိမ် ၁၆၀ ကျော်လောင်ကျွမ်း
ချင်းပြည်နယ်၊ ထန်တလန်မြို့ကို အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့တွေက ဒုတိယအကြိမ် မီးတင်ရှို့တာကြောင့် ဘုရားကျောင်း ၂ ကျောင်းအပါအဝင် လူနေအိမ် ၁၆၀ ကျော် လောင်ကျွမ်းပြာကျခဲ့ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ သူ့ရဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ချင်းလူမျိုးတွေအပေါ် လူမျိုးတုံးသတ်ဖြတ်တဲ့စစ်ပွဲတွေ ဆင်နွှဲနေတယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ရဲ့ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီး ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောဆိုလိုက်ပါတယ်။
စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခံထားရတဲ့ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ပေါ်မှာ စစ်ကောင်စီက ဆန်ရောင်းဝယ်ခွင့်ကန့်သတ်လိုက်တာကြောင့် ဆန်ပြတ်လပ်မှုကြုံနေကြရပါတယ်။