ကက်သလစ်အသင်းတော် ဝိဉာဉ်ဆုတောင်းပွဲ ဖားအံမြို့သုဿာန်တွင် ပြုလုပ်ခဲ့

ကက်သလစ်အသင်းတော် ဝိဉာဉ်ဆုတောင်းပွဲ ဖားအံမြို့သုဿာန်တွင် ပြုလုပ်ခဲ့

ကွယ်လွန်သေဆုံးသွားခဲ့သူများ၏ ဝိဉာဉ်များအတွက် ကက်သလစ်အသင်းတော်၏ ဆုတောင်းပွဲကို ဖားအံမြို့ရှိ ခရစ် ယာန်ဘာသာရေးအဖွဲ့ ၂ ဖွဲ့စုပေါင်း၍ ထန်းကိုးပင်သုဿာန်၌ နိုဝင်ဘာလ ၂ ရက်နေ့က ပြုလုပ်ခဲ့ကြရာ အသင်းဝင် ၁၀၀ နီးပါး ပါဝင်ဆုတောင်းပေးခဲ့ကြသည်။

 

ဖားအံမြို့ရှိ ရိုမန်ကက်သလစ်အသင်းတော်(RC)နှင့် အင်္ဂလီကန်အသင်းတော်တို့က သေဆုံးသွားခဲ့သော အသင်းသူ အသင်းသားများ ကျွတ်လွတ်စေရန်အတွက် အဆိုပါဝိဉာဉ်ဆုတောင်းပွဲကို ထိုနေ့တွင်ပင် မပျက်မကွက် နှစ်စဉ် ပြုလုပ် နေကျအတိုင်း အောက်မေ့သတိရ ဆုတောင်းပေးခြင်းဖြစ်သည်ဟု RC အသင်းသားတစ်ဦး၏ ပြောဆိုချက်အရ သိရ သည်။

 

“RC အခေါ်အဝေါ်အရ သချိုင်္င်းပွဲလို့လည်း ခေါ်ပါတယ်။ သေလွန်သွားခဲ့တဲ့ အဘိုးအဘွား မိဘ ဆွေမျိုးများကို မမေ့ လျော့ဘဲ တစ်နှစ်တစ်ခါ သတိတရ ဆုတောင်းပေးခြင်းဖြစ်ပါတယ်”ဟု အသင်းဝင်တစ်ဦးက ရှင်းပြသည်။

 

မွန်းလွှဲ ၃နာရီမှ ၄နာရီခွဲအထိ ကြာမြင့်သည့် အဆိုပါဝိဉာဉ်ဆုတောင်းပွဲကျင်းပပြုလုပ်ခဲ့ရာတွင် ကွယ်လွန်သွားခဲ့သူများ၏ အုတ်ဂူများကို ရှင်းလင်းခြင်း၊ ဆေးသုတ်ခြင်း၊ ပန်းစည်းချခြင်းနှင့် ဆီမီးထွန်းညှိ ပူဇော်ကာ ဝတ်ပြုဆုတောင်းခြင်းအမှုကို ဦးဆောင်သူ အသင်းတော်ခေါင်းဆောင်များနှင့် လာရောက်ပါဝင်သည့် အသင်းသူအသင်းသားများက ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

 

ကက်သလစ်အသင်းတော်ဘုန်းကြီးတစ်ပါးက “အဲလိုဆုတောင်းပေးရင် ဝိဉာဉ်တွေ ကျွတ်လွတ်သွားတယ်လို့ ယုံကြည်ကြတယ်ပေါ့နော်။ သေသွားတဲ့သူတွေက ဘာမှကုသိုလ်ကောင်းမှု မလုပ်နိုင်တော့ဘူးဆိုတော့ ဒီအသက်ရှင်နေသေးတဲ့ ဆွေမျိုးသားချင်းတွေက၊ အသင်းတော်ခေါင်းဆောင်တွေက သူတို့အတွက် ဆုတောင်းပေးတယ်။ အလှူဒါနလည်း ပြု ပေးတယ်ပေါ့နော်”ဟု ကေအိုင်စီသို့ မိန့်ကြားခဲ့သည်။

 

ကယ်တင်ခြင်းသည် ဘုရားသခင်၏ သနားကြင်နာခြင်းအပေါ်တွင် မူတည်ပြီး ဆုတောင်းမေတ္တာပို့သခြင်းကြောင့် ဝိညာဉ်များ ကျွတ်လွတ်သွားသည်ဟု တထစ်ချ ယုံကြည်ခြင်းထက် ဘုရားသခင်ကြင်နာမှုကို ခံစားရရှိရင်း ကောင်းကင် နိုင်ငံသို့ ရောက်ရှိခြင်းမှာ ပိုအဓိကကျသည်ဟုလည်း အဆိုပါကက်သလစ်ဘုန်းကြီးက ထပ်လောင်း မိန့်ကြားသည်။

 

ဝိဉာဉ်ဆုတောင်းပွဲကို ကက်သလစ်အသင်းတော် စတင် တည်ထောင်စဉ်ကစ၍ တစ်ကမ္ဘာလုံးရှိ အသင်းတော်တည်ရှိ ရာ နိုင်ငံ၊ နေရာ အတော်များများတွင် ယခုကဲ့သို့သော အမှုကို အစဉ်တစိုက် အမှုတော် ဆောင်ကြဉ်းပေးလေ့ရှိသည်။

Most read this week

November 14, 2024
ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေ၊ ဝင်းရေးမြို့နယ်ရှိ အနန်းကွင်း...
November 14, 2024
ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ လှိုင်းဘွဲမြို့ရှိ ရပ်ကွက်များတွင် စစ်ကောင်စီ၏...
November 13, 2024
မူတြော်ခရိုင်၊ ဖာပွန်မြို့နယ်ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ၊ စစ်ဗျူဟာချုပ်(စဗခ-၁)...
November 12, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန် နဘုလယ်ဒေသတွင် စစ်ကောင်စီက...