ဗိုလ်တစ်ထောင်ကင်းစခန်းအား S21 အဖွဲ့တိုက်ခိုက်၊ ထိခိုက်သေဆုံးမှုများရှိ

ဗိုလ်တစ်ထောင်ကင်းစခန်းအား S21 အဖွဲ့တိုက်ခိုက်၊ ထိခိုက်သေဆုံးမှုများရှိ

ဗိုလ်တစ်ထောင်မြို့နယ်အတွင်းရှိ စစ်ကောင်စီကင်းစခန်းတစ်ခု တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့သည်ဟု ထိုကင်းစခန်းအနီးတွင် နေထိုင်သူများနှင့် ရန်ကုန် PDF အဖွဲ့က ပြောသည်။

ဘဏ်ဓါးပြတိုက်ခံရမှုကြောင့် လုံခြုံရေးတင်းကြပ်ထားသည့် ထိုကင်းစခန်းကို အောက်တိုဘာလ ၂၃ ရက်နေ့၊ နံနက်အစောပိုင်းက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန် PDF အဖွဲ့က ထုတ်ပြန်သည်။

“မနက် ၅ နာရီလောက်ထင်တယ်။ ပစ်တာတော့ အချက်ရေတော်တော်များတယ်။ အိမ်ကနေ သေနတ်သံတွေ ကောင်းကောင်းကြားရတယ်” ဟု ဗိုလ်တစ်ထောင်မြို့နယ်၊ ၁ ရပ်ကွက်အတွင်းနေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။

ဗိုလ်တစ်ထောင်မြို့နယ်၊ မဟာဗန္ဓုလလမ်းပေါ်ရှိ ယာဉ်ထိန်းရုံးအတွင်း အကာအကွယ်ယူကာ လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးကို မြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်သည့် S21 အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့သည်ဟု ရန်ကုန် PDF အဖွဲ့က ပြောသည်။

ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့ S21 အဖွဲ့သည် ရန်ကုန် PDF အဖွဲ့ဝင်ဖြစ်ပြီး ယခုစစ်ဆင်ရေးဆောင်ရွက်ချက်ကို ဖုန်းဖြင့် ရိုက်ကူးထားသည့် ရုပ်သံဖိုင်တစ်ခုကို လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဖြန့်ဝေခဲ့သည်။

 

ဗိုလ်တစ်ထောင်မြို့နယ်အတွင်းရှိ ကမ္ဘောဇဘဏ်ခွဲတွင် အောက်တိုဘာလ ၂၂ ရက်နေ့က ဓါးပြတိုက်မှုဖြစ်ပွားခဲ့သဖြင့် မဟာဗန္ဓုလလမ်းတစ်လျှောက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံခြုံရေးတင်းကြပ်ထားသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့သည်ဟု ရန်ကုန် PDF က ဆိုသော်လည်း ဗိုလ်တစ်ထောင်ရဲတပ်ဖွဲ့ကမူ ၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

ထို့အပြင် အောက်တိုဘာ ၂၃ ရက် နေ့လည်ပိုင်းအချိန်က ရန်ကုန်-စမ်းချောင်းမြို့နယ်၊ ဗားကရာ မီးပွိုင့်တွင်ရှိနေသည့် ယာဉ်ထိန်းရုံးကိုလည်း အမည်မသိ လက်နက်ကိုင်အဖွဲ့က သေနတ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ရာ သေဆုံးမှုများ ရှိခဲ့သည်ဟု စမ်းချောင်းမြို့နယ်အတွင် နေထိုင်သူများက ပြောသည်။

အောက်တိုဘာလ ၂၃ ရက်နေ့၊ နံနက် ၇ နာရီအချိန်ခန့်က သန်လျင်မြို့နယ်၊ နည်းပညာတက်က္ကသိုလ် GTU ရှေ့ရှိ လုံခြုံရေးဂိတ်လည်း  သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးသွားသည်ဟု သန်လျင်မြို့ခံများ၏ ပြောပြချက်အရ သိရသည်။

 
 

 

 

ဓါတ်ပုံ - Job For Kayah
November 14, 2024
ကရင်နီပြည်နယ် လွိုင်ကော်နှင့် ရှမ်း-ကရင်နီ နယ်စပ် ဖယ်ခုံမြို့တို့တွင် ယခုရက်ပိုင်းအတွင်း...
November 14, 2024
ကချင်ပြည်၊ ဖားကန့်ရှိ ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် မြေစာပုံပြိုကျမှုဖြစ်ခဲ့ပြီး ရေမဆေးသမား...
NMG ပုံဟောင်း
November 13, 2024
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့က နယ်စပ်ကုန်သွယ်ရေးဂိတ်များကို နှစ်ဖက်အာဏာပိုင်များက ပိတ်လိုက်...
CJ ဆိုင်းတောင်တိုက်ပွဲတွင်း အရပ်သားတစ်ဦး ထိမှန်သေဆုံးခဲ့သည့်ပုံ (ပုံဟောင်း)
November 13, 2024
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာတွင် တိုက်ပွဲကာလအတွင်း သေဆုံးခဲ့သူ ရုပ်အလောင်း ၇၀...