မြောက်ဖျားပိုင်း နောင်မွန်မြို့တွင် Covid-19 ပိုးကူးစက်မှု အလွန်များလာ

မြောက်ဖျားပိုင်း နောင်မွန်မြို့တွင် Covid-19 ပိုးကူးစက်မှု အလွန်များလာ

ကချင်ပြည်နယ်မြောက်ပိုင်း ပူတာအိုခရိုင် နောင်မွန်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံနှံ့မှု နှုန်းမြင့်တက်နေပြီး အောက်တိုဘာလ ၂၁ ရက်နေ့အထိ ကူးစက်ခံရသူ ၇၀ ဦးဝန်းကျင်ခန့်အထိရှိလာကြောင်း သိရသည်။

ပြီးခဲ့သည့် ၁၀ ရက်ကျော်ကစတင်ပြီး နောင်မွန်မြို့ပေါ်ရပ်ကွက်များတွင် ရောဂါကူးစက်ပျံနှံ့မှုများဖြစ်လာပြီး လက်ရှိတွင် ဒေသခံများမှာ တောင်ယာခင်းတွင် ထွက်ပြေးတိမ်းရှောင်ရသည့်အခြေအနေထိရှိနေသည်ဟု နောင်မွန်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“နောင်မွန်မြို့မှာက တစ်ရက်ပြီး တစ်ရက် အရမ်းများလာတယ်။ မနေ့ကအထိ ၆၀ ကျော်လောက်ဘဲရှိသေးတယ်။ ဒီကနေ့ဆို ၇၀ ယောက်အထိရှိသွားပြီတဲ့။ တစ်ချို့က ရောဂါကူးစက်မှာကြောက်ပြီး အခင်းတောင်ယာတွေမှာဘဲ သွားနေကြပြီ။ ရောဂါဖြစ်တဲ့သူတွေတစ်ချို့ကလည်း အခင်းတွေမှာ သွားနေကြတယ်လို့ကြားတယ်။ အခုက မြို့ပေါ် ရပ်ကွက်အတွင်းမှာ ပိုဆိုးနေတယ်” ဟု ပြောဆိုသည်။

နောင်မွန်မြို့ပေါ်တွင် ရပ်ကွက် ၅ ခုရှိသည့်အနက် ရပ်ကွက် (၂) နှင့် (၃) တွင် ကူးစက်ပျံနှံ့မှုအများဆုံးဖြစ်နေပြီး တစ်ရက်အတွင်း ကူးစက်မှုနှုန်း ၈ ဦးမှ ၁၀ ဦးကျော်ခန့်အထိ မြင့်တက်နေကြောင်း သူက ဆက်ဆိုသည်။

ပြီးခဲ့သောအပတ် အောက်တိုဘာလ ၁၅ ရက်နေ့အထိ ရောဂါကူးစက်ခံရသူ ၁၈ ဦးအထိရှိခဲ့ပြီး ၎င်းတို့အများစုမှာ စစ်ကောင်စီလက်အောက် အုပ်ချုပ်ရေးဌာနဆိုင်ရာနေရာတွင် သွားလာလှုပ်ရှားသူများဖြစ်သည်ဟု သိရသည်။

နောင်မွန်ဒေသသည် လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲနေသေးသောကြောင့် ကျန်းမာရေးနှင့်ပတ်သက်ပြီးလည်း အလွန်အားနည်းနေသည့်အတွက် ကူးစက်မှုနှုန်း ယခုထက် ပိုမိုမြင့်တက်လာပါက အသက်အန္တရာယ်သေဆုံးသည့်အထိ ဖြစ်လာနိုင်သည်ဟု ပူတာအိုဒေသ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။

“နောင်မွန်မှာ ကိုဗစ်ကူးစက်မှုနှုန်းများနေတယ်ဆိုတာ မှန်ပါတယ်။ ကူညီရေးတွေ လိုအပ်နေတယ်။ ရောဂါကူးစက်မှုကြောင့် အသက်ကြီးတဲ့သူတွေအတွက် အင်အတန်မှ စိုးရိမ်နေရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျန်းမာရေးနဲ့ပတ်သက်ပြီး သေချာတိကျွမ်းတဲ့ ဆရာဝန်မရှိဘူး။ ကုသဖို့ အောက်ဆီဂျင်ဆိုတာလည်းမရှိဘူး။ သွားဖို့လာဖို့ အရမ်းခက်ခဲ့တယ်။ အဖက်ဖက်က မပြည့်စုံဘူး။ ဒီတပတ်အတွင်းမှာတောင် ကူးစက်ခံရသူတွေ ၆၀ ကျော်သွားပြီလို့ ကြားရတယ်” ဟု ပြောဆိုသည်။

နောင်မွန်ဒေသတွင် ဌာနေပြည်သူ့စစ်အဖွဲ့မှ စစ်သင်တန်းပို့ချပေးခဲ့ပြီးနောက် ရောဂါကူးစက်မှုရှိလာခဲ့သည့်အပြင် ပြီးခဲ့သောပတ် နောင်မွန်အုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်ပြီး ဘောလုံးပွဲပြုလုပ်ရာတွင် ကူးစက်မှုနှုန်းပိုမိုများပြားလာကြောင်း ဒေသခံများပြောဆိုချက်မှ သိရသည်။

လွန်ခဲ့သောအချိန်များက မြန်မာနိုင်ငံဒေသအသီးသီးတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံနှံ့မှုကြောင့် လူသေဆုံးမှုများရှိခဲ့သော်လည်း နောင်မွန်ဒေသခံသည် ရောဂါကူးစက်မှုနှုန်း နည်းပါးခဲ့ပြီး တတိယလှိုင်းဖြစ်ပွားခဲ့သည့်အထိ ရောဂါကူးစက်ခံရသူ ၅ ဦးအထက်သာရှိခဲ့သော ဒေသဖြစ်သည်ဟု သိရသည်။

ကံပိုင်တည်- ဆဒုံးကားလမ်းပိုင်းမြင်ကွင်း
November 14, 2024
ကချင်ပြည်နယ် မြစ်ကြီးနား- ကံပိုင်တည်ကားလမ်းပိုင်း နိုဝင်ဘာလ ၆ ရက်နေ့စပြီး စစ်ကောင်စီတပ်က...
ပုံ- ကြွက်ဘေးသင့်သွားတဲ့ အင်ပါဘာဒေသ တောင်ယာစပါးခင်းများ
November 14, 2024
ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ အင်ဘာပါဒေသထဲက ရွာပေါင်း ၁၀ ဝန်းကျင်က...
November 12, 2024
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီဆာကျေးရွာ မြေစာပုံပြိုကျမှုမှာ...
ဖမ်းဆီးခံထားရတဲ့ လွတ်တော်ကိုယ်စားလှယ် ဦးဝင်းလှိုင်
November 11, 2024
ရှမ်းမြောက်၊ နမ္မတူမြို့နယ် တအာင်းတပ်မတော် TNLA ဖမ်းဆီးထားတဲ့ NLD ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်...