စစ်ကောင်စီ ရိက္ခာသယ်ကား အစီး ၄၀ ကျော် မိုးကောင်းမှ တနိုင်းသို့ တက်သွား

စစ်ကောင်စီ ရိက္ခာသယ်ကား အစီး ၄၀ ကျော် မိုးကောင်းမှ တနိုင်းသို့ တက်သွား

စစ်ကောင်စီ၏ စစ်ရိက္ခာသယ်သော စစ်ကား ၄၀ ခန့်သည် လုံခြုံရေးအပြည့်ဖြင့် မိုးကောင်းမှ တနိုင်းဘက်သို့ ဦးတည်ကာ ယနေ့ နံနက် ၁၀ နာရီခန့်က ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်သည် အဆိုပါ စစ်ရိက္ခာများကိုသယ်ယူနိုင်ရန်အတွက် နမ္မတီးမြို့အနီးရှိ မရမ်ကထောင်စစ်တပ်ဂိတ်မှ ဒွမ်ဘန်ကျေးရွာအထိ စစ်အင်အား ၂၀၀ နီးပါးကို လုံခြုံရေးချထားပြီးနောက် မိုးကာအုပ်ထားထားသည့် စစ်ကားများ တနိုင်းဘက်သို့ တက်သွားသည်ကို မြင်တွေ့ခဲ့သည်ဟု မျက်မြင်သက်သေ လဝါးဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“မိုးကာအုပ်ထားတဲ့ စစ်ကားတွေကြီးဘဲ။ အစီး ၄၀ လောက်ရှိတယ်။ တနိုင်းဘက် ကားလမ်းမအတိုင်း တက်သွားပြီ။ နောက်ဆုံး စစ်အစီးမှာ စစ်သားတွေအပြည့်ဘဲ။ အခုဆို ဒွမ်ဘန်တောင် ကျော်သွားပြီထင်တယ်။ လမ်းမကြီးတစ်လျှောက် စစ်သားတွေ လုံခြုံးရေးယူထားကြတယ်” ဟု ပြောဆိုသည်။

တနိုင်း လီဒိုလမ်းမကြီးတစ်လျှောက် လဝါး၊ ခွမ်ဆိုင်ယန်နှင့် ဒွမ်ဘန်အနီးတဝိုက်တွင် အာဏာသိမ်းစစ်တပ် စစ်အင်အား ၁၀၀ ဝန်းကျင်က တပ်စွဲထားကာ ခရီးသွားပြည်သူများကို စစ်ဆေးမှုများပြုလုပ်နေပြီး KIA ရှိသည်ဟု ယူဆရသည့် နေရာများဘက်သို့ လက်နက်ကြီးများပုံမှန် ပစ်ထည့်နေသည်ဟု သူကဆက်ဆိုသည်။

ထို့သို့ကျေးရွာအတွင်း လက်နက်ကြီးများ ရမ်းသမ်း ပစ်ခတ်နေသောကြောင့် ခွမ်ဆိုင်ယန်ကျေးရွာ ဒေသခံအိမ်ခြေ ၁၅၀ ခန့်က တိုက်ပွဲဖြစ်ပွားလာပြီး လက်နက်ကြီး ထိခိုက်မည်ကို စိုးရိမ်သဖြင့် လဝါးကျေးရွာဘက်သို့ ရွှေ့ပြောင်းနေထိုင်ရကြောင်း သိရသည်။

တနိုင်းဘက်ကို ဦးတည်ကာ စစ်အင်အားတိုးချဲ့လာသည့်အဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က စက်တင်ဘာလ ၂၃ ရက်နေ့မှစကာ မရန်ကထောင်နှင့် မကောက်ဇွပ် ၂ ခုကြားတွင် ပထမအကြိမ် မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး အဆိုပါ တနိုင်းသွားလမ်းမပေါ်တွင် တစ်ပတ်အတွင်း အပြန်အလှန်ပစ်ခတ်မှုမှာ ၃ ကြိမ်ထက်မနည်းရှိပြီဖြစ်သည်။

 
 

 

 

Most read this week

စစ်ကောင်စီရဲ့ ဒရုန်းဗုံးသီးထိမှန်ခဲ့တဲ့ ငွေအိုးမန်း (အံစာတုံး) ကား
November 20, 2024
မန္တလေး–မြစ်ကြီးနား ဗျူဟာလမ်းပိုင်း ကန့်ဘလူမြို့နယ် ဘူးကုန်းကျေးရွာအနီးက ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့...
မြစ်ကြီးနား- ပူတာအိုလမ်းပိုင်းတွေ့ရတဲ့ ခရီးသည်ကားနဲ့ကုန်ကားများ (ပုံဟောင်း)
November 19, 2024
ကချင်ပြည်နယ် မြစ်ကြီးနား- ပူတာအိုလမ်းပိုင်းရှိ စစ်တပ်ဂိတ်တွေမှာ ည ၆ နာရီနောက်ပိုင်း...
နန့်ပေါင်လေတပ်စခန်းရဲ့တစ်ဖက်ကမ်းရှိ စန်းကားရွာ ( Google Map)
November 18, 2024
ဝိုင်းမော်မြို့နယ် စန်းကားကျေးရွာရှိ အရပ်သားနေအိမ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့...
ကံပိုင်တည်- ဆဒုံးကားလမ်းပိုင်းမြင်ကွင်း
November 14, 2024
ကချင်ပြည်နယ် မြစ်ကြီးနား- ကံပိုင်တည်ကားလမ်းပိုင်း နိုဝင်ဘာလ ၆ ရက်နေ့စပြီး စစ်ကောင်စီတပ်က...