ကယန်းပြည်သစ်ပါတီ ဗဟိုကော်မတီဝင် ဦးစိုးနိုင်နှင့် တွေ့ဆုံမေးမြန်းခြင်း

ကယန်းပြည်သစ်ပါတီ ဗဟိုကော်မတီဝင် ဦးစိုးနိုင်နှင့် တွေ့ဆုံမေးမြန်းခြင်း
by -
ကန္တရဝတီ
ကယန်းပြည်သစ်ပါတီ ဗဟိုကော်မတီဝင် ဦးစိုးနိုင် နှင့် ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်အမြင်သဘောထား တွေ့ဆုံမေးမြန်းထားချက်တွေကို ကောက်နုတ်တင်ပြထားပါတယ်။

U Soe Naingမေး ။ ။ ဒုတိယအကြိမ် ၂၁ ပင်လုံညီလာခံကို KNPP သွားရောက်မတက်နိုင်ခဲ့ဘူးအဲဒီ အပေါ်မှာပေါ့နော ဦးတို့ ကယန်းပြည်သစ်ပါတီအနေနဲ့ ဘယ်လိုမျိုးသုံးသပ်ပြီးတော့ပြောစေချင်လဲ။ ၂၁ပင်လုံပေါ်မှာ ဦးတို့ သဘောထားဘယ်လို့ရှိလဲ။

ဖြေ ။ ။ KNPPဆိုတာထက် UNFCနဲ့ အနေနဲ့ဆုံးဖြတ်ပြီးတော့ မတက်တာသင့်တော်ပါတယ်။ ဘာလို့လဲဆိုတော့ အထူးဖိတ်ကြားတဲ့အနေနဲ့ပဲ ဖိတ်တယ်လေး။ ကိုယ်တိုင်ဆွေးနွေး ဆုံးဖြတ်ပိုင်ခွင့်မရှိဘူးဆိုတော့ သိပ်တော့မထူးဘူး။ ဒါကြောင့်သူတို့ ဒီလို့ဆုံးဖြတ်တာ ကျနော်အနေနဲ့ ထောက်ခံတယ်။ နောက်ပြီးတော့ ၂၁ ပင်လုံကတော့ ကျနော်ထင်ပါတယ် သူတို့လုံးဝမလျော့ပါဘူး။ ကိုယ်လို့ချင်တဲ့အတိုင်းပဲ သူတို့ဆက်သွားမှာဖြစ်တယ်။ ပြီးတော့ ကျတော်တို့အမြင်ကတော့ သိပ်ပြီးတော့ အားရစရာမတွေ့ရသေးဘူးလေး။

မေး ။ ။ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်မှာကော ဘယ်လို့ဆက်သွားဖို့အကြံပြုချင်လဲ။ ဦးတို့ပါတီတွင်ကကော ဘာတွေလုပ်ဖို့ရှိနေလဲ။ ဘာတွေလုပ်နေလဲပေါ့နော။ ဦးတို့နည်းနည်းပြောပြပေးပါရှင့်။

ဖြေ ။ ။ အားလုံးအကန့်အသတ်မရှိပါဝင်နိုင်ရေးကို သူတို့လက်ခံဖို့လို့တယ်ပေါ့။ တချို့သွားရတယ်။ တချို့ကကန့်သတ်ထားတာရှိတယ်။ နောက်အဖွဲ့တချို့ကိုလည်း ကန့်သတ်ထားတာရှိတယ်။ ဒီ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအပေါ်မှာ သူတို့ရဲ့ဖိတ်ခေါ်တာ တရားမျှတမှုမရှိဘူးလို့ပဲ ကျတော်ဒီလို့ပဲယူဆတယ်ဗျာ။ ဒါကြောင့်မလို့ အားလုံးပါဝင်နိုင်ခြင်းမရှိသရွေ့ …အားလုံးပါဝင်နိုင်ခြင်းကန့်သတ်ခြင်း ပေါ်မှာ …ခရီးစဉ်ကတော့ကျတော်ထင်တယ်နည်းနည်းတော့ အလှမ်းဝေးအုံးမယ်လို့…ယူဆတယ်ဗျာ။

မေး ။ ။ ဦးတို့ပါတီကော ဦးဘာတွေလုပ်နေလဲပေါ့။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာကော ဘာတွေ ဘယ်လို့မျိုးအခန်းကဏ္ဍတွင်မှာ ပါဝင် လှုပ်ရှားလေ့ရှိလဲ။

ဖြေ ။ ။ ကျတော်တို့ပါတီနေနဲ့တော့ ကျနော်တို့်တစ်စိုက်မတ်မတ် တင်ပြထားတယ်။ တစ်ဆိုင်မှတ်မှတ်သွားလျှောက်ထားတာကတော့ ၂၀၀၈ ဖွဲ့စည်းပုံစာရင်းနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးပေါ့။ သို့သော်လည်းပဲ ဒီလို့မျိုးတောင်းဆိုတဲ့အပေါ်မှာ သူတို့က သိပ်ပြီးတော့ ဘဝင့်မကျတဲ့အတွက် သူတို့ကသိပ်ပြီးတော့ ကျတော်တို့ကို လောလောဆယ် သူတို့ သိပ်အလေးမထားချင်ဘူးပေါ့နော်။ ဒါပေမဲ့ ကျတော်တို့လုပ်ဆောင်စရာရှိရင်တော့ လုပ်မှာပဲ။ ဘာဖြစ်လို့လဲဒီထိ ကျတော်တို့လိုချင်တဲ့ပန်းတိုင်ကတော့ အရှုံးမပေးဘူး။ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ဖို့အရေးရယ် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး အဲ့ဒါကျတော်တို့တစ်ထောင့်တစ်နေရာကနေ လုပ်နေပါတယ်ဗျာ။

မေး ။ ။ နောက် ဟို ၂၁ပင်လုံမှာ ဦးတို့ရဲ့အသံပါလာအောင် ဘယ်လို့လုပ်တာရှိလဲ။ ဒါမှမဟုတ်လည်း ပါတီကိုယ်စားပြုသွားတက်တာတွေကော အဲ့မျိုးတွင်ရှိလားပေါ့။

ဖြေ ။ ။ ပါတီကိုယ်စားပြုတက်တာတော့မရှိဘူးဗျာ။ ဒါပေမဲ့ ကျတော်တို့ ကယန်းအမျိုးသားပါတီကိုယ်စားတက်တာရှိပါတယ်။ နောက် ကယန်းစာပေယဉ်ကျေးမှု ဥက္ကဌလည်း တက်တာရှိ်ပါတယ်။ အဲ့ဒီ သူတို့ရဲ့အသံက ကျနော်တို့ကယန်းဒေသတစ်ခုလုံး ကယန်းအမျိုးသားအတွက်တစ်လုံး ကယန်းပြည်သစ်ပါတာတွေ အားလုံးရဲ့အသံပဲလို့ ကျတော်တို့ဒီလို့ပဲ သဘောထားတယ်ဗျာ။

မေး ။ ။ နောက် အခုလည်း ဟို ဒေါ်အောင်ဆန်းစုကြည်တုန်းကလည်း ဒီ …….အစည်းဝေးမှာ ပြည်နယ်လိုက်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲခွင့်ပြုမယ်လို့လည်းပြောတယ်ကော ဆရာ။ ဆရာကယန်းပါတီအနေနဲ့ကော အဲ့ဒီအပေါ်မှာ ဘယ်လို့သဘောထားရှိလဲ။ ဘာလုပ်ဖို့ရှိလဲပေါ့နော။

ဖြေ ။ ။ ကိုယ်ပိုင်ရေးဆွဲခွင့်ဆိုတာတို့ ကျတော်ထင်ပါတယ် ဘယ်လို့်ပြောရမလဲ သူများတွေအနေနဲ့ အမြင်ကောင်းလာအောင်လုပ်တဲ့သဘောပေါ့ ကျနော်ထင်တယ်။ အပြည်အဝကတော့ သူတို့ပေးမှမဟုတ်ဘူး။

မေး ။ ။ ဦးတို့ပါတီအနေနဲ့ကော အခုကအခြေစိုက်တာက ရှမ်းပြည်မှာပေါ့နော် ဟုတ်လား။ အခု ဒီလိုမျိုး ကယန်းလူမျိုးတွေက ပြန့်ကျဲနေတဲ့အပေါ်မှာကကော ဘာပြောချင်လဲပေါ့နော ဦးတို့အရေးအတွက်ပေါ့နော။

ဖြေ ။ ။ ပြန့်ကျဲနေတာကတော့ ကျနော်တို့အတွက် အခက်အခဲတစ်ခုဖြစ်ပါတယ်။ သို့သော်လည်းပဲ ဒီပြန့်ကျဲနေတဲ့အပေါ်မှာကတော့ ကျတော်တို့က ဒီ တစ်လောတုန်းက ဒီ ဇန်နန်ဝါရီလ နောက်ဆုံးပတ်မှာ ကျနော်တို့အမျိုးသားညီလာခံခေါ်ပါတယ်။ ကယန်းအမျိုးသားညီလာခံကဆိုရင် ဒီ ပြန့်ကျဲနေတဲ့ ဒေသ(၄)ခုရဲ့အသံပါတယ်။ နောက်ပြီးတော့ ကယန်းလက်နက်ကိုင်အဖွဲဲ့အစည်းတွေရဲ့ အသံပါတယ်။ ကယန်းလူမျိုးပါပါ သုံးလေးငါးခုရဲ့အသံတွင်ပါပါတယ်။ ကယန်းလူမျိုးရဲ့အောက်မှာ ကယန်း မျိုးနွယ်စုတွေရဲ့ အသံအားလုံးပါတယ်ဗျာ။ ဒီအသံတွင်ကိုကယန်းအမျိုးသားပါတီမှာပဲ ဖြစ်ဖြစ်၊ စာပေယဉ်ကျေးမှုကနေပဲဖြစ်ဖြစ် ဟို လွှတ်တော်မှာတော့ သယ်ဆောင်သွားမယ်ဖြစ်ပါတယ်ဗျာ။

မေး ။ ။ နောက် ဦး ကရင်နီပြည် အမျိုးသားညီညွှတ်ရေး ပူးတွဲကော်မတီိကိုဖွဲ့ လိုက်တယ်လေးနော။ အဲ့ဒါကကော ဦးတို့ဘယ်လို့သဘောထားရှိလဲ။ ဦးတို့မပါဘူးထင်တယ်နော် အဲ့ထဲမှာတော့။
ဖြေ ။ ။ မပါဘူးဗျာ။

မေး ။ ။ ဘာဖြစ်လို့မပါတာလဲပေါ့။ အဲ့ဒီကော်မတီအပေါ်မှာကော ဘယ်လို့အမြင်သဘောထားရှိလည်းမသိဘူးရှင့်။
ဖြေ ။ ။ အဲ ကျနော်တို့အဲ့ဒီအပေါ်မှာကတော့ သိပ်ပြီးတော့ မှတ်ချက်ပေးစရာမရှိပါဘူးဗျာ။ ဘာဖြစ်လို့မပါလဲဆိုတော့ ခေါင်းစဉ်ကိုက ကျနော်တို့နဲ့ ဟို ကျနော်တို့က ကယန်းတို့နဲ့ခေါင်းစဉ်တည်ထားတယ်။ ပြီးတော့ ကရင်နီခေါင်းစဉ်နဲ့ကျတော့ ကျနော်တို့အတွက် နည်းနည်း ဒေသခံတွေပေါ့။ ကျနော်တို့လူထုတွေအတွက် နည်းနည်း ဟို အခက်ခဲဖြစ်နေလို့ ကျတော်တို့ ချင့်ချိန်ပြီးတော့ မြင်တာပါဗျာ။ ကန့်ကွက်တယ်လို့တော့မဟုတ်ပါဘူး။ အားပေးပါတယ်။ ဒါကလည်း ကောင်းတဲ့ကိစ္စတစ်ခုပါလို့ ကျနော်တို့ဒီလို့ပဲယူဆပါတယ်။

မေး ။ ။ တစ်ခုကြားတယ်လေး။ ကယန်းနဲ့ကရင်နဲ့ ရှမ်းနယ်စပ်မှာ ဆီးဘူးနယ်စပ်မှာလေး ခဲသတ္တုလား တခုခုုလုပ်တယ်လို့ကြားတယ် ဦးတို့ နယ်မြေထဲမှာလား။ အဲ့ဟာ ဘာသတင်းလဲနော။
ဖြေ ။ ။ ဟုတ်ပါတယ်။ ဒါကတော့ ကျတော်တို့နယ်မြေထဲမှာပါ။ ကျတော်တို့ရဲ့ တကယ် ကျတော်တို့ရဲ့ နယ်မြေထဲမှာဖြစ်ပါတယ်။

မေး ။ ။ အဲ့တာဘာတွေလုပ်တာလဲ ဦးနည်းနည်းရှင်းပြလို့ရမလားမသိဘူးနော။
ဖြေ ။ ။ ဒါကတော့ ခဲလုပ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ရဲ့ ဟိုဟာပေါ့ ဗဟိုကော်မတီရဲ့ ဆုံးဖြတ်ချက်မရှိပဲနဲ့ ပြီးတော့ ပြောဖို့တော့ နည်းနည်းခက်ခဲတယ်ဗျာ။

မေး ။ ။ တခြားကော ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့အပေါ်မှာကော ဦး ဖြည့်စွက်ပြီးတော့ ဘာတွေ ပြောဆိုဆွေးနွေးချင်တာရှိလဲမသိဘူးနော်။ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့စည်း အပေါ်တွင်မှာပေါ့နော်။ ပြီးတော့ ပြည်နယ်အစိုးရအပေါ်မှာကော။ ပြည်ထောင်စုအစိုးရပေါ်မှာကောပေါ့နော။

ဖြေ ။ ။ ဘယ်လို့ပြောရမလဲ။ ပြည်ထောင်စုအစိုးရပေါ်မှာက သူတို့တကယ်စေတနာပါပါနဲ့ စိတ်ကောင်းနှလုံးကောင်းနဲ့ လက်ခံဖို့လို့တယ်ဗျာ။ နောက်ပြီးတော့ အခုဟာက ဘယ်လို့ပြောရမလဲ တိုင်းရင်းသားဖက်ကလည်း လိုချင်တဲ့အတိုင်း ရတဲ့အတိုင်း လိုက်လျောမှုအားနည်းတဲ့ အခါကျတော့ ကျတော်ထင်တယ် ဟို အချိန်ကာလတစ်ခုက အခုထိတော့ စောင့်ရအုံးမယ်နဲ့တူတယ် ငြိမ်းချမ်းရေးပေါ်မှာ။ စစ်မှန်တဲ့ငြိမ်းချမ်းရေးပေါ်ပေါက်ဖို့အတွက်။

Most read this week

April 25, 2024
စစ်တွေမြို့ထဲက ထွက်ချင်တဲ့လူတွေအများကြီးပဲ။ ထွက်ဖို့အတွက် လမ်းခရီးကိုစုံစမ်းဖို့ အဆက်အသွယ်...
April 8, 2024
နိုင်ငံအနှံ့ စစ်မျက်နှာများတွင် အရေးနိမ့်နေသော စစ်ကောင်စီသည် စစ်အင်အားဖြည့်တင်းရန်...