မိုးဟိန်းဟောပြောမှုကို တပ်တွင်း မကြည့်မနေရကြည့်ရန် ညွှန်ကြားထား

မိုးဟိန်းဟောပြောမှုကို တပ်တွင်း မကြည့်မနေရကြည့်ရန် ညွှန်ကြားထား

မြဝတီမှ အပတ်စဉ်ထုတ်လွှင့်သော မိုးဟိန်း၏ "မြန်မာနိုင်ငံအရေး အလေးအနက်တွေးသူတစ်ဦးရဲ့ စကားသံများ" ဆိုသည့် ခေါင်းစဉ်ဖြင့် နွေဦးတော်လှန်ရေးကိုဆန့်ကျင်သော ဟောပြောပို့ချမှုများကို စစ်ကောင်စီလက်အောက်ခံ တပ်များအတွင်း တပ်မိသားစုများကို မကြည့်မနေရ ကြည့်ခိုင်းကြောင်း တပ်တွင်းသတင်းရပ်ကွက်များ၏ အပြောအရ သိရသည်။

သူရိယနေဝင်းဂျာနယ် တည်ထောင်သူနှင့် စာရေးသူ မိုးဟိန်း၏ အာဏာသိမ်းစစ်ကောင်စီအား ထောက်ခံပြောဆိုချက်များကို စစ်အစိုးရဝါဒဖြန့်ယန္တရားများဖြစ်သော မြဝတီနှင့် မြန်မာ့ရုပ်မြင်သံကြားတို့တွင် နေ့တိုင်းနီးပါး ထုတ်လွှင့်လာပြီး သူ့အစီအစဉ်လာသည်နှင့် စစ်တပ်ထိပ်ပိုင်းအဆင့်မှ အောက်ခြေတပ်သား၊ မိသားစုဝင်များပါမကျန် ကြည့်ရသည်။

"အထက်ကညွှန်ကြားချက်ရှိတယ်။ သူ့အစီအစဉ်တွေလာရင် တာဝန်ကျသူကလွဲလို့ အားလုံးကြည့်ရတယ်" ဟု စစ်တပ်မိသားစုဝင်တစ်ဦးက မဇ္ဈိမကိုပြောသည်။

"မိုးဟိန်းက လက်ရှိအခြေအနေရော၊ အရင် ပုဂံခေတ်ကစလို့ လက်ရှိခေတ်ထိ သမိုင်းရော၊ သူတို့ကျောင်းသားသမိုင်းရော အကုန်လိမ်ညာပြီး ဟောနေတာပဲ" ဟု သူကဆက်ပြောသည်။

စစ်သင်တန်းကျောင်းများတွင် နေ့စဉ်လိုလို သင်တန်းခန်းမတွင် မကြည့်မနေရကြည့်ရပြီး တပ်ရင်းများတွင်တော့ တပ်ရင်းမှူးများ၏အစီအစဉ်ဖြင့် စားရိပ်သာတို့တွင် ကြည့်ခိုင်းကြောင်း သိရသည်။

သို့သော် ယခုကဲ့သို့ ကြည့်ခိုင်းခြင်းများသည် ယခုမှမဟုတ်ဘဲ အရင်ကတည်းက စစ်သင်တန်းကျောင်းများနှင့် တပ်တွင်းတွေမှာ မြဝတီက ည ၈ နာရီသတင်းအစီအစဉ်တွေနှင့် စစ်ခေါင်းဆောင်များ၏ မိန့်ခွန်းဟောပြောချက်များကို ကြည့်ကြပြီး ပြန်ဆွေးနွေးမှုများလုပ်ရသည်။

မိုးဟိန်းသည် သူ့ကိုယ်ကျိုးအတွက်ကိုပဲကြည့်ကာ အမျိုးမျိုးဘက်ပြောင်းပြီး ပြောဆိုခဲ့သူဖြစ်သော်လည်း သူ၏ဟောပြောချက်များ တပ်တွင်းလွှမ်းမိုးမှုရှိသည်ဟု အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေသည့် ဗိုလ်ကြီးညီသုတက ပြောသည်။

“ကျွန်တော် ပြန်ကြားသလောက်ကတော့ သဘောကျတဲ့သူတွေလည်းရှိတယ်။ လွှမ်းမိုးမှုကတော့ရှိတယ်။ တပ်မတော်ကြီးက မကောင်းဘူးဆိုတာကို သိပေမယ့် တစ်ဖက်ကလည်း မကောင်းဘူးဆိုတာကို သူတို့ (စစ်အုပ်စု) ကိုယ်စားပြောပေးမယ့်သူ လိုတာပေါ့။ သူတို့လူနဲ့သူတို့တော့ ဟုတ်နေတာပဲ။ စစ်ကောင်စီအနေနဲ့က သူ့ရဲ့ လက်အောက်ခံတပ်သားတွေကို ပြန်စည်းရုံရာမှာ သူတို့ကိုယ်တိုင်ပြောတာထက်၊ အပြင်လူပြောတာက ပိုထိရောက်တာထင်တာပေါ့။ သူများပြောတာက တပ်သားတွေကို ယုံကြည်မှုပိုတိုးစေတယ်။ အချက်အလက်တွေနဲ့ အယူအဆတွေကို ပိုပြီး ထိရောက်စေတာပေါ့ဗျာ။ ကိုယ့်တရားကို သူများကပြောပေးတယ်ဆိုတဲ့သဘောပေါ့။ ကိုမိုးဟိန်းတို့ကို အသုံးချတယ်ပေါ့ဗျာ” ဟု ဗိုလ်ကြီးညီသုတက ဆိုသည်။

“မြဝတီတို့ မြန်မာ့အသံတို့ပဲ ကြည့်မနေနဲ့ပေါ့နော်၊ ပြည်သူတွေရဲ့ ရင်ဘက်ထဲကထွက်လာတဲ့ အသံစစ်စစ်တွေကို နားထောင်ပါ၊ ပြည်သူတွေနဲ့ ထိတွေ့နိုင်ဖို့ ကြိုးစားပါ။ ပြည်သူတွေ ဘာတွေခံစားနေရလဲ၊ ဘာတွေဒုက္ခရောက်နေလဲ၊ ဒါတွေကို သိအောင်လုပ်ဖို့က တပ်မတော်သားတွေရဲ့ တာဝန်ပဲ။ တပ်မတော်သားတွေဆိုတာ ပြည်သူတွေကိုကာကွယ်ဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုပဲဆိုတာ ပြောချင်တယ်” ဟု သူကဆက်ပြောသည်။

စစ်တက္ကသိုလ်ပြုတ် ၈၈ မျိုးဆက်ကျောင်းသားတစ်ဦးဖြစ်သူ မိုးဟိန်းသည် စစ်အာဏာသိမ်းမှုကို ပွင့်ပွင့်လင်းလင်း ထောက်ခံထားသူဖြစ်သည်။

၂၀၂၂ခုနှစ် ဩဂုတ်လက မြန်မာရွှေ့ပြောင်းအလုပ်သမားများကို အိန္ဒိယအာဏာပိုင်များက ဖမ်းဆီးစဥ် ( ဓာတ်ပုံ- ပုံဟောင်း)
November 18, 2024
အိန္ဒိယနိုင်ငံ ၊ မဏိပူရပြည်နယ်ရှိ အကျဥ်းထောင်အတွင်း ထိန်းသိမ်းခံနေရသည့် မြန်မာများအတွက်...
November 14, 2024
ထိုင်း-မြန်မာနယ်စပ် ကော့သောင်း-ရနောင်း နယ်စပ်ဂိတ်မှတဆင့် ထိုင်းလူဝင်မှုကြီးကြပ်ရေးအရာရှိများက...
November 14, 2024
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ရဲတပ်ဖွဲ့ရုံးနှင့် ကားပစ္စည်းအရောင်းဆိုင်များကို စစ်ကောင်စီက...
နောင်ချိုမြို့ပေါ်၊ ဈေးရပ်ကွက်ရှိ လန်းဆန်းလက်ဖက်ရည်ဆိုင် လေကြောင်းတိုက်ခိုက်ခံရပြီးနောက် မြင်ကွင်း(ဓာတ်ပုံ- ဒေသခံ)
November 13, 2024
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးနှင့် မူဆယ်သို့သွားသည့် ခရီးသွားကားများ တထောက်နားသည့်...