ကိုဗစ်ကူးစက်မှု မြင့်မားနေသဖြင့် ဟုမ္မလင်းမြို့ရှိ ရပ်ကွက်တစ်ခုကို Lockdown ချထားရ

ကိုဗစ်ကူးစက်မှု မြင့်မားနေသဖြင့် ဟုမ္မလင်းမြို့ရှိ ရပ်ကွက်တစ်ခုကို Lockdown ချထားရ

ကိုဗစ်ကူးစက်မှု မြင့်မားနေသဖြင့် ဟုမ္မလင်းမြို့ရှိ ရပ်ကွက်တစ်ခုကို Lockdown ချထားကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကိုင်းတိုင်ဒေသကြီး ဟုမ္မလင်းမြို့နယ်ရှိ မြို့မရပ်ကွက်ကို ဇွန် ၂၈ ရက်မှစ၍ Lockdown ချခဲ့ခြင်းဖြစ်ပြီး ယင်းမြို့နယ်တွင် ကိုဗစ်ကူးစက်ခံရသူမျးထဲတွင် ကျောင်းဆရာမတချို့နှင့် ကျောင်းသား/သူများလည်းပါဝင်ကြောင်း သိရသည်။

“အခြေအနေအရ ရပ်ကွက်တစ်ချို့ကိုလည်း Lockdown ဆက်ချသွားဖို့ရှိတယ်။ နယ်တွေမှာဆိုရင်တော့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကိုပဲ စီစဉ်ဖို့ ပြောထားတာတော့ တွေ့ရတယ်” ပရဟိတလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

ဟုမ္မလင်းမြို့တွင် ယခင်က Covid19 ကူးစက်ရောဂါ ကာကွယ်ကုသပေးထားခဲ့သည့် ကျန်းမာရေးဆရာဝန်၊ သူနာပြုများ CDM လုပ်ရှားမှုတွင်ပါဝင်သောကြောင့် အလုပ်မှ ထုတ်ပယ်ခံရပြီး လက်ရှိတွင် Non CDM တချို့နှင့် စစ်ကောင်စီ ကျန်းမာရေးဌာနမှ ဆရာဝန်များက ကုသပေးလျက်ရှိသည်ဟု ဆိုသည်။

ဟုမ္မလင်းမြို့နယ်အတွင်း ကိုဗစ်ကူးစက်မှုသည် ဒေသတွင်းကူးစက်မှု ဖြစ်ပေါ်နေခြင်းဖြစ်ပြီး ဇွန်လတစ်လထဲတွင် ကိုဗစ်လူနာ 161 ဦးအထိ ကူးစက်ခြင်းခံထားရကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...