ကန်ပက်လက်မြို့တွင် ပြည်သူ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေရဆဲ

ကန်ပက်လက်မြို့တွင် ပြည်သူ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေရဆဲ

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း ဒေသခံပြည်သူများအများစုသည် နေရပ်သို့မပြန်ရဲကြသေးဘဲ စစ်ဘေးတိမ်းရှောင်သူ ၂၀၀၀ ကျော်ရှိနေသေးကြောင်း သိရသည်။

 

“ကျွန်တော်တို့ ကန်ပက်လက်မှာ ကြက်ခြေနီက စစ်ရှောင်စခန်း တရားဝင်အနေနဲ့ စစ်ရှောင်စခန်းတစ်ခု ဖွင့်ထားတယ်။ ဆောလာင်းကျေးရွာမှာ။ အညာကတင်း စစ်ရှောင်စခန်းမှာလည်း လူဦးရေ ၄၀၀ ဝန်းကျင်ခန့်ရှိမယ်။ တီးကုန်ရွာတို့ လောင်းရှည်တို့မှာလည်း ရှိတယ်လို့ကြားတယ်။ အကုန်လုံးခြုံငုံပြောရရင် ၁၄၀၀ လောက်ကိုရှိမယ်။ ဒါက မြို့ပေါ်ကတွေမပါသေးပဲနဲ့။ နောက်ပြီး တောထဲပုန်းရှောင်တာတို့၊ အဆင်မပြေတဲ့စစ်ရှောင်တို့၊ ရွာတွေမှာသွားနေတာတွေ သိပ်မပါသေးပဲနဲ့ စစ်ရှောင်စုစုပေါင်းပေါ့နော်” ဟု ကန်ပလက်မြို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ဝင်တစ်ဦးကပြောသည်။

 

မိုးတွင်းကာလ ရောက်ရှိလာသောကြောင့် တောထဲသို့ပုန်းရှောင်နေကြရသည့် ကန်ပက်လက် စစ်ဘေးရှောင်ပြည်သူများသည် အမိုးကာများမရှိသည့်အတွက် ဌက်ပျောရွက်၊ သစ်ရွက်များကို အသုံးပြုကြရကာ အစားအသောက်၊ ဆေးဝါးများ အကူအညီလိုအပ်မှုတွေ ကြုံတွေ့နေရကြောင်း သိရသည်။

 

ကန်ပလက်မြို့၊ ကြက်ခြေနီက စစ်ဘေးရှောင်စခန်းတစ်ခုကို ဖွင့်လှစ်ပေးထားကာ မြို့ပေါ်နေပြည်သူတချို့မှာ မိမိတို့ဇာတိရွာအပြင် ဆောမြို့တို့တွင် အိမ်ဌားကာ စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။

 

ကန်ပလက်မြို့၊ ကြက်ခြေနီအဖွဲ့ ဇွန် ၃ ရက်မှစတင်ပြီး ကန်ပလက်မြို့ပေါ်နှင့် တောထဲရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် လိုအပ်သော ဆေးဝါး၊ အစားအသောက်၊ အဝတ်အထည်နှင့် မိုးကာများကိုလည်း ပံ့ပိုးကူညီပေးနေကြောင်းလည်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...