မွန်ပြည်နယ် သထုံမြို့နယ်ရှိ နောင်ဘိုကျေးရွာ အုပ်ချုပ်ရေးမှူးတစ်ဦး အမည်မသိသူနှစ်ဦး၏ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် သေဆုံးမှု ဇွန် ၂၁ ရက်က ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။
အဆိုပါ အုပ်ချုပ်ရေးမှု ဦးစိုးသိန်းမှာ စစ်ကောင်စီက ခန့်အပ်ထားသူဖြစ်ပြီး နေအိမ်တွင် သစ်သီးဆိုင်ဖွင့်ပြီး ဈေးရောင်းနေစဉ် သေနတ်ဖြင့် ပစ်ခက်ခံခဲ့ရကြောင်း ဆိုသည်။
နောင်ဘိုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးသိန်းကို ဆိုင်ကယ်ဖြင့် ဒူးရင်းသီးလာဝယ်သူနှစ်ဦးက သေနတ်ဖြင့် ပစ်ခက်ခဲ့တာကြောင့် လေးချက်ထိမှန်ကာ အခင်းဖြစ်နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။
ထိုဖြစ်စဉ်ဖြစ်ပွားပြီးနောက် စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ဝင်များက သထုံမြို့နယ် အဝင်/အထွက်နှင့် နေရာအချို့မှာ ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။
အလားတူ မေ ၂၇ ရက်ကလည်း ဘီးလင်းမြို့နယ် ပြည်ခိုင်းဖြိုးပါတီဥက္ကဌ ဦးမြင့်ဆွေ အလူးလေးကျေးရွာရှိ ခြံထဲသွားစဉ် အမည်သိသူနှစ်ဦး ရောက်ရှိလာပြီး သေနတ်ဖြစ်ပစ်ခတ်ခဲ့ရာ နေရာတွင်ပင် သေဆုံးသွားကြောင်း သိရသည်။
Published
Wednesday, June 23, 2021
သထုံမြို့နယ် နောင်ဘိုကျေးရွာ အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့်ပစ်ခံရပြီး သေဆုံး