ကချင်စုရပ်ကွက်ရှိ မူလွန်ကျောင်းမှ ဆရာမတစ်ဦးတွင် ကိုဗစ်ပိုးတွေ့

ကချင်စုရပ်ကွက်ရှိ မူလွန်ကျောင်းမှ ဆရာမတစ်ဦးတွင် ကိုဗစ်ပိုးတွေ့
by -
ခေါင်ညွယ် (KNG)
 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ကချင်စုရပ်ကွက်၊ မူလွန်ကျောင်းမှ ဆရာမတစ်ဦးတွင် ပိုးတွေရှိခဲ့ခြင်းကြောင့် လက်ရှိအဆိုပါကျောင်းအား ယာယီပိတ်ထားကြောင်း ကချင်ပြည်နယ် ဒု-လက်ထောက်ပညာရေးမှူးထံမှ သိရသည်။

 

"အစတော့ ဖျားလာတယ်။ အနံ့မရဘူးပေါ့နော်။ အဲဒါနဲ့ ဆေးရုံမှာသွားစစ်တယ်လို့ သိရတယ်။ သူ့ရဲ့ဆေးစစ်ချက်က မနေ့ညနေကမှ ထွက်လာတော့ ဆရာတို့လည်း မနေ့ကပဲသိရတယ်။ ခုလောလာဆယ်တော့ အဲကျောင်းက အထက်ကိုတင်ပြတော့ ခဏပိတ်ခိုင်းထားလို့ ပိတ်ထားပါတယ်" ဟု ကချင်ပြည်နယ် ဒု-လက်ထောက်ပညာရေးမှူး ဦးရဲအောင်ကပြောသည်။

 

လက်တစ်လောသတင်းများအရ မြစ်ကြီးနားမြို့ပေါရှိ စာသင်ကျောင်းများအားလုံး သုံးရက်ပိတ်မည်ဖြစ်ကြောင်း သတင်းများထွက်နေလျက်ရှိပြီး ယင်းသတင်းများနှင့်ပတ်သက်၍ မဟုတ်မှန်ကြောင်း ဒု-လက်ထောက်ပညာရေးမှူးက ပြောသည်။

 

“အားလုံးပိတ်တယ်ဆိုတာ မဟုတ်ပါဘူး။ အဲဆရာမနဲ့ ဆက်စပ်မူရှိခဲ့တဲ့ နှစ်ယောက်က အ.ထ.က.(၄) ကျောင်းက နှစ်ယောက်ပါတယ်လို့ သတင်းရတဲ့အတွက် အဲကျောင်းကိုလည်း ပိတ်ထားပါတယ်။ လောလောဆယ် ကချင်စုက မူလွန်ကျောင်းနဲ့၊ အ.ထ.က (၄) အဲနှစ်ကျောင်းကို ပိတ်ထားပါတယ်။ ဒီနေ့ ကျောင်းအုပ်တွေအားလုံးကိုလည်း အစည်းအဝေးခေါ်ထားပါတယ်” ဟု ဒု-လက်ထောက်ပညာရေးမှူးက ပြောသည်။

 

အဆိုပါ ပိုးတွေ့သည့်ဆရာမနဲ့ ဆက်စပ်သူများလည်း ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

စစ်ကောင်စီလောက်အောက်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဇွန် ၂၀ ရက် ထုတ်ပြန်ချက်အရ ကချင်ပြည်နယ်အတွင်း ပိုးတွေ့လူနာ လေးဦးရှိကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...