မိဝေသီဖြိုး သတ်ဖြတ်ခဲ့သူအား ဖမ်းမိဆိုသည့်သတင်း မဟုတ်မမှန်ဟု မွန်ပြည်သစ်ပါတီအရာရှိ ငြင်းဆို

မိဝေသီဖြိုး သတ်ဖြတ်ခဲ့သူအား ဖမ်းမိဆိုသည့်သတင်း မဟုတ်မမှန်ဟု မွန်ပြည်သစ်ပါတီအရာရှိ ငြင်းဆို
by -
စိုင်းထွန်းစံ (MNA)

မွန်ညီညွတ်ရေးပါတီ MUP အမတ်လောင်း မိဝေသီဖြိုး သတ်ဖြတ်ခဲ့သူအား ဖမ်းမိသည်ဆိုသည့်သတင်းနှင့်ပတ်သက်၍ မဟုတ်မမှန်ကြောင်း ၎င်းအမှုကို လိုက်ပါဆောင်ရွက်နေသော မွန်ပြည်သစ်ပါတီ NMSP အရာရှိတစ်ဦးက မွန်သတင်းအေဂျင်စီသို့ အတည်ပြုပြောကြားသည်။

“လုပ်ကြံတဲ့လူကို ဖမ်မိပြီဆိုတဲ့သတင်း မဟုတ်မမှန်သေးဘူးလို့ လောလောဆယ် အဲဒီလောက်တော့ ပြောနိုင်တယ်။ စကားပြောစက်တစ်လုံးနဲ့ မသင်္ကာစရာ လှုပ်ရှားနေတာတွေ့တော့ ရွာသားတွေသတင်းပေးလို့ မွန်ပြည်သစ်ဆက်ဆံရေးရုံး၊ နယ်မြေတပ်ရင်းနဲ့ ရဲတွေသွားဖမ်းခဲ့ပါတယ်။ အချုပ်ခန်းမှာ တစ်ညထားပြီး အခု ကျွန်တော်တို့ဆီမှာ ထိန်းသိမ်းထားတယ်။ စစ်ဆေးလို့မပြီသေးပါဘူး” ဟု မွန်ပြည်သစ်ပါတီအရာရှိက ဆိုသည်။

သို့ရာတွင် ဦးအောင်ဌေးအား မွန်ပြည်သစ်ပါတီ ဘုရားသုံးဆူမြို့နယ်ရုံး၌ ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ကြောင်း သိရသည်။

မိဝေသီဖြိုးသည် ဇွန် ၈ ရက် ညနေပိုင်းက ဘုရားသုံးဆူမြို့သို့သွားရောက်ရန် မော်တော်ကားမောင်းနှင်လာစဉ် ရွာသစ်ရွာနေအိမ်မှ ထွက်ခွာခဲ့ပြီးမိနစ်အတွင်း လမ်းမကြီးပေါ်တွင် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်သေဆုံးခဲ့ရခြင်းဖြစ်ပြီး ၎င်းကိစ္စအတွက် လက်သည်တရားခံကို ဆက်လက်စုံစမ်းရှာဖွေနေဆဲဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...