မင်းတပ်တွင် စစ်ဘေးတိမ်းရှောင်စဉ် လသားအရွယ်ကလေးငယ်နှင့် သက်ကြီးပိုင်းတစ်ဦး သေဆုံးမှုဖြစ်ပေါ်ခဲ့

မင်းတပ်တွင် စစ်ဘေးတိမ်းရှောင်စဉ် လသားအရွယ်ကလေးငယ်နှင့် သက်ကြီးပိုင်းတစ်ဦး သေဆုံးမှုဖြစ်ပေါ်ခဲ့

မင်းတပ်မြို့ စစ်ဘေးရှောင်အမှတ် ၃ ဇုံမှ ခုနစ်လသားအရွယ် စစ်ဘေးရှောင်ကလေးငယ်တစ်ဦးနှင့် အသက် ၅၇ နှစ်အရွယ် အမျိုးသားစစ်ဘေးရှောင်တစ်ဦး ဖျားနာမှုကြောင့် သေဆုံးမှုဖြစ်ပေါ်ကြောင်း အမှတ် (၃) ဇုံမှ တာဝန်ခံတစ်ဦးက ပြောသည်။

 

"ကလေးက အအေးမိတာ စစ်ဘေးရှောင်ပြေးရင်းနဲ့ပေါ့နော်။ တောထဲမှာပဲနေကြတာ ကိုးကလေးက ရွာတွေအထိ စကစတွေကလည်း လိုက်လာတယ်။ ဒါကြောင့် တောထဲထိပြေးကြတာ မိုးလည်းရွာတယ်။ အေးလည်းအေးနေတယ်။ အဲဒါကြောင့် ဖျားကြတယ်။ နောက်တစ်ဦးက လူကြီးပိုင်း၊ ငွေတီကျေးရွာ စစ်ဘေးရှောင်စခန်းက သူကကျတော့ ရောဂါအခံလည်းရှိတယ်။ ကျန်းမာရေးပိုင်းမှာ အခံရှိတယ်။ သူလည် တောထဲမှာပြေးရင်းနဲ့ အအေးမိတယ်ဖျားတယ်။ ပြီးတော့ သူ့ကိုပြုစုမယ့်သူကလည်း မရှိကြတော့ ဆေးဝါးလည်းမရောက်နိုင် သူလည်းဆုံးသွားတာပါ" ဟု တာဝန်ခံကပြောသည်။

 

မင်းတပ်မြို့နယ် မဲင်းကျေးရွာက ခုနစ်လသားအရွယ်ရှိသော စစ်ဘေးရှောင်ကလေးငယ်တစ်ဦးမှာ အအေးမိဖျားနာ၍ ယနေ့ ဇွန် ၁၈ ရက်တွင် သေဆုံးခဲ့ပြီး ငွေတီကျေးရွာမှ အသက် ၅၇ နှစ်အရွယ်မှာ ဇွန် ၁၅ ရက်နေ့က သေဆုံးခဲ့ခြင်းကြောင်း သိရသည်။

 

မင်းတပ်မြို့တွင် စစ်ဘေးရှောင် အမှတ် ၁၂ အထိရှိ ယခုလက်ရှိ အမှတ် ၃ ဇုံတွင် စစ်ဘေးရှောင် (၂) ဦး သေဆုံးမှုရှိပြီဖြစ်ကာ မကွေးတိုင်းဖက် စစ်ဘေးရှောင်ပြေးကြသူများတွင်လည်း ရာသီဥတုကြောင့် ဖျားနာသေဆုံးသူရှိပြီဟု ဆက်ပြောသည်။

 

မင်းတပ်မြို့ စစ်ဘေးရှောင်ပြည်သူများသည် လမ်းကြောပိတ်ဆို့မှုကြောင့် စားနပ်ရိက္ခာနှင့် ဆေးဝါးများလိုအပ်မှုမြင့်မားနေပြီး မိုးတွင်းရာသီဖျားနာသူအများအပြားရှိကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...