ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ်အဖြစ် ဟုမ္မလင်းမြို့နယ်က ပန်းသပိတ်ပြုလုပ်

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ်အဖြစ် ဟုမ္မလင်းမြို့နယ်က ပန်းသပိတ်ပြုလုပ်
CURS-Chindwin,Uru Spring Revolution Page
CURS-Chindwin,Uru Spring Revolution Page

ဇွန်လ ၁၉ ရက်နေ့တွင်ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ်အဖြစ် ဟုမ္မလင်းမြို့နယ် နမ့်တောစံပြကျေးရွာတွင် ပန်းသပိတ်ကိုပြုလုပ်ပြီး ညီတက်ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြသည်။

သပိတ်စစ်ကြောင်းများကို စစ်ကောင်စီတပ်များက လာရောက်ဖြိုခွဲဖို့ ကြိုးစားမှုများလည်းရှိသည်ဟု ဆိုသည်။

ဟုမ္မလင်းမြို့နယ်တွင် ယခုရက်ပိုင်း NLD ပါတီထောက်ခံသူများနှင့် နွေဦးတော်လှန်ရေးတွင် ပါဝင်ဆန္ဒထုတ်ဖော်ခဲ့သူများကို ဖမ်းဆီးနေမှု ဆက်တိုက်ပြုလုပ်လျှက်ရှိသည်။

ယနေ့ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံဒေသအနှံ့အပြားက ပန်းသပိတ်ကို တစ်ဦးခြင်း၊ တစ်ဖွဲ့ခြင်း ပြုလုပ်လျှက်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်ကောင်စီက ပုဒ်မအမျိုးမျိုးဖြင့် တရားစွဲဆို ဖမ်းဆီးချုပ်နှောင်ထားသည်။

 
 

 

 

Most read this week

November 23, 2024
မန္တလေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့ကနေတဆင့် အိန္ဒိယနိုင်ငံအထိ ...
November 22, 2024
ကချင်ပြည်နယ်အတွက် စက်သုံးဆီခွဲတမ်း( Purchase Order – PO)ကို  မြစ်ကြီးနားမြို့တစ်ခုတည်းကိုသာ...
November 20, 2024
တော်လှန်ရေးကာလ သုံးနှစ်ကျော်ကြာမြင့်လာချိန် ပင်လည်ဘူးမြို့နယ်က ကလေးငယ်တွေဟာ ကျောင်းပညာရေးကို...
November 20, 2024
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းလက်နက်ကိုင်တပ်ဖွဲ့  PSLF/TNLA...