ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALP) မှ အရာရှိတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ငါးဦး အိန္ဒိယနိုင်ငံ မီဇိုရမ်တွင် ဖမ်းဆီးခံရ

ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALP) မှ အရာရှိတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ငါးဦး အိန္ဒိယနိုင်ငံ မီဇိုရမ်တွင် ဖမ်းဆီးခံရ
by -
ကောင်းကျော်နိုင် (BNI)

ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALP) မှ အရာရှိတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ငါးဦး  အိန္ဒိယနိုင်ငံ မီဇိုရမ်တွင် ဇွန် ၁၁ ရက် ညနေပိုင်းက  ဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။

“အဖမ်းခံရတာကိုတော့ မှန်ပါတယ်။ အိန္ဒိယနိုင်ငံမှာရှိတဲ့ အာဆာရိုင်ဖယ်အဖွဲ့က ဖမ်းတယ်လို့ သိရပါတယ်။ ဘယ်လိုဖြစ်ပြီးဖမ်းတယ်။ ဘာကြောင့်အဖမ်းခံရတယ်ဆိုတာကိုတော့ ကျွန်တော်တို့လည်း အတည်မပြုနိုင်သေးဘူး” ဟု ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALP) မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်စောမြက ပြောသည်။

ယခုဖမ်းဆီးခံရသည့် လူငါးဦးထဲတွင် အရာရှိတစ်ဦးပါဝင်သည်ကို ကြားသိရသော်လည်း အမည်နဲ့ ရာထူးများကို အတိကျမသိအသေးသည့်အတွက် ဖမ်းဆီးခံရသူများ၏ အမည်နှင့်ရာထူးများကို အတည်မပြုနိုင်သေးကြောင်း ဗိုလ်စောမြက ဆက်လက်ပြောကြားသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...