ဘာအံမြို့မှ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလူငယ် ၃၆ ဦးကို စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ်ချမှတ်

ဘာအံမြို့မှ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလူငယ် ၃၆ ဦးကို စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ်ချမှတ်
by -
စိုင်းထွန်းစံ (MNA)

ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် ငြိမ်းချမ်းစွာသပိတ်မှောက် ဆန္ဒပြကြသည့် လူငယ် ၃၆ ဦးကို မြို့နယ်တရားရုံးက ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ် နှစ် နှစ်စီ ချမှတ်လိုက်ကြောင်း ဘားအံနည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂထံမှ သိရသည်။ 

 

၎င်းတို့သည် ဖေဖော်ဝါရီ ၂၈ ရက်က စစ်အာဏာရှင်ဆန့်ကျင်‌ရေး ငြိမ်းချမ်စွာ သပိတ်မှောက်ချီတက်ကြစဉ် ဘားအံမြို့နယ်၊ ပိတောက်လမ်း၊ ကမ်းနားတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ဇွန် ၁၁ ရက်တွင် တရားရုံးက ထောင်ဒဏ် အပြစ်ပေးလိုက်ခြင်းဖြစ်သည်။ 

 

အဆိုပါ ထောင်ဒဏ်ချမှတ်ခံရသည့် လူငယ် ၃၆ ဦးထဲတွင် ဘာအံနည်းပညာတက္ကသိုလ်မှ နောက်ဆုံးနှစ်ကျောင်းသား၊ လျှပ်စစ်စွမ်းအားဌာနမှ ကိုကျော်ဇင်နိုင်ပါဝင်ကြောင်း သိရသည်။

 

ဘားအံမြို့မှ ကျောင်းသူတစ်ဦးက "ဘာလက်နက်မှတောင်မပါပဲ ရိုးရိုးဆန္ဒပြကြတဲ့ လူငယ်တွေကိုလုပ်ရက်လိုက်တာ။ ချိန်းလိုက်တဲ့ရုံးချိန်းတွေ တက်လိုက်ရတဲ့တရားခွင်တွေ အမိန့်တစ်ခါချဖို့အရေး။ တစ်ခြားမြို့နယ်တွေမှာတောင် ရိုးရိုးဆန္ဒပြတဲ့လူငယ်တွေကို ခံဝန်ကတိနဲ့ ပြန်လွှတ်ပေးကြတယ်။ ဘားအံက တော်တော်ရက်စက်တယ်" ဟု ပြောဆိုကြောင်း ဘားအံနည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

 

အလားတူ မော်လမြိုင်တက္ကသိုလ်မှ ဖမ်းဆီးခံရသည့် ကျောင်းသား၊ ကျောင်းသူ ရှစ်ဦးတို့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် ဇွန် ၁၁ ရက်တွင် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း မိသားစုဝင်တွေထံမှ သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...