ရခိုင်ပြည်နယ်တွင် ပထမဆုံးသော ပြည်သူ့ကာကွယ်ရေးတပ်ကို သံတွဲမြို့နယ်၌ ဖွဲ့စည်း

ရခိုင်ပြည်နယ်တွင် ပထမဆုံးသော ပြည်သူ့ကာကွယ်ရေးတပ်ကို သံတွဲမြို့နယ်၌ ဖွဲ့စည်း
by -
ခိုင်လူလှ (Narinjara)

ရခိုင်ပြည်နယ်တွင် ပထမဆုံးသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို သံတွဲမြို့နယ်၌ ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

 

သံတွဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Thandwe People Defense Force- TPDF) ကို ပါဝင်သင့်ပါဝင်ထိုက်သည့် နိုင်ငံရေးအင်အားစုများနှင့် အကြမ်းဖက်စစ်ကောင်စီအား ဆန့်ကျင်တော်လှန်လျက်ရှိသော ရဲဘော်များစုစည်းညှိနိုင်း၍ ၂၀၂၁ ခုနှစ် ဇွန်လ ၇ ရက်နေ့တွင် ဖွဲ့စည်းတည်ထောင်လိုက်ကြောင်း အဆိုပါအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

သံတွဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ရည်ရွယ်ချက်လေးချက်ဖြင့် ဖွဲ့စည်းရခြင်းဖြစ်ကြောင်း၊ ၎င်းတို့မှာ (၁) စစ်အာဏာရှင်စနစ်အမြတ်ပြတ်ချေမှုန်းနိုင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အလျင်အမြန်တည်ဆောက်နိုင်ရေး၊ (၂) ရခိုင်ပြည်နယ်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များနှင့် ချိတ်ချက်၍ ထိရောက်သော တော်လှန်ရေးတိုက်ပွဲများ အရှိန်အဟုန်ဖြင့် ဖော်ဆောင်နိုင်ရေး၊ (၃) သံတွဲမြို့နယ်မှ ပြည်သူ့လူထု အသက်အိုးအိမ်စည်းစိမ်များအား အကြမ်းဖက်စစ်ကောင်စီတပ်များ၏ ရန်မှ ကာကွယ်ပေးနိုင်ရေးနှင့် (၄) NUG၊ CRPH နှင့် အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ချိတ်ဆက်လျက် ဟန်ချက်ညီသော နိုင်ငံရေး၊ စစ်ရေး တိုက်ပွဲများ စနစ်တကျဖော်ဆောင်နိုင်ရေးတို့ဖြစ်ကြောင်း သိရသည်။

 

ရခိုင်ပြည်နယ်တွင် သံတွဲအပါအဝင် တောင်ကုတ်၊ ဂွနှင့် မာန်အောင်မြို့တွင် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...