ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ဇွန် ၅ ရက်နေ့ညနေပိုင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အာဏာသိမ်းစစ်ကောင်စီက လူငယ်အယောက် ၅၀ ကျော် ဖမ်းဆီးထားပြီး ယနေ့ထိ ပြန်မလွတ်သေးကြောင်း ဒေသခံတစ်ဦးမှ သိရသည်။
"၅၀ ကျော်ဖမ်းခံရတယ်။ လွတ်လာတဲ့သူမရှိသေးဘူး။ သူတို့ပြန်လွတ်ဖို့ဆိုတာတော့ရှိတယ်။ ဒါပေမဲ့ တကယ်လွတ်လာတာတော့ မရှိသေးဘူး။ အခုချိန်ထိတော့ ဖမ်းဆီးခံရတဲ့သူတွေက တကယ်တော့ သတင်းကြားတယ်။ သတင်းမေးဖို့သွားရှာတဲ့သူတွေရော တချို့ကျတော့ ဒီတိုင်း လမ်းသွားလမ်းတွေကိုပဲခေါ်လိုက်တာ အသံကြားလို့ အဲဒီနားကိုလာတဲ့သူတွေလည်းပါတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။
ဖမ်းဆီးခံရသူများအနက် အမျိုးသမီးများကို ဟားခါးမြို့ရဲစခန်းတွင်ထားရှိပြီး အမျိုးသားများကိုမူ ၂၆၆ စစ်ဗျူဟာဘက်တွင်ထားရှိကြောင်း သိရသည်။
ဟားခါးမြို့ မြို့သစ်ရပ်ကွက် နေအိမ်တစ်လုံးတွင် မေ ၅ ရက်ညနေပိုင်းက ဗုံးပေါက်ကွဲမှု သုံးကြိမ်ဖြစ်ပွားကာ CDF-Hakha မှ သုံးဦးကျဆုံးခဲ့ကြောင်း သိရသည်။
Published
Sunday, June 06, 2021
ဟားခါးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီက လူငယ် ၅၀ ကျော်ဖမ်းဆီးခဲ့ပြီး ယခုအချိန်ထိ ပြန်မလွတ်သေး