ပူတာအိုမြို့နယ်တွင် စစ်ရေးလှုပ်ရှားလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို KIA တပ်မဟာ ၁ တပ်ဖွဲ့က မေ ၃၀ရက် နံနက်ပိုင်း ၁၁နာရီခွဲဝန်းကျင်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် ပူတာအိုမြို့နယ်ရှိ တန်ဂျာ(Tang Ja Mare) ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။
လုန်ရှာယာန်(Lung Sha Yang Mare) နှင့် ဆွမ်ပီယာန်(Sum Pyi Yang)ကျေးရွာတို့ကို ဦးတည်ပြီး စစ်ရေးလှုပ်ရှားလာသော စစ်အင်အား ၅၀ခန့်ပါရှိသည့် စစ်ယာဥ်တန်းကို KIA က တန်ဂျာကျေးရွာအလွန်အင်ဒေါင်ဘွမ့်တောင်ခြေအောက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
"တိုက်ပွဲက အခုဖြစ်နေတာ။ တန်ဂျာကျေးရွာအလွန် တောင်ခြေအောက်မှာဖြစ်တယ်လို့သိရတယ်။ စစ်ရေးလှုပ် ရှားလာတဲ့ ဗမာစစ်သားတွေကို KIA က စောင့်ပြီးပစ်တာတဲ့။ ကျန်တာက မသိရသေးဘူး"ဟုပြောဆိုသည်။
ယင်းတိုက်ပွဲနှင့်ပတ်သက်၍ ထိခိုက်ဒဏ်ရာ ရရှိမှုကို မသိရသေးကြောင်း ၎င်းက ဆက်လက်ပြောသည်။
ပူတာအိုမြို့နယ်အတွင်း တိုက်ပွဲ ပြင်းထန်လာပြီး မေလ ၂၉ရက်နေ့တွင်လည်း လုန်ရှာယာန်ကျေးရွာ အနီးတဝိုက်တွင် စစ်အင်အားတိုးချဲ့လာသည့် စစ်ယာဉ်တန်း ကို KIA က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ပုံဟောင်းအသုံးပြုထားသည်။
ထို့ပြင် မေ ၂၉ ရက် ည ၁၂နာရီ ဝန်းကျင်ကလည်း ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသ နန့်မွန်းမြို့အတွင်းရှိ ပြည်သူ့စစ်စခန်းနှင့် တောင်ထိပ်ကင်းစခန်း နှစ်ခုတို့ကို KIAu ဝင်တိုက်ခဲ့ပြီး ပြည်သူ့စစ်စခန်း၌ အာဏာသိမ်းစစ်တပ်မှ အင်အားအများအပြားရှိနေသည့်အတွက် ကလာရောက်တိုက် ခိုက်ခဲ့ခြင်းကြောင်းဖြစကြောင်း ဒေသခံများက ပြောသည်။
တိုက်ပွဲဖြစ်ပွားချိန် တစ်နာရီခန့်ကြာမြင့်ခဲ့ပြီးနောက် လက်နက်ကြီးများနှင့် အပြန်အလှန်ပစ်ခတ် ခဲ့ကြောင်းသိရသည်။
Published
Monday, May 31, 2021
ပူတာအိုတွင် စစ်ရေးလှုပ်ရှားလာသည့် စစ်ကောင်စီတပ် ယာဉ်တန်းကို KIA ထပ်မံတိုက်ခိုက်