စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမီး၏အကိုဖြစ်သူ အထူးကုခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာဇရှိန် (Dr. Za chhinga) ၏ မျက်စိနှင့်လက်တွင် ကျည်ဆံထိမှန်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး မကွေးမြို့တွင် တာဝန်ထမ်းဆောင်နေသည့် အထူးကုခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာဇရှိန်သည် ခရိုင်ဂေါက်သီးရိုက်ပြိုင်ပွဲတွင်ပါဝင်ကာ မေ ၂၆ ညနေ ၉ နာရီဝန်းကျင်ခန့်က ကားဖြင့် နေအိမ်သို့ အပြန်လမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဘယ်ဘက်မျက်စိနှင့် ဘယ်လက်မောင်းတွင် ကျည်ဆံထိမှန်ခဲ့ခြင်းဖြစ်ကြောင်း သူ၏နီးစပ်သူများထံမှ သိရသည်။
ယခုလက်ရှိတွင် နေပြည်တော် ပြည်သူ့ဆေးရုံ ICU တွင် ကုသမှုခံယူလျက်ရှိပြီး အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေတွင်မရှိသော်လည်း ကျည်ဆံထိမှန်သည့်မျက်စိမှာ စိုးရိမ်ဖွယ်ရှိကြောင်း သိရသည်။
Published
Friday, May 28, 2021
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်မှုကြောင့် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမီး၏အကို အထူးခွဲစိတ်ဆရာဝန်ကြီး၏ မျက်စိနှင့်လက်အား ကျည်ဆံထိမှန်ခဲ့