ပြည်သူများ လုံးဝထိခိုက်မှုမရှိရေး သတိကြီးစွာထားလှုပ်ရှားရန် မွန်ပြည်နယ်ရှိ တော်လှန်ရေးအဖွဲ့စည်းများအား RFDC တိုက်တွန်း

ပြည်သူများ လုံးဝထိခိုက်မှုမရှိရေး သတိကြီးစွာထားလှုပ်ရှားရန် မွန်ပြည်နယ်ရှိ တော်လှန်ရေးအဖွဲ့စည်းများအား RFDC တိုက်တွန်း

ပြည်သူများ လုံးဝထိခိုက်မှုမရှိရေး သတိကြီးစွာထားလှုပ်ရှားရန် မွန်ပြည်နယ်အတွင်းရှိ တော်လှန်ရေးအဖွဲ့စည်းများအား ရာမညဖက်ဒရယ်ဒီမိုကရက်တစ်ကော်မတီ (Rehmonnya Federal Democratic Committee) က တိုက်တွန်းအကြံပြုချက် ထုတ်ပြန်ကြေညာခဲ့သည်။

RFDC အနေဖြင့် ထိုကြေညာချက်ကို မေ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး လက်နက်မဲ့ပြည်သူများ၊ ကျောင်းများနဲ့ ဝတ်ပြုကိုးကွယ်ရာနေရာများကို ထိခိုက်စေတဲ့ မည်သည့်အဖွဲ့အစည်းကိုမဆို ပြင်းထန်စွာရှုံ့ချကြောင်း ရေးသားထားခဲ့သည်။

ပြည်သူတွေရဲ့ လွတ်လပ်ရေး၊ တန်းတူညီမျှရေးနဲ့ တရားမျှတရေးတို့အတွက် တိုက်ပွဲဝင်နေသော တော်လှန်ရေးအဖွဲ့စည်းများအနေဖြင့် လူသားလုံခြုံရေးကို အလေးပေးကာ နိုင်ငံတကာစာချုပ်များ၊ သဘောတူညီမှုများကိုလည်းကောင်း၊ တော်လှန်ရေးကျင့်ဝတ် လက်နက်ကိုင်ကျင့်ဝတ်များကို လည်းကောင်း၊ လေးစားလိုက်နာကြလျက် ကျောင်း၊ ဆေးရုံနဲ့ ဝတ်ပြုကိုးကွယ်ရာနေရာတွေကို ထိခိုက်မှုမဖြစ်စေရေး ရှောင်ရှားကြရန်နှင့် လက်နက်မဲ့ပြည်သူများကို လုံးဝထိခိုက်မှုမရှိစေရန် သတိကြီးစွာထား၍ လှုပ်ရှားကြရန် ယင်းကြေညာချက်တွင် တောင်းဆိုဖော်ပြထားသည်။

မိမိတို့အနေဖြင့် လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်း၊ တရားမျှတခြင်းအတွက် တိုက်ပွဲဝင်နေခြင်းသာဖြစ်‌သည်ကို အစဉ်သတိရကာ နှလုံးသွင်းထားရန်တိုက်တွန်းကြောင်း ဖော်ပြထားသည်။

မြို့နယ်အသီးသီးတွင် မိမိတို့ဆန္ဒအလျောက် စုဖွဲ့ထားကြသော ပြည်သူ့ကာကွယ်ရေးအဖွဲ့များအပါအဝင် အခြားသော အစုအဖွဲ့များကလည်း မိမိတို့ပြုလုပ်ခဲ့သော တိုက်ခိုက်မှုများကို သတင်းထုတ်ပြန်ပေးပြီး တာဝန်ယူမှု တာဝန်ခံမှု အပြည့်ပြသပေးကြရန်လည်း တိုက်တွန်းထားသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...