မွန်ညီညွတ်ရေးပါတီမှ နုတ်ထွက်ခဲ့သူတချို့ စုပေါင်း၍ မွန်ရေးရာအဖွဲ့ဖွဲ့စည်း

မွန်ညီညွတ်ရေးပါတီမှ နုတ်ထွက်ခဲ့သူတချို့ စုပေါင်း၍ မွန်ရေးရာအဖွဲ့ဖွဲ့စည်း
by -
စိုင်းထွန်းစံ (MNA)

မွန်ညီညွတ်ရေးပါတီ MUP မှ နုတ်ထွက်ခဲ့သူတချို့ စုပေါင်း၍ မွန်တိုင်းရင်းသားလူမျိုးများအတွက် ရည်ရွယ်ပြီး မွန်ရေးရာအဖွဲ့သစ်တစ်ခုကို မေ ၂၃ ရက်က စတင်ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

 

အဆိုပါ မွန်ရေးရာအဖွဲ့ကို မွန်ပြည်နယ်အခြေစိုက်အဖြစ် ဖွဲ့စည်းတည်ထောင်သွားမည်ဖြစ်ပြီး ဒေသအသီးသီး နယ်ပယ်အရပ်ရပ်မှ မွန်တိုင်းရင်သားလူမျိုးများ ပါဝင်လာနိုင်အောင် မြို့နယ်၊ ရပ်/ကျေးအဆင့်သို့တိုင် ဖွဲ့စည်တည်ထောင်သွားမည်ဖြစ်ကြောင်း ဦးဆောင်လှုပ်ရှာသူ နိုင်မွန်ရာဇာက ပြောသည်။

 

နိုင်မွန်ရာဇာက “မွန်ရေးရာအဖွဲ့ရဲ့ ဆွဲထားတဲ့မှုကြမ်းကို ပြန်လည်ဆွေးနွေးမယ်၊ ညှိနှိုင်းမယ်။ နောက်သုံးသပ်ပြီးတော့ အတည်ပြုမယ်ပေါ့နော်။ အဲ့တာတွေ ဖြစ်လာတဲ့အခါကျတော့ ဗဟိုကနေ မြို့နယ်အဆင့်ကို နောက်ပြီး ရပ်/ကျေးအဆင့်ကို ဒီတည်ထောင်သူတွေက စုပေါင်းဦးဆောင်ပြီးတော့ နယ်တွေဆင့်ပြီးဖွဲ့စည်းမည့် လုပ်ငန်းစဉ်တော့ရှိတယ်” ဟု ပြောသည်။

 

မွန်ရေးရာအဖွဲ့အနေဖြင့် လက်ရှိတွင် နိုင်ငံရေးအင်အားစုမှ အနားယူထားသည့်သူများက ဦးဆောင်ဖွဲ့စည်းထားခြင်းဖြစ်ပြီး ကွဲပြားနေသည့် မွန်အင်အားစုများကို စုစည်းကာ မွန်တိုင်းရင်းသားရေးရာများကို လုပ်ဆောင်သွားမည်ဟု ဆိုသည်။

 

“မွန်ရေးရာအဖွဲ့မှာ ကနဦးတည်ထောင်သူထဲမှာ ပြန်ကြည့်လိုက်တော့ ပါတီကနေ နုတ်ထွက်တဲ့သူတွေက များတဲ့သဘောမှာရှိတယ်။ အမှန်ကျတော့ အဲ့ဒီပုံစံမျိုးမဟုတ်ဘူး ဒီမွန်ရေးရာအဖွဲ့က ရည်ရွယ်ချက် ငါးချက် ဦးတည်ပြီးတော့လုပ်မယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

မွန်ရေးရာအဖွဲ့ ဖွဲ့စည်းရသည့် ရည်ရွယ်ချက်အနေဖြင့် မွန်တစ်မျိုးသားလုံးနှင့်ပတ်သက်သည့် ကဏ္ဍများကို ပိုမိုတိုးတက်အောင်မြင်နိုင်စေရန်အတွက် စုပေါင်းပြီး ဆောင်ရွက်သွားနိုင်ရန်၊ ပြန့်ကျဲနေသည့် မွန်အင်အားစုများကို စုပေါင်းဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

ထို့ပြင် မွန်စာပေယဉ်ကျေးမှု အနုပညာများနှင့်ပတ်သက်၍ စင်တာမျိုးလုပ်ဆောင်ရန်ရှိကြောင်း၊ အဖွဲ့စည်းအနေဖြင့် စာပေသင်ကြားရေး၊ မွန်စာပေယဉ်ကျေးမှု၊ ကျန်းမာရေး၊ သုတေသနလုပ်ဆောင်မှုများနှင့် အခြား လူမှုရေး ပရဟိတလုပ်ငန်းများ စသည်တို့ လုပ်ဆောင်သွားရန်ရှိကြောင်း ၎င်းထံမှ သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...