ကန်ပက်လက်တွင် စစ်ကောင်စီက ဘုရားကျောင်းအလှူငွေများကို လုယူ၊ ဖမ်းဆီးသွားသည့်လူငယ်နှစ်ဦးကိုလည်း ယခုအချိန်ထိ ပြန်မလွှတ်သေး

ကန်ပက်လက်တွင် စစ်ကောင်စီက ဘုရားကျောင်းအလှူငွေများကို လုယူ၊ ဖမ်းဆီးသွားသည့်လူငယ်နှစ်ဦးကိုလည်း ယခုအချိန်ထိ ပြန်မလွှတ်သေး

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ၆ မိုင်ကျေးရွာမှ လူငယ်နှစ်ဦးကို မေ ၂၂ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ယခုအချိန်ထိ ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း သိရသည်။

 

“လူငယ်နှစ်ယောက်ကို ဖမ်းသွားကြတယ်။ သူတို့က လမ်းဘေးမှာ ဖုန်းသုံးနေတာ သွားစစ်ဆေးပြီးမှ ဖုန်းထဲမှာ မင်္သကာစရာတွေ့လို့ဆိုပြီးမှ ဖမ်းသွားတယ်။ သုံးယောက်ထိုင်နေတာ တစ်ယောက်ကတော့ လွတ်တယ်။ ထွက်ပြေးလို့၊ အခုထိတော့ ပြန်မလွှတ်ကြသေးဘူး” ဟု ကန်ပက်လက်မြို့ခံတစ်ဦးက ပြောသည်။

 

အဖမ်းခံရသော လူငယ်နှစ်ဦးမှာ ကိုနိုင်းမလာနှင့် ကိုလွန်းကီးတို့ဖြစ်ကြပြီး လက်ရှိတွင် ကန်ပက်လက်မြို့ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

 

ပြီးခဲ့သည့် မေ ၂၁ ရက်ကလည်း စစ်ကောင်စီတပ်ဖွဲ့က ကန်ပလက်မြို့မှ နှစ်မိုင်ကျော်ကျော်ခန့်ဝေးသော ရဲလောင်းပန်းကျေးရွာတွင် ဧည့်စာရင်းဝင်စစ်ကာ အိမ်ထောင်စုစာရင်းများ စစ်ဆေးခြင်း၊ အလုပ်အကိုင် မေးမြန်းခြင်းအပြင် တချို့မှတ်ပုံတင်များနှင့် ဘုရားကျောင်းအလှူငွေများကိုလည်း ယူဆောင်သွားကြသည်ဟု ဆိုသည်။

 

ကန်ပက်လက်မြို့တွင် ယခုရက်ပိုင်းအတွင်း အာဏာသိမ်းစစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား ပစ်ခတ်မှုမရှိသော်လည်း မြို့ခံအများစုသည် ထွက်ပြေးတိမ်းရှောင်နေကြရဆဲဖြစ်ပြီး စစ််ကောင်စီတပ်ဖွဲ့များကလည်း စာသင်းကျောင်း၊ ရဲစခန်း၊ လူမှုဝန်ထမ်းရုံးတို့တွင် တပ်စွဲထားကာ ညအချိန်တွင်လည်း သေနတ်ဖောက်သံများ ကြားနေရကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...