ကလေးမြို့ အောင်ဇေယျရပ်ကွက် အ.ထ.က (၆) ကျောင်းနားတွင် မေ ၂၄ ရက် မနက် ၉ နာရီ ၂၀ ဝန်းကျင်က အသံဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး အာဏာသိမ်းစစ်ကောင်စီအဖွဲ့များမှ ၎င်းဖြစ်ပွားမှုကြောင့် သေနတ်မိုးပေါ်ထောင်ပစ်ဖောက်ကြောင်း ၎င်းတို့အနီးအနားတွင် နေထိုင်သူတစ်ဦးထံမှ သိရသည်။
"အသံဗုံးပေါက်ကွဲမှုဖြစ်တယ်။ စစ်သားတွေက မနေ့ (မေ ၂၃ ရက်) ကတည်းက အဲဒီမှာနေရာယူထားပြီးသား။ ဒီနေ့ ကျောင်းစအပ်ရမယ့်နေ့ဆိုတော့ ပေါက်ကွဲမှုဖြစ်တော့ သူတို့စစ်သားတွေက သေနတ်ခြောက်ချက်လောက်ပစ်ဖောက်တယ်။ လူတွေကြောက်အောင်လို့နေမှာပေါ့၊ ပစ်ဖောက်တာ ကတော့ မိုးပေါ်ထောင်ပစ်ဆိုတော့" ဟု ၎င်းတို့အနီးအနားတွင် နေထိုင်သူတစ်ဦးက ပြောသည်။
အာဏာသိမ်းစစ်ကောင်စီက သေနတ်ပစ်ဖောက်ခြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်းနှင့် မသင်္ကာမှုဖြင့် ဖမ်းဆီးသူများလည်းမရှိကြောင်း သိရသည်။
အဆိုပါကျောင်းသည် ကလေးမြို့တွင် Non-CDM အများဆုံးကျောင်းဟု လူအများကသိကြပြီး Non-CDM အယောက်သုံးဆယ်နီးပါးရှိကြောင်း သိရသည်။
Published
Tuesday, May 25, 2021
ကလေးမြို့ အ.ထ.က (၆) အနီး အသံဗုံးပေါက်ကွဲခဲ့ပြီး စကစတပ်သားများမှ သေနတ်များပစ်ဖောက်