ကချင်လူငယ်တက်ကြွလှုပ်ရှားသူ ဆိုင်းနူးပန်နှင့် လွမ်းဇောင်း အကြမ်းဖက်ဖမ်းဆီးခံရ

ကချင်လူငယ်တက်ကြွလှုပ်ရှားသူ ဆိုင်းနူးပန်နှင့် လွမ်းဇောင်း အကြမ်းဖက်ဖမ်းဆီးခံရ
by -
ခေါင်ညွယ် (KNG)

ကချင်လူငယ်တက်ကြွလှုပ်ရှားသူ ဆိုင်းနူးပန်နှင့် လွမ်းဇောင်းတို့နှစ်ဦးကို ယနေ့ (မေ ၂၁ ရက်) နေ့လည်ခန့်က အကြမ်းဖက်စစ်သားများက ကားဖြင့်တိုက်ကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

 

ဆိုင်းနူးပန်၏ အဘိုးအသုဘအခမ်းအနားသွားသည့် ခရီးစဉ်တွင် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ဆိုင်းနူးပန်နှင့် လွမ်းဇောင်းအပါဝင် ကားတစ်စီးတွင်ပါလာသော အခြားလူငယ် ၂ ဦးလည်း ဖမ်းဆီးခံရကြောင်း သိရသည်။

 

"အသုဘသွားတဲ့လမ်းမှာ သေနတ်ပစ်ပြီးမှ တိုက်ပြီး ဖမ်းခေါ်သွားတယ်တဲ့" ဟု နီးစပ်သူတစ်ဦးက ပြောသည်။

 

ထို့အပြင် ထိုဖြစ်စဉ်ကိုတွေ့မြင်သော လူတစ်ချို့ကိုလည်း ရိုက်နက်သွားသည်ဟု ဆိုသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...