ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲ ချင်းပါတီ တက်မည်မဟုတ်

ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲ ချင်းပါတီ တက်မည်မဟုတ်

အာဏာသိမ်းစစ်ကောင်စီက ပြန်လည်ဖွဲ့စည်းထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများတွေ့ ဆုံပွဲအစည်းအဝေးသို့ ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချုပ် CNLD ပါတီတက်ရောက်မည်မဟုတ်ကြောင်း သိရသည်။

CNLD ပါတီအလုပ်မှုဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဆလိုင်းပီပီက "သွားရေးလာရေး လုံခြုံရေးကအစ အခက်အခဲဖြစ်နေလို့ မတက်ရောက်ပါ" ဟု ပြောသည်။

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မေ ၂၁ ရက်တွင် နိုင်ငံရေးပါတီအသီးသီးတို့နှင့် တွေဆုံညှိနှိုင်းစည်းဝေးပွဲပြုလုပ်ရန် မေ ၁၀ ရက်ကတည်းက နိုင်ငံရေးပါတီအသီးသီးကို ဖိတ်ကြားခဲ့သည်။

 

စစ်အာဏာသိမ်းပြီးနောက် အသစ်ပြန်လည်ဖွဲ့စည်းလိုက်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၆ ရက်ကလည်း နိုင်ငံရေးပါတီအချိူ့နှင့် တွေ့ဆုံမှုပြုလုပ်ခဲ့ပြီးဖြစ်ကာ ချင်းနိုင်ငံရေးပါတီထဲမှ ZNRDP တစ်ပါတီသာလျှင်တက်ရောက်ခဲ့သည်။

 

အဆိုပါပထမအကြိမ်တွေ့ဆုံပွဲတွင် နိုင်ငံရေးပါတီ ၉၁ ရှိသည့်အနက် ၅၃ ပါတီတက်ရောက်ခဲ့ကြပြီး အခြား ၃၈ ပါတီမှာ မတက်ရောက်ဘဲ သပိတ်မှောက်ခဲ့ကြသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...