တီးတိန်မြို့ ယနေ့ညပိုင်း ပစ်ခတ်မှုဖြစ်ပွားပြီး လူငယ်တစ်ဦးကျဆုံး တစ်ဦးစိုးရိမ်ရ

တီးတိန်မြို့ ယနေ့ညပိုင်း ပစ်ခတ်မှုဖြစ်ပွားပြီး လူငယ်တစ်ဦးကျဆုံး တစ်ဦးစိုးရိမ်ရ

ချင်းပြည်နယ်၊ တီးတိန်မြို့တွင် မေ ၁၆ ရက် ည ၈ နာရီခွဲခန့်က ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူငယ်တစ်ဦးသေဆုံးကာ တစ်ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင်ရှိနေကြောင်း သိရသည်။

 

"အသေးစိတ်တော့ ဘယ်လိုဖြစ်တာလည်း မသိသေးဘူး။ ဒါပေမယ့် ခုဆုံးတဲ့သူက သူ့ဟာနဲ့သူသွားနေတဲ့သူ။ အဲဒါကို စစ်ကောင်စီဖက်က ပစ်တယ်လို့သိရတယ်။ ဗုံးပေါက်ကွဲတာ တစ်ချို့လည်းရှိတယ် ဒီညမှာပေါ့။ နောက်တစ်ယောက်က ခေါင်းကို ဘေးကနေထိသွားတယ်ပြောတယ်။ သူလည်း တော်တော်ဆိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်" ဟု မြို့ခံတစ်ဦးက ပြောသည်။

 

တီးတိန်မြို့တွင် မေ ၁၆ ရက် ညပိုင်းက ပစ်ခတ်မှုနှင့် ပေါက်ကွဲမှုအချို့ဖြစ်ပွားခဲ့ပြီး အသေးစိတ်မသိရှိရသေးဘဲ လက်ရှိချိန်တွင်လည်း စစ်ကောင်စီတပ်များက မြို့ထဲတွင် လှည့်လည်သွားလာနေကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...