စစ်ကောင်စီက မင်းတပ်ကို လက်နက်ကြီးဖြင့် အကြိမ် (၆၀) ထက်မနည်းပစ်ခတ်ပြီး မြို့ပေါ်လူနေအိမ်များကို ချိူးဖျက်ကာ အမျိုးသားမှန်သမျှ ဖမ်းဆီးနေ

စစ်ကောင်စီက မင်းတပ်ကို လက်နက်ကြီးဖြင့် အကြိမ် (၆၀) ထက်မနည်းပစ်ခတ်ပြီး မြို့ပေါ်လူနေအိမ်များကို ချိူးဖျက်ကာ အမျိုးသားမှန်သမျှ ဖမ်းဆီးနေ

စစ်ကောင်စီက မင်းတပ်မြို့ပေါ်ရှိ ပြည်သူများအိမ်တွင်း ထွင်းဖောက်ပြီး အမျိုးသားမှန်သမျှ ဖမ်းဆီးမှုများရှိကြောင်း မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ထို့ပြင် မြို့ထဲကို စစ်ကောင်စီ၏တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများပြုလုပ်ဆဲဖြစ်ကြောင်း သိရသည်။

 

"မြို့ထဲက အိမ်တွေ ခြေထောက်နဲ့ကန်ဖွင့် ဖျက်ဆီးဖွင့် အဲဒီမှာ ယောကျာ်းဘယ်သူရှိလဲ။ ဘာတွေရှိလဲ။ ရှိရှိသမျှ ဖမ်းတဲ့သဘောရှိနေတော့ ကျွန်တာ်တို့လည်း တောထဲပြေးနေရတဲ့သဘောရှိတယ်။ အဲလိုဖမ်းတော့ ယောကျာ်းမှန်သမျှတော့ တောထဲပြေးနေရတယ်။ မြို့ထဲမှာ သက်ကြီးပိုင်းနဲ့ ကလေးသူငယ် အမျိုးသမီးများလောက်သာကျန်တယ်" ဟု ၎င်းကပြောသည်။

 

မင်းတပ်မြို့ထဲရှိ ဖမ်းဆီးခံရသူများကိုလည်း အာဏာသိမ်းစစ်ကောင်စီက လူသားဒိုင်းကာအဖြစ်ထားပြီး မြို့ထဲတွင် Sniper သမားနှင့် ပတ်နေရကြောင်း ၎င်းကဆက်လက်ပြောသည်။

 

ယခုချိန်တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့များ၏ ကုန်းလမ်းမှလာသမျှကို တားဆီးနိုင်သော်လည်း ရဟတ်ယာဉ်ဖြင့် တစ်နေ့ထဲတွင် အခေါက် ၃၀ လောက်သယ်ယူပြီး မြို့ထဲတွင် လက်နက်များနှင့်စစ်သားများ တပ်ဖြန့်ထားကြောင်း သိရသည်။

 

မင်းတပ်မြို့ကို မနက် ၇ နာရီမှ အာဏာသိမ်းစစ်ကောင်စီအဖွဲ့များက မကွေးတိုင်း ကျောက်ထုမှ အမြှောက်တပ်ဖြင့် အဆက်မပြတ် အမြှောက်ကြီးဖြင့် ပစ်ခတ်နေရပြီး အကြိမ် (၆၀) ခန့်ရှိမည်ဟုလည်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

အများပြည်သူများနေထိုင်သည့် မြို့လယ်လူနေအိမ်ထဲအထိ လက်နက်ကြီးများကျကာ ကလေးသူငယ်များနှင့် အမျိုးသား အမျိုးသမီးအချို့ ထိခိုက်မှုများလည်းရှိသည်။

 

မြို့ထဲ လမ်းသွားလမ်းလာသမျှကိုလည်း စနိုက်ပါနှင့် ပြည်သူတွေကို တောက်လျှောက်ပစ်ခတ်နေကြောင်း သိရသည်။

 

“သူတို့လုပ်ရက်က KNU KIA AA တို့လိုမျိုး အင်အားကြီးတဲ့ လက်နက်အဖွဲ့ကိုယ်တောင်မှ တစ်နေ့ထဲ ရဟတ်ယာဉ် အခေါက် ၂၀/၃၀ သုံးတာ မရှိဘူး။ မြို့ထဲမှာ ရမ်းသန်းပြီးမှ တကယ်လက်နက်ကြီးတွေကို ၆၀/၇၀ လောက် တနေကုန်နီးပါးပစ်ပြီးမှ ရက်စက်တာမျိုးမရှိဘူး။ ဆိုတော့ ဒီလောက်လူမျိုးလေးကို လူမျိုးတုန်းသတ်ဖြတ်ပါစေလို့၊ သေချာသေပါစေလို့၊ အကုန်လုံး အစွမ်းကုန်လုပ်နေတဲ့သဘောဖြစ်နေတယ်။ အဲလိုမျိုးအခြေအနေနဲ့ ကျွန်တော်တို့ ကြုံနေရတယ်။ ဒါပေမဲ့ ကျွန်တော်တို့တပ်တွေက နောက်မဆုတ်သွားဘူး။ အားလုံးက တော်လှန်နေရမှာပဲ ပြန်လာဖို့ရှိတယ်။ သူတို့ မကျမဆုံးမခြင်း ဆက်ပြီးတော်လှန်သွားမယ်” ဟု ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ထို့ကြောင့် ကျန်ရှိနေသည့် အခြားလက်နက်ကိုင်ညီကိုများမှလည်း ရရာနည်းဖြင့် တော်လှန်ပေးရန် ဆန္ဒပြနေရမည့်အစား လက်နက်ကိုင်ပြီး ရဲရဲတင်းတင်း တော်လှန်ပြသရမည့်အချိန်ဖြစ်ပြီး မင်းတပ်မြို့ပြည်သူများအတွက် ရုန်းကန်တိုက်ခိုက်ကူညီပေးရန် တောင်းဆိုထားကြောင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

မင်းတပ်မြို့တွင် အာဏာသိမ်းစစ်ကောင်စီနှင့် မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကြား ပစ်ခတ်ရပ်စဲမှု ပျက်ပြယ်ခဲ့ပြီးနောက် မေ ၁၂ ရက်ညမှစ၍ တကျော့ပြန်တိုက်ပွဲဖြစ်ပွားကာ အာဏာသိမ်းစစ်ကောင်စီဘက်က စစ်အင်အားအလုံးအရင်းနှင့် လက်နက်ကြီးများ၊ စစ်ရဟတ်ယာဉ်များအသုံးပြုကာ အပြင်းအထန် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...