မူဆယ်မြို့ စစ်ကောင်စီ၏တပ်ဖွဲ့ဝင်များ လိုက်ပါလာသည့်ကားတစ်စီး မြောင်းထဲထိုးကျ

မူဆယ်မြို့ စစ်ကောင်စီ၏တပ်ဖွဲ့ဝင်များ လိုက်ပါလာသည့်ကားတစ်စီး မြောင်းထဲထိုးကျ
by -
သျှမ်းသံတော်ဆင့်

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ရှိ ဖွေးဟုန်းမှ မူဆယ်အသွားလမ်းတွင် စစ်ကောင်စီ၏တပ်ဖွဲ့ဝင်များ လိုက်ပါလာသည့်ကားတစ်စီး မြောင်းထဲထိုးကျမှု မေ ၆ ရက် မနက် ၈ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့ပြီး လိုက်ပါလာသူအသီးသီး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

“သူတို့ အမြန်မောင်းလာတယ်။ ထိုးကျတဲ့နေရာက လမ်းအကွေ့ဖြစ်ပြီး ကားဘီးတစ်ဖက်က ဘီးချောပြီး ပြုတ်ကျသွားတာ။ သူတို့ထဲက ပြင်းပြင်းထန်ထန်ဒဏ်ရာရတာ တစ်ဦးတွေ့ရတယ်။ ကျန်တဲ့သူတွေတော့ အနည်းငယ်ပဲ ဒဏ်ရာရတာပါ” ဟု မျက်မြင်တစ်ဦးကပြောသည်။

 

အဆိုပါ မြောင်းထဲထိုးကျသွားသည့် စစ်ကောင်စီ၏ကားသည် ဆန္ဒပြလူငယ်များကို လိုက်လံဖမ်းဆီးသည့်ကားဖြစ်ပြီး ယနေ့တွင်လည်း ယင်းအိမ်စီးကားငါးစီးခန့်ဖြင့် မြို့ထဲတွင် လှည့်ပတ်မောင်းလျက်ရှိကြောင်း သိရသည်။

 

“သူတို့ကား မြောင်းထဲကျသွားတဲ့ချိန်မှာ ပြည်သူတွေတစ်ယောက်မှ သွားကူထုတ်တာမရှိဘူး။ သူတို့အချင်းချင်း ပြန်ဆွဲကြပြီး ချက်ချင်း ပြန်ထွက်သွားကြတယ်” ဟု မျက်မြင်တစ်ဦးကပြောသည်။

 

မူဆယ်မြို့တွင်း၌ တစ်နေ့လျှင် ကားငါးစီးခန့် ဆန္ဒပြလူငယ်များကို လိုက်လံဖမ်းဆီးပြီး တစ်စီးလျှင် တပ်ဖွဲ့ဝင် ၁၀ ဦးခန့်ပါဝင်ကြောင်း မူဆယ်ဒေသခံများက ပြောသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...