လွိုင်ကော်မြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်းများနေအိမ်ကို စစ်ကောင်စီအဖွဲ့က ဝင်ရောက်ရှာဖွေဖမ်းဆီးမှုများ ဧပြီ ၃၀ ရက် နံနက်အစောပိုင်းတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။။
အဆိုပါမြို့နယ်တွင် ဧပြီ ၃၀ ရက် နံနက်အစောပိုင်း ၃ နာရီကျော်အချိန်ခန့်က နောင်ယား (ခ) ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်းဖြစ်သည့် ခူးလောရင်းရှိုနေအိမ်ကို စစ်ကောင်စီအဖွဲ့က ခြံတံခါးရိုက်ချိုးပြီး နေအိမ်အတွင်း ဝင်ရောက်ရှာဖွေခဲ့ပေမယ့် အုပ်ချုပ်ရေးမှူးဟောင်းက နေအိမ်မှာမရှိတဲ့အတွက် ဖမ်းဆီးခံရခြင်းမရှိဘူးလို့ သိရပါတယ်။
“ဒီမနက်သွားကြည့်တော့ တော်တော်လေးဖျက်ထားတာတွေ့ရတယ်။ အိမ်ရှင်လည်းမရှိဘူး အဒေါ်တစ်ယောက်ပဲရှိတယ်ပေါ့ အသက်ကြီးနေပီ ၇၀ လောက်ရှိတယ်။ သူနှုတ်ထွက်စာတင်ပြီးတော့ ရွာမှာပဲပြန်နေတာလေ” လို့ လွိုင်ကော်မြို့ ဒေသခံတစ်ဦးက ပြောသည်။
နွားလဝိုးကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးစောဖိုးလှမင်းရဲ့နေအိမ်ကိုလည်း ဧပြီ ၃၀ ရက်၌ပင် နံနက်အစောပိုင်းတွင်လာရောက်ပြီး စစ်ဆေးစရာရှိသည်ဟုဆိုကာ ဖမ်းဆီးခေါ်သွားကြောင်း သိရသည်။
ဖမ်းဆီးခံရတဲ့ အုပ်ချုပ်ရေးမှူးဟောင်းများ၏စာရင်း ကန္တာရဝတီတိုင်း (မ်) အနေနဲ့ အတိအကျမရှိရသေးပေ။
လွိုင်ကော်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် ကာရံထားသော ပြည်သူ့လုံခြုံရေးအတားအဆီးများကိုလည်း စစ်ကား၊ ရဲကားများဖြင့် လိုက်လံဖယ်ရှားနေကြကြောင်း သိရသည်။