ဟိုပင်မြို့နှင့် ကြာကြီးကွင်းကျေးရွာကြားရှိ တ၀က်ချောင်းကူးတံတားနှင့် ရထားလမ်း မိုင်းခွဲခံရ

ဟိုပင်မြို့နှင့် ကြာကြီးကွင်းကျေးရွာကြားရှိ တ၀က်ချောင်းကူးတံတားနှင့် ရထားလမ်း မိုင်းခွဲခံရ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်မြို့နှင့် ကြာကြီးကွင်းကျေးရွာကြားရှိ တဝက်‌ချောင်းကူးတံတားနှင့် ရထားလမ်းကို ဧပြီ ၂၇ ရက် ည ၁၁ ခွဲအချိန်က မိုင်းခွဲခံရကြောင်း သိရသည်။

“ည ၁၁ နာရီကျော်လောက်မှာ ခွဲခံရတာ၊ ည တစ်နာရီကျော်အထိ သေနတ်သံတွေလည်း ကြားနေရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

မိုင်းခွဲခံရသောကြောင့် ချောင်းတံတားအောက်တချို့ ပျက်ဆီးသွားခဲ့ပြီး ရထားလမ်းမှာလည်း အောက်ခြေအုတ်များနှင့် သံလမ်းပျက်ဆီးမှုများရှိခဲ့ကြောင်း သိရသည်။

မတ် ၃၁ ရက်ကလည်း မိုးညှင်းမြို့ရှောင်လမ်းရှိ နမ့်ရင်းချောင်းကူးတံတား (ရွှေဘို - မြစ်ကြီားနား ဗျူဟာလမ်းပိုင်း) မိုင်းခွဲခံခဲ့ရပြီး အောက်ခြေအင်္ဂတေတချို့ ပျက်ဆီးခဲ့သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...