နိုင်ငံတည်ငြိမ်အေးချမ်းမှုပေါ်မူတည်၍ အာဆီယံအထူးကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံအတွင်းဝင်ခွင့်ပေးမည်ဟု အာဏာသိမ်းစစ်ကောင်စီဥက္ကဋ္ဌပြော

နိုင်ငံတည်ငြိမ်အေးချမ်းမှုပေါ်မူတည်၍ အာဆီယံအထူးကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံအတွင်းဝင်ခွင့်ပေးမည်ဟု အာဏာသိမ်းစစ်ကောင်စီဥက္ကဋ္ဌပြော

နိုင်ငံတည်ငြိမ်အေးချမ်းမှုအပေါ်မူတည်၍ အာဆီယံအထူးကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံအတွင်းဝင်ခွင့်ပေးမည်ဟု အာဏာသိမ်းစစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကပြောသည်။

ဧပြီ ၂၆ ရက် (ယမန်နေ့) က ပြုလုပ်သည့် စစ်ကောင်စီအဖွဲ့၏ အစည်းအဝေးအမှာစကားထဲတွင် ထိုသို့ ထည့်သွင်းပြောကြားခဲ့ကြောင်း ၎င်းတို့၏အာဘော် သတင်းစာစောင်တစ်စောင်ဖြစ်သည့် ကြေးမုံသတင်းစာက ဖော်ပြထားသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “လက်ရှိတွင် မိမိတို့အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုရှိရေးကို ဦးစားပေးဆောင်ရွက်နေသောကြောင့် ပြည်တွင်းတည်ငြိမ်မှုအပေါ်မူတည်ပြီးမှသာ အာဆီယံမှအဆိုပြုသည့် မြန်မာနိုင်ငံသို့လာရောက်လိုသည့် ခရီးစဉ်များကို စဉ်းစားသွားမည်ဖြစ်” ဟု ကြေးမုံသတင်းစာထဲတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင်ပြုလုပ်ခဲ့သည့် မြန်မာအရေးအတွက် အာဆီယံခေါင်းဆောင်များ၏ အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ပြဿနာများကို ပြေလည်အောင်ဖြေရှင်းရန်အတွက် အာဆီယံမှ ကိုယ်စားလှယ်အဖွဲ့တစ်ခု မြန်မာနိုင်ငံသို့ လာ ရောက်မည့်ကိစ္စကို ၎င်းအနေဖြင့် မကန့်ကွက်ကြောင်း အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောခဲ့သည်ဟု သိရသည်။

ထိုသို့ပြောဆိုခဲ့သော်လည်း ဧပြီ ၂၆ ရက် (ယမန်နေ့) က ပြုလုပ်သည့် စစ်ကောင်စီအဖွဲ့၏ အစည်းအဝေးအမှာစကားထဲတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတည်ငြိမ်အေးချမ်းမှုအပေါ်မူတည်ပြီးမှသာ အာဆီယံအထူးကိုယ်စားလှယ်အဖွဲ့အား နိုင်ငံအတွင်းသို့ ဝင်ခွင့်ပေးမှုကို စဉ်းစားသွားမည်ဟု ပြောဆိုခဲ့သည်။

ဧပြီ ၂၄ ရက်က ပြုလုပ်ခဲ့သည့် အာဆီယံအစည်းအဝေးအပြီး ခေါင်းဆောင်များမှ ပူးတွဲဘုံသဘောတူညီချက် ငါးချက်ကို ထုတ်ပြန်ခဲ့ပြီး အဆို ပါအချက်များမှာ အကြမ်းဖက်လုပ်ရပ်မှန်သမျှကို ချက်ချင်းရပ်တန့်ရေး၊ သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံး တွေ့ဆုံဆွေးနွေးရေး၊ တွေ့ဆုံဆွေးနွေးရေးကို အာဆီယံအထူးကိုယ်စားလှယ်က ကြားဝင်အကျိုးဆောင်စေ့စပ်ပေးရေး၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးနှင့် အာဆီယံအထူးကိုယ်စားလှယ်များက မြန်မာပြည်တွင်းသို့လာရောက်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးနှင့် တွေ့ဆုံရေးတို့ဖြစ်သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...