အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပေါ် ချင်းပါတီနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ သဘောထားအမြင်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပေါ် ချင်းပါတီနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ သဘောထားအမြင်

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH သည် ဧပြီ ၁၆ ရက်က အမျိူးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) ကိုဖွဲ့စည်းခဲ့သည်။ ယင်းသို့ ဖွံစည်းသည့်အပေါ် ချင်းနိုင်ငံရေးပါတီများ၊ ချင်းအရပ်ဘက်အဖွဲ့အစည်းများ၏ သဘောထားအမြင်ကို စုစည်းတင်ဆက်ဖော်ပြလိုက်ရပါသည်။

ဆလိုင်းကျဲအိုဘိခ်ထောင် (အတွင်းရေးမှူး - ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)

“နံပတ် (၁) ချက်ကတော့ သူတို့ရဲ့ ဖွဲ့စည်းတဲ့ဖွဲ့စည်းမှုထဲမှာ တိုင်းရင်းသားအဖွဲ့အစည်းတွေ တိုင်းရင်းသားတွေပါဝင်မှု အခန်းကဏ္ဍတွေ မြင့်မားနေတယ်။ ဆိုတော့ နိုင်ငံတော်အစိုးရအကြီးအကဲ အမြင့်ဆုံး အာဏာပိုင်ပုဂ္ဂိုလ်ထဲမှာ တိုင်းရင်းသားတွေပေးတယ်။ နေရာပေးတယ်ဆိုကတည်းက တော်တော်လေးကို အပြုသဘောဆောင်တဲ့အရာလို့မြင်တယ်။ ဒုတိယကတော့ ဒီတိုင်းပြည်မှာ ပြည်သူလူထုက လက်ရှိအချိန်မှာ ပြည်သူလူထုကမျှော်လင့်နေတဲ့လိုလားနေတဲ့အရာက အရပ်သားအစိုးရ။ အရပ်သားအစိုးရကို လိုလားနေကြတယ်။ ပြည်သူလူထုက လိုလားတဲ့ဟာကို ဖော်ဆောင်ပေးတယ်ဆိုကတည်းက ဒါ ကြိုဆိုရမယ့်အရာပဲ ကျွန်တော်တို့ အမြဲတမ်းပြောသလို ၂၀၂၀ ရွေးကောက်ပွဲဟာ တချို့အပိုင်းလေးတွေမှာ မဲမသမာမှုလေးတွေ တချို့ဟာတွေရှိပေမဲ့ ခြုံငုံကြည့်တဲ့အခါမှာ ဒီရွေးကောက်ပွဲဟာ အတန်အသင့် Free and Fair ဖြစ်ပါတယ်။ အဲဒါကြောင့် မည်သူမဆို ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အသိမှတ်ပြုဖို့လိုအပ်သလို ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို လေးစားလိုက်နာဖို့လိုတာပေါ့။ ဒါ ကျွန်တော်တို့ တိုင်းရင်းသားအတိုက်ခံနိုင်ငံရေးပါတီတစ်ရပ်တောင်မှ အဲလို ကျွန်တော်တို့မြင်တယ်ဆိုတော့ အဲဒီရလဒ်အရ ၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ အစိုးရဖွဲ့ဖို့ကတော့ NLD ပါတီဦးဆောင်ပြီးဖွဲ့ဖို့က သူတို့မှာတာဝန်ရှိတယ်လေ။ ပြည်သူလူထုက အဲဒီတာဝန်ကိုပေးထားတာကို အဲဒီတာဝန်ကို သူတို့ တာဝန်ကျေပွန်အောင်တော့ လုပ်ရမှာပေါ့။ တကယ်တကယ် အကောင်ထည်ဖော်တဲ့နေရာမှာ အကောင်ထည်ဖော်နိုင်မလား လက်တွေ့ကျသလား ဒါကတော့ နောက်ပိုင်းမှ မြင်တွေ့ရမယ့်အပိုင်းပေါ့။ လောလောဆယ်အနေအထားထိကတော့ ဒါ မှန်ကန်တဲ့ လုပ်သင့်လုပ်ထိုက်တဲ့ လမ်းကြောင်းလို့ ကျွန်တော်ကတော့မြင်တယ်"

ကိုလျန်တွောင် (ချင်းတောင်သဘာဝစောင့်ကြည့်ရေးအဖွဲ့)

“ဒီ NUG ကို ကျွန်တော်တို့ ကြိုဆိုထောက်ခံတယ်။ သူတို့အားကောင်းဖို့ ကျွန်တော်တို့ အရမ်းတောင်းတတယ်။ အားမကောင်းခင်တော့ ကျွန်တော်တို့ ပြောစရာရှိတာလည်း မပြောသေးဘူး။ ကျွန်တော်တို့ မျိုသိပ်ရတယ်ပေါ့နော်။ အားကောင်းပါစေဆိုပြီးတော့ သူ့ရဲ့အားနည်းချက်တွေ စိတ်ထဲမှာရှိနေပေမယ့် မပြောပဲနဲ့ သူ့ရဲ့အခြေအနေကို စောင့်နေတာ။ ပြီးတော့ ကျွန်တော်တို့လုပ်ပေးနိုင်တာ ကိုယ့်ဘက်က သူက လမ်းညွှန်မှုဖြစ်ဖြစ် ဦးဆောင်မှုဖြစ်ဖြစ် သူ့နောက်မှာလိုက်ဖို့က အားလုံး အဆင်သင့်ဖြစ်တာပေါ့။ ကျွန်တော်တို့က မကျေနပ်မှုကို လူထုကတော့ ဆန္ဒဖော်ထုတ်ပြီးပြီ။ တာဝန်ကျေပြီးပြီပေါ့လေ။ ဒါပေမဲ့ ဒီပြသာနာက နိုင်ငံရေးပြသာနာဖြစ်နေတဲ့အခါကျတော့ ဒီနိုင်ငံရေးပြသာနာ လူထုမကျေနပ်မှုကို ဖြေရှင်းနိုင်ဖို့အတွက်ကို နိုင်ငံရေးလမ်းကြောင်းလိုတာပေါ့နော်။ အဲဒီနိုင်ငံရေးလမ်းကြောင်းကို သယ်သွားဖို့ကျတော့ ဒီ CRPH ဖြစ်ဖြစ် ဒီနိုင်ငံရေးလမ်းကြောင်းသယ်သွားပေးမယ့် ပုဂ္ဂိုလ်က သူ (NUG) ဖြစ်နေတယ်။ ဆိုတော့ လူထုကတော့ တာဝန်ကျေပြီးပြီ။ သူ့ပခုံးပေါ်တင်ပြီးသွားပြီဆိုတော့ လူထုရဲ့ဆန္ဒကို ဆက်လက်ပြီးသယ်သွားဖို့က CRPH မှ တာဝန်ရှိတယ်လို့ ကျွန်တော်ကတော့မြင်တယ်”

ကို GS Mang (Area Peace and Development Forward)

“ဒီ National Unity Government အမျိုးသားညီညွတ်ရေးအစိုးရတစ်ရပ်အဖွဲ့ကြီး ပေါ်ပေါက်လာတာက လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေ တုံ့ပြန်တဲ့နေရာမှာ အင်မတန်ကောင်းမွန်ပြီးတော့ သင့်တော်တဲ့ဖွဲ့စည်းမှုဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့မြင်တယ်။ လက်တလော မြန်မာ့နိုင်ငံရေးအခြေအနေနဲ့ ကျွန်တော်ဒီ NUG အစိုးရကို ကြိုဆိုပါတယ်။ ထောက်ခံပါတယ်။ အားလည်းအားပေးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီချိန်မှာ မြန်မာ့နိုင်ငံရေးလိုအပ်ချက်အရ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရတစ်ရပ်ဆိုတာ ပေါ်ပေါက်ဖို့လိုတယ်။ အဲဒီအတွက် ဒီဟာမှာ လိုအပ်ချက်အရ ပေါ်ပေါက်လာတဲ့ အစိုးရဖြစ်တယ်လို့မြင်တယ် အဲဒီအတွက် ထောက်ခံတာပါ။ ကျွန်တော်တို့ အရပ်ဖက်အဖွဲ့အစည်းများနှင့်သော်လည်း ပြည်သူလူထုအနေနဲ့သော်လည်းကောင်း ကျနော်တို့ ဝိုင်းဝန်းပံ့ပိုးဖို့ အဓိကတော့ ကျွန်တော်တို့နိုင်ငံမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးအတွက် ဝိုင်းဝန်းပံ့ပိုးဖို့ သူတို့အနေနဲ့ ဦးဆောင်ပေးနိုင်ဖို့ ကျနော်မျှော်လင့်ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနလည်းဖွဲ့ပြီးပြီ ကာကွယ်ရေးဝန်ကြီးလည်းရှိပြီးပြီ။ ဒုတိယဝန်ကြီးတွေလည်းရှိပြီးပြီ။ အဓိကတော့ ကာကွယ်ရေးဝန်ကြီးဌာနရှိနေသော်လည်းပဲ သူ့မှာ တပ်မတော် ဘယ်လိုစပြီးဖွဲ့စည်းမလဲ၊ နောက်တစ်ခုက ဒီတပ်မတော်ကို ဖက်ဒရယ်ပုံစံမျိုးဖြစ်အောင် ဘယ်လိုလုပ်မလဲ၊ လက်ရှိတည်ရှိနေပြီးသား တိုင်းရင်းသားလက်နက်ကိုင်တွေ EAO တွေကို သူတို့အနေနဲ့ ဘယ်လောက်ထိ စည်းရုံးသိမ်းသွင်းနိုင်မလဲ၊ အဲဒီဟာတွေကို NUG အနေနဲ့ အများကြီး ဆက်လက်လုပ်ဆောင်ပေးစေချင်တယ်”

 

ကိုထားတွောင် (Chin MATA)

“NUG အစိုးရပေါ်လာတာကိုထောက်ခံတယ်။ ဝမ်းသာပါတယ်။ ကျွန်တော်တို့ တစ်ခုရှိတာက ဒီဟာနဲ့ပတ်သက်လို့ လူထုကထောက်ခံပြီ။ နဂိုကတည်းကလိုပဲ လူထုဘက်ကနေပြီးတော့မှ တာဝန်ကျေတယ်။ ထောက်ခံပေးတယ်။ လူထုဘက်က ၂၀၂၀ အခင်းအကျင်းမှာကတည်းက။ ဒါပေမဲ့ အဲဒီမှာ သူတို့ဘယ်လိုလုပ်လာမလဲ။ သူတို့ရဲ့တာဝန်ဖြစ်သွားပြီလို့ပြောလို့ရတယ်။ တဖက်မှာ သူတို့သည် ဒီဟာအတွက်အဓိက အရေးကြီးတဲ့အစိတ်အပိုင်းဖြစ်သွားပြီဖြစ်တဲ့အခါကျတော့ လူထုအနေနဲ့လိုလားတဲ့ ဒီမိုကရေစီအတွက်ကို သူတို့ဘယ်လိုဆောင်ကျင်းပေးမလဲ၊ ပြီးတော့ လူထုကကော ဘယ်အတိုင်းအတာကနေပါဝင်ပေးရမလဲဆိုတဲ့ ရှင်းလင်းပြတ်သားတဲ့ ကိစ္စတွေလိုအပ်တယ် ပြီးတော့ တချိန်ထဲမှာပဲ နှစ်ပေါင်း (၇၀) ကျော်ဖြစ်လာတဲ့ ပြည်တွင်းစစ်ကိစ္စတွေ အဓိကအားဖြင့် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တိုင်းရင်းသားတွေနဲ့ ဆိုင်တဲ့ကိစ္စတွေကို အမြင်မမှားဖို့လိုတယ်။ ဒီဟာနဲ့ပတ်သက်ပြီး သူတို့ ကောင်းကောင်းမွန်မွန်လုပ်ဖို့လိုတယ်လို့ ကျွန်တော်ကတော့မြင်တယ်။ အချုပ်ပြေရရင်တော့ ကြိုဆိုပါတယ်"

Most read this week

May 6, 2021
NCA အပစ်ရပ်အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST မှ လက်ရှိဖြစ်ပေါ်နေသည့်...
April 19, 2021
CRPH က ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရကို ဖွဲ့စည်းကြောင်း ဧပြီ ၁၆ ရက်က တရားဝင်...
December 31, 2020
မြန်မာတစ်နိုင်ငံလုံးတွင် တိုင်းရင်းသားရေးရာ၀န်ကြီးနေရာ ၂၉ ခု၌ ရှမ်းတိုင်းရင်းသားများကို...