Published
Saturday, April 17, 2021
မြန်မာနှစ်သစ်ကူးနေ့တွင် မိုးကုတ်မြို့ ဆန္ဒထုတ်ဖော်နေသူများကိုပစ်ခတ်ဖြိုခွင်းမှု နှစ်ဦးသေဆုံး
မြန်မာတို့၏ နှစ်သစ်ကူး အလေးအမြတ်ထားသည့် နှစ်ဆန်းတစ်ရက်နေ့တွင် မိုးကုတ်မြို့ ဆန္ဒထုတ်ဖော် နေသူများကို လိုက်လံပစ်ခတ်ဖြိုခွင်းရာ ၂ ဦးသေဆုံးကြောင်း သိရသည်။
ယနေ့ နေ့လည်ပိုင်းအချိန်က အောင်ချမ်းသာရပ်ကွက်တွင် ဆန္ဒထုတ်ဖော်နေသူများကို တပ်နှင့်ရဲက အတားအဆီးများကို ဖြတ်ကျော်လည်း လာရောက်ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ဆိုကြသည်။
သေဆုံးသွားသူများ၏ အလောင်းကို တပ်နှင့်ရဲက လက်တွန်းလှည်းဖြင့် ယူဆောင်သွားခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများအရ သိရသည်။
ယနေ့တွင် ဖမ်းဆီးခံရသူများနှင့် ဒဏ်ရရှိသူများလည်းရှိကြောင်းသိရသည်။