အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ထဲတွင် KNPP,KnPLF, KNP မှ တာဝန်ရှိသူများပါဝင်

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ထဲတွင် KNPP,KnPLF, KNP မှ တာဝန်ရှိသူများပါဝင်
by -
နော်ဒွေးအယ်ခူ (KT)

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကယန်းအမျိုးသားပါတီ (KNP) နှင့် ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွှတ်မြောက်ရေးတပ်ဦး (KnPLF) အသီးသီးမှ အကြီးအကဲပုဂ္ဂိုလ်တစ်ဦးစီကို ဒုတိယဝန်ကြီးအဖြစ် CRPH က တာဝန်ပေးလိုက်ကြောင်း သိရသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကို ဖွဲ့စည်းကြောင်း နာမည်စာရင်းနှင့်တကွ ဧပြီလ ၁၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ကယန်းအမျိုးသားပါတီ (KNP) ဥက္ကဌ ခွန်းဘီထူးကို သံယဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP မှ အမြဲတမ်းဗဟိုကော်မတီဝင် ခူးထဲဘူးကို ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး က.လ.လ.တ မှ အတွင်းရေးမှုး ဦးချစ်ထွန်းကို ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် အသီးသီးခန့်အပ်ထားသည်။

ကယန်းအမျိုးသားပါတီ အတွင်းရေးမှူးတစ်ဦးမှ "အဓိကကလည်း ပြောဆိုတဲ့ဟာတွေက အရင်ကတည်း တိုင်းရင်းသားတွေမြင်ခဲ့တဲ့ အိပ်မက်လို့ပြောရမှာပေါ့။ အခုက အမှန်အတိုင်းပြောရမယ်ဆိုရင် တစ်ပါတီပုံစံမျိုးနဲ့ပဲ အစိုးရသွားလုပ်တာထက်စာရင်တော့ ဒီညီညွတ်ရေးအစိုးရတစ်ရပ်ပုံစံမျိုးနဲ့ ကဏစုံက လူတွေပါလာနိုင်တဲ့ဟာက အနာဂတ်မြန်မာနိုင်ငံအတွက်က ပုံဖော်တဲ့နေရာမှာ ပိုလှမယ်လို့ယူဆတယ်" ဟု သုံးသပ်ပြောဆိုသည်။

နိုင်ငံတော်သမ္မတအဖြစ် ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတအဖြစ် ဒူဝါလရွီးလကို ခန့်အပ်ထားသည့်ထုတ်​​ပြန်ချက်အပြင် ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ၏ အမည်စာရင်းကို ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...