ဟုမ္မလင်းမြို့နယ်၏ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအသစ် သေဆုံးရသည့်အကြောင်းအရင်း မသိရသေး

ဟုမ္မလင်းမြို့နယ်၏ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအသစ် သေဆုံးရသည့်အကြောင်းအရင်း မသိရသေး

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ် သဖန်းကုန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်သူကို ဦးဥက္ကာကို ဧပြီ ၁၄ ရက် မနက် ၉ နာရီခန့်က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး သဖန်းကုန်းရွာခံတစ်ဦးက “အုပ်ချုပ်ရေးမှုးက အရင်က ဆန္ဒပြတဲ့လူတွေအိမ်ကို လိုက်ပြတာတွေရှိတယ် ပြီးဝောာ့ ရပ်ရွာနဲ့လဲ ပြဿနာရှိထားတယ် ဟိုအရင်နေ့တွေကဆိုရင် စစ်တပ်က သေနတ်လာပေးထားတယ်လို့ ပြောတာကြားတယ် လိုက်ဖမ်းတော့လဲ သူ့ကားနဲ့လိုက်ဖမ်းတာဆိုတော့လေ သတင်းပေးလို့ အခုလိုဖြစ်သွားတယ်လို့ ထင်ကြေးပေးနေကြတာပေါ့” ဟု ၎င်းကဆိုသည်။

နိုင်ငံတော်ကောင်စီမှ အုပ်ချုပ်ရေးမှုးခန့်ထားသည်ကို လက်မခံ‌ကြောင်း၊ စာပြန်ပို့ထား‌ကြောင်းနှင့် ဦးဥက္ကာပိုင်ဆိုင်သည့်ကားကို အသုံးပြုဖမ်းဆီးမှု တွေဖြစ်ခဲ့သော်လည်း အဆိုပါကားကို ရောင်းချထားပြီးဖြစ်ကြောင့း ၎င်းနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

အုပ်ချုပ်ရေးမှူးကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားသည့်သူများမှာ မျက်နှာဖုံများ၀တ်ဆင်ထားသည့် လူ‌ ၄ ယောက်ဖြစ်ပြီး ဆိုင်ကယ် ၃ စီးဖြင့်လာရောက်ကာ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဦးဥက္ကာမှာ နှောင်ပူအောင်ဈေးမှ ကားနှင့်ပြန်လာစဉ် ပစ်ခတ်ခံခဲ့ရကာ ကျည် ၁၇ ချက်ထိမှန်ကာ သေဆုံးခဲ့ပြီး ဦးဥက္ကာနှင့်အတူလိုက်ပါလာသူ ဦးထွန်းထွန်းဦးမှာ ကျည်ထိမှန်ခဲ့သော်လည် သေဆုံးခဲ့ခြင်းမရှိကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...