COVID-19 ကပ်ရောဂါချေးငွေနှစ်လစာကို အာဏာသိမ်းစစ်ကောက်စီက ဖိအားပေးပြန်ဆပ်ခိုင်း

COVID-19 ကပ်ရောဂါချေးငွေနှစ်လစာကို အာဏာသိမ်းစစ်ကောက်စီက ဖိအားပေးပြန်ဆပ်ခိုင်း

NLD အစိုးရက ထုတ်ချေးပေးခဲ့သည့် COVID-19 ကပ်ရောဂါချေးငွေနှစ်လစာကို အာဏာသိမ်းစစ်ကောက်စီက ဖိအားပေးပြန်ဆပ်ခိုင်းနေသည်ဟု သိရသည်။

COVID-19 ကပ်ရောဂါ၏ သက်ရောက်မှုကို ကုစားနိုင်ရေးအတွက်ဆိုကာ NLD အစိုးရက ထုတ်ချေးပေးခဲ့သည့် လစာနှစ်လစာကို ဖိအားပေး ပြန်ဆပ်ခိုင်းနေကြောင်း ပြန်ကြားရေးဝန်ကြီးဌာအောက်ရှိ CDM ဝန်ထမ်းတစ်ဦးက ပြောသည်။

အတိုးမဲ့ချေးပေးသည့် ကိုဗစ်ချေးငွေ လေးသိန်းခွဲကျော်ကို သတ်မှတ်ထားသည့် ဆိုင်းငံကာလကျော်မှသာ လစာထဲမှ အရစ်ကျပြန်ဆပ်ရန်ဖြစ်သော်လည်း CDM ဝင်သည့်အတွက်ဟုဆိုကာ ပြန်ဆပ်ခိုင်းနေကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

CDM ဝင်သဖြင့် ရာထူးမှထုတ်ပယ်သည့်စာနှင့်အတူ နေအိမ်လိုင်းခန်းကိုလဲ ပြန်အပ်ရန် စာပေးထားကြောင်း ဝန်ထမ်းလုပ်သက် ၁၆ နှစ်ရှိပြီဖြစ်သည့် ၎င်းကဆိုသည်။

"အဆုံးအထိ နိုင်အောက်တိုက်မှာပါ" ဟု ရာထူးထုတ်ပယ်စာ၊ အကြွေးတောင်းစာ၊ အိမ်ခန်းဖယ်စာ သုံးစောင် တပြိုင်ထဲရထားသူ ၎င်းကပြောသည်။

ရုံးမတက်ချင်၍ ချေးငွေ နှစ်လစာပြန်ဆပ်ပြီး ထွက်စာတင်သူအချို့ကိုလည်း ထွက်ခွင့်မပေးကြောင်း သိရသည်။

ပြန်ကြားရေးဝန်ကြီးဌာနအောက်တွင် ဝန်ထမ်း ၂၀၀၀ ကျော်ခန့်ရှိသည်အနက် ၃၀၀ ကျော်ခန့် CDM ဝင်ထားကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...