ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ထုတ်ပြန်ထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကြေညာစာတမ်းမှတစ်ဆင့် ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲနိုင်ရန်မျှော်လင့်ကြောင်း တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။
ပြီးခဲ့သည့် မတ် ၃၁ ရက်က CRPH ၏ ဖက်ဒရယ် ပဋိညာဉ်ကြေညာစားတမ်း ထုတ်ပြန်ချက်ကို ကြိုဆို ကြောင်းနှင့် အဆိုပါ ကြေညာစာတမ်းမှ တစ်ဆင့် ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ရေးဆွဲနိုင်ရန် မျှော် လင့်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF ဥက္ကဋ္ဌ ဦးသံခဲက ပြောသည်။
၎င်းက “ဒီကြိုးပမ်းမှုကလည်း အနာဂတ် ဖက်ဒရယ် ဒီမိုကရက်တစ် ပြည်ထောင်စုအတွက် လမ်းညွှန်ချက် တစ်နည်းအားဖြင့်ပြောရင် အခြေ ခံရမယ့် မူတွေ နောက်တစ်ခုကတော့ နိုင်ငံရေးဆိုင်ရာ လမ်းပြမြေပုံတွေပါ နေတယ် ဒါကြောင့် ဒီအ တိုင်းသာ အတူတကွ အလုပ်လုပ်နိုင်ကြမယ်ဆိုရင်တော့ ကျနော်တို့ နိုင်ငံအတွက် အများကြီး ကျနော်တို့ ခုနကပြောသလို တိုးတက်အောင်မြင်မှုတွေ ရှိနိုင်တယ်။ ကျနော်တို့ လိုလားတဲ့ ဒီမို ကရေစီ စံချိန်စံညွှန်းတွေ ဖက်ဒရယ်စံ ချိန်စံညွှန်းတွေကို လက်တွေ့အကောင်အထည်ဖော်ဖို့ ကျနော်တို့ လိုအပ်နေတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ တစ်ခုကိုလည်း အတူတကွ ရေးဆွဲနိုင်မယ့် အခြေအနေတွေကို ဖြစ်လာနိုင်မယ်လို့ ကျွန်တော်မျှော်လင့် ပါတယ်ဗျား” ဟုပြောသည်။
ဖက်ဒရယ်ရေးရာနှင့် ပေါ်လစီစင်တာ၏ ဒါရိုက်တာ နိုင်ဗညားမွန်ကလည်း “အခုကြေညာစာတမ်းက ကျွန်တော် နား လည်မှုအရ ပြောရရင်တော့ ကျွန်တော်တို့ အားလုံးရဲ့ အခြေခံ သဘောတူညီ ချက်ပေါ့၊ အခြေခံမူလို့ ပြောလို့ရ တယ်ပေါ့နော်။ ဒီအခြေခံမူအပေါ်မှာ မူတည်ပြီးတော့ ဒီအခြေခံ သဘောတူ ချက်မှာ အခြေခံပြီးတော့ ရှေ့ဆက် ပြီးတော့ လုပ်ဆောင်ရမယ့် လုပ်ငန်းတွေ အများကြီးရှိပါသေးတယ်။ ဆိုတော့ တစ်အချက်က ကြေညာလိုက်တဲ့ ပဋိညာဉ်စာတမ်းပေါ်မှာ အခြေခံပြီးတော့ ၂၀၀၈ အခြေခံဥ ပဒေကို ဖျက်သိမ်းလိုက်တဲ့အခါကျတော့ ဖက်ဒ ရယ်ပြည်ထောင်စု ဆိုင်ရာ အခြေခံဥပဒေကို ကျွန်တော်တို့ ဆက်လက် ပြီးတော့ ရေးဆွဲပြဌာန်းရအုံးမှာ ဖြစ်ပါ တယ်။ နောက်တစ်ချက်က ယနေ့ကာလမှာ ဒီဖက်ဒရယ် ပြည်ထောင်စု ကို သွားနိုင်ဖို့အတွက်ပေါ့။ ယနေ့ကာ လမှာ ကျတော့ ဒီ ယနေ့သွားနေတဲ့ လူထု တိုက်ပွဲ လူထု တော်လှန်ရေးကို လည်း အောင်မြင်အောင် ဘယ်လို လုပ်ဆောင်ရမလဲ ဆိုတဲ့အပိုင်းတွေ လည်း အများကြီး မူတည်လိမ့်မယ်ထင်ပါ တယ်။ ဒါကြောင့် ဒီ ၂ ချက်ကို ကျွန်တော်တို့က ဆက်လက်လုပ်ဆောင်ဖို့ လိုလိမ့်မယ်လို့ မြင်ပါတယ်” ဟုပြောသည်။
CRPH ၏ ဖက်ဒရယ် ဒီမိုကရေစိ ပဋိညာဉ် ကြေညာစာတမ်းကို နိုင်ငံရေးပါတီများ၊ လူငယ်များ၊ အမျိုးသမီးများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ သပိတ်တိုက်ပွဲတွင် ပါဝင်နေသူများ၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းအချို့မှ တာဝန်ရှိသူများက ပါဝင်ရေးဆွဲထားသည့် စာတမ်းဖြစ်သည်ဟု သိရသည်။
CRPH ၏ ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် ကြေညာစာတမ်းအပေါ် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ၏ သဘောထားနှင့် ပတ်သက်၍ ပအို့ဝ်တိုင်းရင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူး ကြီး ခွန်ဥက္ကာက ယခုကဲ့သို့ပြောသည်။
“ကျွန်တော်တို့ကတော့ အဲဒီစာချုပ်ကိုတော့ ကျွန်တော်တို့က ကြိုဆိုရုံပဲ ကြိုးပမ်းမှုအနေနဲ့ ကြိုဆိုတာပေါ့။ CPRH က ကြိုးပမ်းတယ်ဆိုတဲ့ ဟာကို အသိအမှတ်ပြုပြီးတော့ ကြိုဆိုတာပေါ့ စာချုပ်ထဲမှာ ပဋိညာဉ်ထဲမှာ ပါတဲ့ အချက်အလက်တွေက ကျနော်တို့ ဖတ်ရအုံးမယ်ခင်ဗျား။ အပြန်အလှန်ဆွေးနွေးရအုံးမယ် ဆိုတော့ အဲဒါကိုတော့ ကျွန်တော်တို့ အဲဒီ ချာတာထဲမှာပါတဲ့ ကိစ္စတွေကိုတော့ ထောက်ခံတာတို့ လက်ခံတာတို့ ကျနော်တို့ မလုပ်သေးပါဘူး။ အဲဒီချာတာကို ကြိုးစားပမ်းစား ထုတ်ပေးတယ်ဆိုတာကိုတော့ ကျွန်တော်တို့က ကြိုဆိုတာပေါ့နော်။ ချာတာပါ အကြောင်းအရာ အားလုံးကိုတော့ လက်ခံအတည်ပြုတယ်ဆိုတာကိုတော့ မဟုတ်သေးဘူး။ မရှိသေးဘူး” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောသည်။
CRPH ၏ ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်ကြေညာစာတမ်းတွင် ပါရှိသည့် အချို့အချက်အလက်များသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပေဒကို အခြေခံ၍ ဖြစ်လာသည်ကို တွေ့ရှိရသည့်အတွက် သက်ဆိုင်ရာ အင်အားစုများနှင့် ပြန်လည် ဆွေးနွေးညှိနှိုင်းသည့် လမ်းကြောင်းမှတစ်ဆင့် ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ရေးဆွဲသွားရန် ကယားဒီမိုကရက်တစ်ပါတီ KySDP အထွေထွေအတွင်းရေးမှူး ခူးသဲရယ်က တိုက်တွန်းသည်။
ခူးသဲရယ်က “ဒီ ပဋိညာဉ်တစ်ခုနဲ့ ပတ်သက်ပြီးတော့မှ ဒါနောက်ဆက်တွဲ လုပ်ဆောင်ရမယ့် ကိစ္စရပ်တွေပေါ့နော်။ ဥပမာ ဒီ အခြေခံဥပဒေနဲ့ ပတ်သက်တဲ့ဟာတွေ နောက်ဖက်ဒရယ်မူနဲ့ ပတ်သက်တဲ့ကိစ္စ အတွက်လည်း ပြန်လည်ဖိတ် ခေါ်ပြီးတော့မှ အားလုံးပါဝင်ဆွေးနွေးရေး ဆွဲတဲ့ဟာမျိုးတွေ လုပ်ရင်တော့ ပိုကောင်းမယ်လို့ ကျွန်တော်ယူဆပါ တယ်။ ဒီအချိန်မှာကတော့ ဒါ ပြောရမယ်ဆိုလို့ရှိရင် ဒီအချိန်တိုကာလ တစ်ခုကို ဖြတ်သန်းပြီး တော့မှပဲ ဒီပဋိညာဉ်စာချုပ်လို့ ပြောရမှာပေါ့နော်။ ဒီဟာနဲ့ ပတ်သက်ပြီးတော့မှ ချာတာ တွေကို ရေးဆွဲကြတာ ဖြစ်တဲ့အတွက် တစ်ချို့တော့ လိုအပ်ချက်တွေ ရှိအုံးမှာပဲ။ ဆိုတော့ တစ်ချို့ကိစ္စတွေ ဆိုလို့ရှိရင်တော့ ကျွန်တော် တို့ လေ့လာသိရသလောက်ဆိုရင် ၂၀၀၈ မှာ ပေးထားချက် တစ်ချို့လည်း ပါလာသေးတဲ့ အခါကျတော့ ဒါမျိုး တွေကလည်း မဖြစ်သင့်တဲ့ ကိစ္စဖြစ်တယ်လို့ ကျွန်တော်တို့ ကတော့ သုံးသပ်မိတယ်။ ပြောရမယ်ဆိုလို့ရှိရင် ဖက်ဒရယ် စနစ်တစ်ခုကို ပိုပြီးတော့မှ ပုံဖော်လာနိုင်တဲ့ လမ်းကြောင်း ကိုတော့ စဉ်းစာဖို့လိုမယ်လို့ ကျွန်တော်တို့ ကတော့ အဲလိုသုံးသပ်မိပါတယ်” ဟုပြောသည်။
ပြီးခဲသည့် မတ် ၃၁ ရက်က CRPH မှ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အပြီးသတ်ဖျက်သိမ်းကြောင်း ကြေညာခဲ့သည့်အပြင် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်ကြောညာစာတမ်းကိုပါ ထုတ်ပြန်ခဲ့သည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဖျက်သိမ်းကြောင်း CRPH ၏ ထုတ်ပြန်ပြောဆိုမှုများကို နိုင်ငံရေးပါတီများ၊ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၊ တက်ကြွလှုပ်ရှားသူများနှင့် ပြည်သူတစ်ရပ်လုံးက ထောက်ခံ ကြိုဆိုခဲ့ကြသည်ဟု သိရသည်။