မိုးညှင်းမြို့တွင် တပ်နှင့်ရဲက အိမ်ဝင်းထဲထိ လိုက်လံဖမ်းဆီးနေမှု ငါးဦးထိမ်းသိမ်းခံရဟုဆို

မိုးညှင်းမြို့တွင် တပ်နှင့်ရဲက အိမ်ဝင်းထဲထိ လိုက်လံဖမ်းဆီးနေမှု ငါးဦးထိမ်းသိမ်းခံရဟုဆို

မိုးညှင်းမြို့ အရှေ့စု ၂ လမ်းထဲရှိ နေအိမ်တစ်အိမ်ကို တပ်နှင့်ရဲက လူအင်အားများစွာဖြင့် ဝင်ရောက်ရှာဖွေပြီး လူငယ်တစ်ချို့ကို ဖမ်းဆီးသွားကြောင်း သိရသည်။

“ရပ်ကွက်ထဲ ရဲကားစစ်ကားအရပ်ဝတ်တွေနဲ့ အဲ့ဒီအိမ်ထဲ ဝင်ရှာနေတာမြင်ရတယ်။ ပေါ်ပေါ်ထင်ထင်လည်း မကြည့်ရဲဘူး။ ဘာရှာတွေ့လို့ဖမ်းတယ်တော့ ဂဃနဏ မသိဘူး။ အဲ့ဒီအိမ်က အရက်ရောင်းတယ်။ သူ့အမေနဲ့သူ့သားရယ် အိမ်ထဲမှာရောက်နေတဲ့ လူငယ် (၃) ယောက်ကိုပါ ဖမ်းသွားတာပဲမြင်လိုက်တယ်” ဟု ရပ်ကွက်နေသူတစ်ဦးကပြောသည်။

အဆိုပါဖမ်းဆီးမှုကို မတ် ၃ ရက်က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဒိုင်းကာအဖွဲ့တွင်ပါဝင်သော လူငယ်များဖြစ်ကြောင်း သတင်းများထွက်ပေါ်လျက်ရှိသလို လက်လုပ်မိုင်းများနှင့် ဖောက်ခွဲရေးပစ္စည်းများ တွေ့ရှိခြင်းကြောင့် ဖမ်းဆီးသွားသည်ဟုလည်း သတင်းပျံနှံလျက်ရှိကြောင်းနှင့် အခြားရပ်ကွက်များတွင်လည်း စစ်ကားများဖြင့်  တစ်လမ်းဝင်တစ်လမ်းထွက် လိုက်လံရှာဖွေမှုများပြလုပ်ခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့တွင် မတ် ၃၁ ရက်တွင် မိုးညှင်းမြို့ မြို့ရှောင်လမ်း နန့်ရင်းချောင်းတံတား မိုင်းခွဲဖျက်စီးခံရပြီး ဧပြီ ၂ ရက်တွင်လည်း မိုးညှင်းမြို့ပေါ်ရှိလူနေအိမ်သုံးခုတွင် လက်လုပ်မိုင်းများဖြင့်တိုက်ခိုက်ခံခဲ့ရပြီး နောက်ပိုင်းတွင် မိုးညှင်းမြို့တွင် လုံခြုံရေးအင်အား တိုးချဲ့ချထားမှုများရှိကြောင်း သိရသည်။

ယင်းသို့ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ ရဲသတင်းပေး/ဒလန်များကြောင့် အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူများ ဖမ်းဆီးခံနေရခြင်းဖြစ်ကြောင်း မိုးညှင်းမြို့ခံကများက ဝေဖန်ပြောဆိုနေကြသည်။

 

မိုးညှင်းမြို့တွင် မတ်လပထမအပတ်မှစတင်ကာ ပေါ်တာဆွဲသည်ဟုသော ကော်လဟာလသတင်းများ ပျံနှံမှုများကြောင့် ညနေ ၆ နာရီကျော်အချိန်မှစတင်ကာ လမ်းမများပေါ်တွင် လူသူကင်းရှင်းနေပြီး ဆိုင်ကယ်သပိတ်ကိုသာ ပျောက်ကြားလုပ်ဆောင်လျက်သာရှိကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...