၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခေါ်မာဝူကို ယနေ့ (ဧပြီ ၁ ရက်) နံနက် ၁၁ နာရီဝန်းကျင်ခန့်က ဖမ်းဆီးသွားကြောင်း အမည်မဖော်လို ဒေသခံတစ်ဦးကပြောသည်။
ဖမ်းဆီးခံရချိန် ဒေါ်ခေါ်မာဝူသည် မြစ်ကြီးနားမြို့၊ ပမ္မတီး လီဆူစာပေယဉ်ကျေးမှုဗဟိုရုံးတွင် အစည်းအဝေးပြုလုပ်နေစဉ် (စရဖ) မှ အမျိုးသား သုံးဦး လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိ ဖမ်းဆီးခံသွားရသည့် လွှတ်တော်ကိုယ်လှယ်ဒေါခေါ်မာဝူကို မည်သည့်နေရာတွင် ထိန်းသိမ်းထားကြောင်း မသိရသေးချေ။
ဒေါ်ခေါ်မာဝူသည် NLD ပါတီကို ကိုယ်စားပြု၍ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၂ တွင် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရှိခဲ့သူတစ်ဦးဖြစ်သည်။
ဖေဖော်ဝါရီ ၁ ရက် စစ်တပ်မှအာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်တွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များအား ဖမ်းဆီးမှုများပြုသော်လည်း အများစု ပြန်လည်လွှတ်ပေးခဲ့သည်။