မော်လမြိုင်မြို့ လမုတန်းရပ်မှာ ယနေ့(မတ် ၂၅ ရက်) စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်မှောက် ဆန္ဒပြနေသည့်
ကျောင်းသားပြည်သူပူးပေါင်း သပိတ်စစ်ကြောင်းကို အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်လက်နက်ကိုင် တပ်ဖွဲ့များက သေနတ်ဖြင့်ပစ်ခက်ဖြိုခွင်းခဲ့ကြောင်း သိရသည်။
ထိုသို့ အကြမ်းဖက် ပစ်ခတ်ခဲ့မှုကြောင့် ဆန္ဒထုတ်ဖော်နေသည့် ပြည်သူများထဲမှအမျိုးသမီးတစ်ဦးနှင့် အမျိုး သာနှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း နှင့်ပြည်သူ ၂၀ ခန့်ကိုလည်းဖမ်းဆီသွားတယ်လို့ သိရပြီး ဖမ်းဆီးခံရသူများကို ဒိုင်းဝန်းကွင်းနယ်မြေ ရဲစခန်းမှာထိမ်းသိမ်းထားရာ ထိုအထဲမှာ မိန်းကလေးငယ်အများစုပါဝင်နေကြောင်း သိရသည်။
ထို့ပြင် ဒိုင်ဝန်ကွင်းဈေး အနီးတွင် စစ်ကောင်စီ၏ အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့များက အိမ်စီးကားပေါ်ကမှ
သေနက် ငါးချက်ခန့် ပစ်ဖောက်သွားကြောင်း သွားရသည်။
ထို့နောက် နေ့လည် ၁၁ နာရီခန့်တွင် ရဲနှင့် စစ်သားများက ဆန္ဒပြကျောင်းသားပြည်သူများကို နှစ်ဖက်ညှပ် ပိတ်ဆို့ပြီး ရာဘာကျည်၊ အသံဗုံးတို့အပြင် ကျည်အစစ်တို့ပါ ပစ်ခက်ဖြိုခွင်းခဲ့သည်ဟု သိရသည်။
ထို့အပြင် ဒိုင်းဝန်ကွင်း လမုတန်းရပ် လမ်းမမှာရှိသည့် လက်ဖက်ရည်ဆိုင်တစ်ဆိုင်းအတွင်းက လူချို့ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး လူငယ်တစ်ဦးကိုလည်း စစ်တပ်နဲ့ရဲများ ဝင်ရောက်ရိုက်နှက်မှုကြောင့် ထိခိုက်ဒဏ် ရာများ ရရှိခဲ့ကြောင်း သိရသည်။